Thursday, February 21, 2013

မြန်မာတဦးမောင်းနှင်သောကားမှ ယဉ် ၃ စီးဆင့်ကဲတိုက်မှုဖြစ် ၊ ထိုင်းကျောင်းသား တဦးသေဆုံး

Posted by drmyochit Thursday, February 21, 2013, under | No comments


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းက မြန်မာလူငယ်တဦး မောင်းနှင်တဲ့ကားကနေ ယာဉ် ၃ စီး ဆင့်ကဲ တိုက်မှုဖြစ်ပွါးပြီး ထိုင်းကျောင်းသားတဦး သေဆုံးခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

မဲဆောက်မြို့နယ် မယ်ပရပ်ကွက်ထဲမှာရှိတဲ့ တာ့ခ် - မဲဆောက် လမ်းမကြီးပေါ်မှာ ယာဉ် ၃ စီး တိုက်မှုဖြစ်ပွါးကြောင်း သတင်းပေးပို့ချက်အရ မဲဆောက်မြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ၊ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွါးတဲ့နေရာကို ရောက်သွားတဲ့အခါမှာ ယာဉ်အမှတ် ၁၄၅၁ ကျောင်းကားပေါ်က အသက် ၁၅ နှစ်ရှိ အထက်တန်းကျောင်းသားတဦး ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးပြီး အခြား ထိခိုက်ဒဏ်ရာရတဲ့ကလေးတွေကို မဲဆောက်ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ် လို့ တာဝန်ကျ ရဲကင်းမှူးက ထိုင်းသတင်းဌာနကို ပြောပါတယ်။


ဆက်လက်စစ်ဆေးတွေ့ရှိချက်အရ တာ့ခ်မြို့ကနေ မဲဆောက်ကို ဦးတည်လာတဲ့ ငွေရောင်တိုယိုတာ ဟိုင်းလပ်ကားတစီးဟာ နတ်စင်ရှေ့က မတ်စောက်တဲ့ ကုန်းအဆင်းအရောက် အရှိန်နဲ့ အရှေ့က ပြောင်းဖူးတင် ကုန်တင်ကားတစ်စီးကို ၀င်တိုက်မိပြီး ကုန်တင်ကားကလည်း အရှေ့က ကျောင်းကြိုပို့ယာဉ်တစင်းကို တိုက်မိခဲ့ တယ်။ ဒီယဉ်တိုက်မှုကြောင့် ကျောင်းသားတဦးသေဆုံးခဲ့ပြီး အခြားကျောင်းသားငယ်တွေပါ ဒဏ်ရာအနည်းအကျဉ်းစီ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒီဗွီဘီက မဲဆောက်မြို့မရဲစခန်းကို ဒီနေ့ခင်းပိုင်းက မေးမြန်းကြည့်ရာမှာ ယာဉ်တိုက်မှု မနေ့ညနေ ၅ နာရီလောက်မှာဖြစ်ပွါးခဲ့ကြောင်း ၊ ကားအမြန်မောင်းလို့ ဖြစ်ပွါးရတာဖြစ်ပြီး ဟိုင်းလပ်တိုယိုတာ ယာဉ်အမှတ် ၆၆၃၁ မောင်းလာတဲ့ ( ထိုင်းနိုင်ငံတွင် ဆယ်နှစ်နေခွင့်ရ) တောင်ပေါ်သား ကဒ်ကိုင်ဆောင်သူ မြန်မာလူမျိုး အသက် ၂၀ နှစ်ရွယ်
မောင်လှဆိုသူကို မနေ့ညက ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဒီနေ့မှာတော့ တရားရုံးမှာ တင်စစ်ဆေးနေကြောင်း ဖြေဆိုခဲ့ပါတယ်။

ဒဏ်ရာအနည်းအကျဉ်းရခဲ့တဲ့ ကျောင်းသားငယ်လေးတွေတော့ ဒီနေ့ဘဲ အားလုံးဆေးရုံဆင်းသွားပြီလို့ ရဲစခန်းက ပြောပါတယ်။

ဒီဗွီဘီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်