ရှမ်းပြည်နယ် တောင်ပိုင်း ကွမ်လုံမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ညနေ ပိုင်းတွင် တရားမ၀င်လက်နက်ခဲယမ်းများ သယ်ဆောင်လာသူနှစ်ဦးအား သက်သေခံပစ္စည်း များနှင့် အတူ ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
ဖေဖော်ဝါရီလ(၁၉) ရက်နေ့ ညနေပိုင်းတွင် ဖယ်ခုံရဲစခန်းမှ စခန်းမှူးနှင့် သတင်းတပ်ဖွဲ့ဝင်များ၊ သက်သေများ ပါဝင်သောအဖွဲ့မှ ကွမ်လုံစစ်ဆေးရေး ဂိတ်တွင် ယာဉ်မောင်း မြင့်ဦး(တောင်ကြီးမြို့နေ သူ) မောင်းနှင်လာသော ယာဉ်အမှတ်၊ ၅ဂ/၅၂၀၁ HONDA.CR.Y ခဲရောင်အား စစ်ဆေးရှာဖွေရာတွင် ယာဉ်မောင်း မြင့်ဦး ခါးကြားမှ ထိုင်းနိုင်ငံထုတ် BROWING အမျိုးအစား ပစ္စတို(၁)လက်နှင့် ၎င်း ကျည်ဆံ(၇)တောင့်၊ အတူပါလာသော မျိုးသန့် (တောင်ကြီးမြို့ နေသူ) ၏ ဘေးတံခါးလက်ကိုင်ခွက် အတွင်းမှ ဘီအေ-၁၀၉ လက်ပစ်ဗုံး (ဖြူးစ်တပ်လျက်) နှင့် ကားဂီယာထိုးတံရှေ့ခွက်အတွင်းမှ ဘီအေ-၁၀၉ လက်ပစ်ဗုံး(၁)လုံး တို့ကို သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။
အထက်ပါ တရားမ၀င် လက်နက်ခဲယမ်းများ သယ်ဆောင်လာသူနှစ်ဦးအား ဖယ်ခုံရဲစခန်းတွင် အမှုဖွင့် အရေးယူထားပြီး ဆက်စပ်သည့် သတင်းများ မေးမြန်းနေကြောင်းနှင့် ယာဉ်မောင်း မြင့်ဦးသည် ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ)မှ အဖွဲ့ဝင် ဟောင်းတစ်ဦး ဖြစ်ကြောင်း ဖယ်ခုံမြို့ဒေသခံများထံမှ သိရသည်။
Shan News
Time in Rangoon


0 comments:
Post a Comment