Thursday, February 21, 2013

ချန်ပီယံလိဂ် ရလဒ်ဆိုးကို မေ့ထားပြီး ပရီးမီးယားလိဂ်ကို အာဆင်နယ် ပြန်လည် အာရုံစိုက်ရန် ဝဲလ်ကော့တ် တိုက်တွန်း

Posted by drmyochit Thursday, February 21, 2013, under | No comments


အာဆင်နယ် တိုက်စစ်သမား သီအိုဝဲလ်ကော့တ်က အသင်း အနေဖြင့် ချန်ပီယံလိဂ် စိတ်ပျက်ဖွယ် အရှုံးမှ နိုးထပြီး သန်သန်မာမာ ဆက်လက် ဖြတ်သန်းရန် တိုက်တွန်း တောင်းဆိုလိုက်သည်။

အာဆင်နယ်သည် ချန်ပီယံလိဂ် ရှုံးထွက် အဆင့်တွင် အိမ်ကွင်း အမ်းမရိတ်စ်၌ပင် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ကို (၃-၁)ဖြင့် အရေးနိမ့်ခဲ့သည့်နောက် ကွာတားဖိုင်နယ် တက်ရောက်ရေး မျှော်လင့်ချက်မှာ အလွန် စိတ်ကူးယဉ် ဆန်သွားပြီ ဖြစ်သည်။ မန်နေဂျာ အာစင်ဝင်းဂါး၏ အသင်းသည် အိမ်ကွင်းတွင် ဘိုင်ယန်ကို အသာစီး မယူနိုင်ဘဲ ရုန်းကန်ခဲ့ရသလို ဦးဆောင်ဂိုး (၂)ဂိုးကို ခွင့်ပြုပြီး နောက်မှ လိုက်ကစားခဲ့ရသည်။ ဝဲလ်ကော့တ်ကမူ စိတ်ပျက်စရာများကို မေ့ထားပြီး အသင်းသားများ အားလုံး ပြန်လည် နိုးထ တက်ကြွလာရန် တိုက်တွန်းခဲ့သည်။


"ကျွန်တော်တို့ ကြိုးစားဖို့ လိုပါတယ်။ ဒီရလဒ်အတွက် လက်မှိုင်ချနေလို့ မရပါဘူး။ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ အကောင်းဆုံး ဆက်ပြီး ဖြတ်သန်းဖို့ စဉ်းစားရပါတော့မယ်။ ခုချိန်မှာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ပွဲစဉ်တွေ ခပ်စိတ်စိတ် ကစားဖို့ လိုနေပါပြီ။ မတ်လ (၃)ရက်နေ့မှာ တော့တင်ဟမ် ဟော့စပါးနဲ့ ကစားရမယ့် ပွဲစဉ်ဟာ ကျွန်တော်တို့အတွက် တကယ့် ပွဲကောင်းပါ။ ဒါပေမဲ့ စနေနေ့မှာ ကစားမယ့် အက်စ်တန်ဗီလာနဲ့ ပွဲစဉ်ကို ဦးစားပေး စဉ်းစားထားရမှာပါ"ဟု ဝဲလ်ကော့တ်က ပြောဆိုခဲ့သည်။ 

ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ အကောင်းဆုံး ဆက်ပြီး ဖြတ်သန်းဖို့ စဉ်းစားရပါတော့မယ်။ ခုချိန်မှာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ပွဲစဉ်တွေ ခပ်စိတ်စိတ် ကစားဖို့ လိုနေပါပြီ။ မတ်လ (၃)ရက်နေ့မှာ တော့တင်ဟမ် ဟော့စပါးနဲ့ ကစားရမယ့် ပွဲစဉ်ဟာ ကျွန်တော်တို့အတွက် တကယ့် ပွဲကောင်းပါ။ ဒါပေမဲ့ စနေနေ့မှာ ကစားမယ့် အက်စ်တန်ဗီလာနဲ့ ပွဲစဉ်ကို ဦးစားပေး စဉ်းစားထားရမှာပါ ဝဲလ်ကော့တ်က "လက်ရှိ ကျွန်တော်တို့ရဲ့ ပရီးမီးယားလိဂ် ဖြတ်သန်းမှု ပုံစံက အားရစရာပါ။ ဒါကြောင့် ချန်ပီယံလိဂ် ရှုံးပွဲကြောင့် ကြာရှည် တုန်လှုပ်နေတာမျိုး မဖြစ်သင့်ဘူး။ လောလောဆယ် ပရီးမီးယားလိဂ်အကြောင်း ခေါင်းထဲထည့်ဖို့ လိုအပ်နေပါပြီ"ဟုလည်း မှတ်ချက်ပြုသွားသည်။ 

Ref: Sky Sports
Soccer Myanmar 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်