Thursday, February 21, 2013

မန်ယူပေါ်တွင် တည်မှီနေသော ပရီးမီးယားလိဂ် ဂုဏ်သိက္ခာ

Posted by drmyochit Thursday, February 21, 2013, under | No comments




ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် ပရီးမီးယားလိဂ်ကို ကိုယ်စားပြု ပါဝင်နေသော မန်ယူနှင့် အာဆင်နယ်တို့
ချန်ပီယံလိဂ်မှ ထွက်ခွာရပါက ၁၇နှစ်အတွင်း အင်္ဂလိပ်ကလပ်များ မပါဝင်သော ကွာတားဖိုင်နယ် ဖြစ်လာ မည်ဖြစ်ပြီး အာဆင်နယ်မှာ အိမ်ကွင်းတွင် ဘိုင်ယန်ကို ဂိုးပြတ်ရှုံးနိမ်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်၏ အဆင့် အတန်းမှာ မန်ယူပေါ်တွင် တည်မှီနေသည်။ အက်ဖ်အေနှစ် ၁၅၀ပြည့် အထိမ်းအမှတ်အဖြစ် ယခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၀င်ဘလေကွင်း၌ ကျင်းပမည်ဖြစ်သောကြောင့် အင်္ဂလိပ်ကလပ်များ ရှုံးထွက် အဆင့်မှ ထွက်ခွာရလျှင် အင်္ဂလန်ဘောလုံး လောကအတွက် အရှက်ရဖွယ်ရှိနေသည်။


၁၉၉၅-၉၆ရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံ ဘလက်ဘန်းသည် ချန်ပီယံလိဂ် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီး အင်္ဂလိပ်ကလပ် အသင်းတစ်သင်းမျှ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ ထိုရာသီနောက်ပိုင်းတွင် ပရီးမီးယားလိဂ် ကလပ်များ ကွာတားဖိုင်နယ်သို့ အနည်းဆုံး တက်ရောက်နိုင်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် မန်ယူနှင့် ချဲလ်ဆီးတို့ All English Final အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားခဲ့ကြသည့်အပြင် ယမန်နှစ် ပြိုင်ပွဲတွင် ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်၌ ဗိုလ်စွဲခဲ့သည်။ သို့သော် ယခုရာသီတွင် ချဲလ်ဆီးနှင့် မန်စီးတီးတို့ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး အာဆင်နယ်မှာလည်း ကွာတားသို့ တက်ရောက်ရန် အခြေအနေ နည်းပါးနေသောကြောင့် ရီးရဲလ်နှင့် ဒုတိယအကျော့မှာ မန်ယူအတွက် သာမက ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဂုဏ်သိက္ခာနှင့်ပါ သက်ဆိုင်နေသည်။

ရိုးရာလေး 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်