Thursday, February 21, 2013

ဤမှန်သော သစ္စာစကား

Posted by drmyochit Thursday, February 21, 2013, under | No comments


မျက်စိနှစ်ကွင်းအလင်းမရရှာသော   မိဘနှစ်ပါးတို့သည် အဆိပ်လူး သောမြား  ဒဏ်ကြောင့် သေအံ့မူးမူးဖြစ်နေသော သုဝဏ္ဏ သာမ သားငယ်ကို ပွေ့ပိုက်ရင်း၊ မချိတင်ကဲမြားဆိပ်မွှန်သော ဝေဒနာတို့ မှ ပျောက်ကင်း စေခြင်းအကျိုးငှာ၊ အမိ အဖတို့ ကသား သမီး အပေါ် ထားအပ် သော  အလွန်ကြီးမားသော မေတ္တာစွမ်းအားကို အားကိုး အားထား ပြု၍ သစ္စာ ဆိုခဲ့ဖူးပါသည်။


ထိုအခါ သုဝဏ္ဏသာမသည်၊ အဆိပ် လူးသော   မြားဒဏ်ရာမှ မြားဆိပ်များ လွင့်ပြယ်ခဲ့သည်။ သုဝဏ္ဏ သာမ သည်၊ သေအံ့မူးမူးဖြစ် နေရာမှ အသက်ချမ်းသာရာရခဲ့သည်။ မိဘနှစ်ပါးတို့သည်လည်း မျက်စိနှစ်ကွင်း  အလင်း ရခဲ့သည်။

ရွှေအိုးကိုလည်း ရခဲ့ပါသည်။ ‘ဤမှန်သော သစ္စာစကားကြောင့်  သားရွှေအိုးထမ်းလာသောကိန်း’ကို ဖတ်ဖူး၊ မှတ်ဖူး၊ ကြားဖူးကြပေလိမ့်မည်။

စာရေးသူသည်သုဝဏ္ဏသာမဇာတ် တော်ကြီးထဲမှ ဤမှန်သောသစ္စာစကား ကို မှတ်သားခဲ့ဖူးပါသည်။ ဤလောက  အလယ်၌ တွေ့နိုင်ရန် ခက်ခဲလှသော  သစ္စာစွမ်းအားကို ရှာဖွေတူးဖော်ခဲ့ပါ သည်။ စာရေးသူတူးဖော်တွေ့ရှိခဲ့သမျှ ‘ဤမှန်သောသစ္စာစကား’၏ စွမ်းပကား ကို ကိုယ်တိုင်ကိုယ်ကျတွေ့ရှိခဲ့သမျှ အရှိ အတိုင်းတင်ပြပါရစေ။

ဤမှန်သော သစ္စာစကား (၁)

သီရိပျံချီ ဦးခင်မောင်မောင်(အငြိမ်း  စားရဲမင်းကြီး)နှင့် ဒေါ်ကြည်ကြည်သန်း မိသားစုတို့သည်၊ ဒဂုံမြို့နယ် ခရေပင် လမ်း မှာ နေထိုင် ကြပါသည်။ မဟာရန်ကုန်မြို့ ၏ အချက်အခြာကျသောနေရာဖြစ်ပြီး၊ ခရေရနံ့ နှင့် ခရေရိပ်တို့သည် ခရေပင်  လမ်း၏ကျက်သရေကို ပို၍လှပတင့်တယ်  စေပါသည်။ ဦးခင်မောင်မောင် နှင့် ဒေါ် ကြည်ကြည်သန်းတို့တွင် သားသမီးလေး ယောက်ရှိပြီးအကြီးဆုံးသားကို အောင်ဇော်    မောင် သည် အမေရိကန်နိုင်ငံ၌ နေထိုင်ပြီး အလုပ်လုပ်ကိုင်လျက်ရှိပါ သည်။ သမီးအကြီးမသိင်္ဂီသည် ကိုဇော် မင်းနှင့် အိမ်ထောင်ကျပြီး ဟိုတယ်လုပ် ငန်းလုပ်ကိုင်လျက်ရှိသည်။ သမီးငယ် မရတနာသည် မြန်မာနိုင် ငံတွင် အစော ဆုံးဒီဇိုင်းနာပညာရှင်ဖြစ်ပြီး၊ သင်္ဘော  အရာရှိကို ဖုန်းမြင့်လွင်နှင့် အိမ်ထောင် ပြုခဲ့သည်။ အငယ်ဆုံး သားဖြစ်သူကိုစိုင်း ကတော့ တစ်အိမ်လုံးရဲ့အသည်း။ တစ် အိမ်လုံးရဲ့ ဆည်းလည်းပဲလေ။ ဦးခင်မောင် မောင်နှင့် ဒေါ်ကြည်ကြည်သန်းတို့၏ အိမ် သည် မြန်မာ့ရိုးရာ၊ သီရိဂေဟာလေး တစ်ခုအဖြစ် ခေါ်ဆိုနိုင် ပါသည်။

စာရေးသူတက္ကသိုလ်ကျောင်းသား  ဘဝကပင် အန်ကယ်ဦးခင်မောင်မောင်၊ အန်တီ ဒေါ်ကြည်ကြည် သန်းတို့နှင့် တွေ့ ဆုံရင်းနှီးခဲ့ပါသည်။ စာရေးသူမှာ မိဘနှစ်   ပါးမရှိတော့သဖြင့် အန်ကယ်နှင့် အန်တီ  တို့ကို အမိ အဖ အရင်းများပမာ၊ ချစ်ခင်  လေးစားခဲ့သည်မှာ ရွှေရတုတစ်ခုနီးပါးတိုင်  ခဲ့ပြီး အန်ကယ်နှင့် အန်တီ တို့ မိသားစု  မှာ ရှိလို့လှူ-လှူလို့ရှိ၊ ဆိုသကဲ့သို့ အလှူ ကြီး၊ အတန်းကြီးမကြာခဏပေးလှူလေ့ ရှိသည်။ အလှူလုပ်တိုင်းစာရေးသူပါဝင် လုပ်ကိုင်ပေးလေ့ရှိသည်။

အန်ကယ်ဦးခင်မောင်မောင်နှင့် အန်တီဒေါ်ကြည်ကြည်တို့၏ မိသားစု ဘဝသည်၊ အေးချမ်းသာယာစွာဖြင့် အစစ  အရာရာပြည့်စုံမှုရှိသော်လည်း မမျှော် လင့်သောရောဂါဝေဒနာတို့သည် မခေါ်  ပင့်ဘဲ။ ဇွတ်အတင်းတိုးဝင်လာတတ်သည်။ အန်တီဒေါ်ကြည်ကြည်သန်းမှာ သွေးတိုး  ရောဂါရှိနေသည့်အပြင် အူမကြီးမှာ အကြိတ်လိုလို၊ အနာလိုလိုဖြစ်နေကြောင်း  ဆရာဝန်၏စစ်ဆေးချက်အရ တွေ့ရှိရ သည်။ အူမကြီးမှအသားစကို ဘိုင်အိုစီ  လုပ်ထားကြောင်း သိရသည်။

‘မေမေ့အူမကြီးက အူမကြီးကင်ဆာ တဲ့။ အမြန်ဆုံးခွဲစိတ်မှ ဖြစ်မယ်လို့ ဆရာ  ဝန်ကပြောလိုက်တယ်’
မသိင်္ဂီသည် ခင်ပွန်းဖြစ်သူကိုဇော်မင်း  စကားကို ရင်တထိပ်ထိပ်နားထောင်ရင်း  မကြားချင် ဆုံးစကား၊ အကြောက် ဆုံးစကား   ကို ကြားလိုက်ရပြီး မသိင်္ဂီရင်ထဲကျဉ်ခနဲ ဖြစ်သွားပြီး မျက်ရည်တွေတွေ စီးကျလာ  သည်။ ညီမငယ်ရတနာကြည့်လိုက်တော့  လည်းမျက်ဝန်းမှာ ရွာနေတဲ့ မိုးလို၊ မျက် ရည်တွေအပြည့်။ ဖေဖေ့ကို အသိပေးဖို့ ကြတော့လည်း ဖေဖေ့မှာ Heart attack ရ ထားသည်။ လုံးဝစိတ်ထိခိုက်ခံလို့မဖြစ်။ အမှန်အတိုင်းပြောရရင်လည်း ဖေဖေနဲ့ မေမေတို့က တစ်ယောက်နဲ့တစ်ယောက်  ကြင်နာလိုက်ကြတာ။ ကြားလေသွေးရင်  ဝေးကြမတတ်ပါဘဲလေ။

နှစ်ပေါင်းငါး ဆယ်ကျော်ကြာအောင်ချစ်ခဲ့ကြပေမင့် ဖေဖေနဲ့ မေမေတို့အချစ်က တစ်စုံတစ်ရာ    ပွန်းပဲ့ သွားခြင်း မ ရှိသေး။  ကြာလေလေ ခိုင်မြဲလေလေပဲ။ မသိင်္ဂီရင်ထဲက အတွေး  စလေးတွေ ယောက်ယက်ခတ်နေရင်း မတတ်သာသည့်အဆုံး ဖေဖေကိုမသိ  မသာဖွင့်ပြောလိုက်ရပြီ။

‘ဖေဖေ။ ဆရာဝန်ကပြောတယ်။ မေမေရဲ့ အူမအနာက၊ အမြန်ဆုံးခွဲရမယ်  တဲ့။မခွဲဘဲထားရင် ကင်ဆာဖြစ်သွားတတ်  တယ်တဲ့’

မသိင်္ဂီစကားကြောင့် ဦးခင်မောင်မောင် မျက်နှာသည် သိသိသာသာညှိုးကျသွား ပြီး စိုးရိမ် စိတ်ကြောင့် ကြစိတ် များသည်  မျက်နှာတစ်ခုလုံးဖုံးလွှမ်းသွားတော့သည်။

‘သမီးတို့ပဲအကောင်းဆုံးဖြစ်အောင်  စီစဉ်ကြပါ’ဟု ဦးခင်မောင်မောင်က စိတ် မသာမယာနှင့် မနည်းအားတင်းပြီးပြော ပုံရသည်။

‘စိတ်ချပါဖေဖေ။ မေမေအတွက် ဘုရားမှာ ယတြာလည်း ချေပြီးပါပြီ။ ငါးသက်စေ့လည်း လွှတ်တယ်။ စာလေးပဲ လွှတ်တယ်။ညောင်ထောက်၊ တံတားခင်း အားလုံးလုပ်ထားပြီးပါပြီ ဖေဖေ။ ဒီည မဟာသွံဿာရ ဘုရားပူဇော်ဖို့လည်း ကိုဇော်မင်းသွားပင့်နေပါတယ်’

မသိင်္ဂီက အစစအရာရာဆောင်ရွက်  ပြီးကြောင်း ပြောပြသောအခါဖခင်ဦးခင် မောင်မောင် ရဲ့ရင် မှာငြိမ်းချမ်း သွားပါသည်။  မဟာသွံဿာရဘုရားကြွလာပြီးသောအခါ  ပန်းဆီမီးရေချမ်း၊ သစ်သီးများ ဝေဝေဆာ  ဆာပူဇော်ထားသဖြင့် အလွန်ကြည်ညို  ဖွယ်ကောင်းအောင်သပ္ပာယ်လွန်းလှသည်။  မိသားစု အားလုံး တို့သည် မိခင်ကြီးဒေါ် ကြည်ကြည်သန်းကျန်းမာရေးပြန်လည် ကောင်းမွန်စေရန်၊ ဝိုင်းဝန်းဆု တောင်းနေ   ကြပါသည်။ မိသားစုအားလုံးငြိမ်သက်စွာ ကြည်ညိုနေစဉ်မှာပင် ရောင်ခြည်တော် များ ကွန်မြူး လာပါသည်။ ထိုရောင်ခြည် တော်တို့သည်ကား၊ ဓာတ်ပုံရိုက်သောအခါ အလင်းတန်းများ ‘ဖြန်း’ခနဲ ထွက်လာ သကဲ့သို့ရောင်ခြည်တော်များဖြာထွက်လာ ကြောင်း အားလုံးတွေ့ရှိရသည်။

‘ဘုရားရောင်ခြည်တော်လွှတ်ထာ တွေ့လိုက်လားသမီး’ဟု ဦးခင်မောင်မောင်   က အနီးရှိ မရတနာကို မေးလိုက်သည်။

‘တွေ့လိုက်တယ် ဖေဖေ။ သုံးကြိမ် တောင်ရောင်ခြည်တော်လွတ်တာ’ဟု မရတနာက တအံ့ တသြပြော နေပါသည်။

‘ဖေဖေသစ္စာဆိုအပြီးမှာ ရောင်ခြည် တော်တွေ လွှတ်တာပဲ၊ ဖေဖေသစ္စာဆို လိုက်တာက ဘုရား တပည့် တော်သည်၊ မွေးသည့် အချိန် ကစပြီး၊ ယခုအချိန်ထိ အရက် သေစာ တစ်ကြိမ် တစ်ခါမျှ မသောက်  ခဲ့ဖူးပါ။ ဤမှန် ကန်သော သစ္စာစကား ကြောင့် ဘုရားတပည့်တော် ဇနီးဒေါ်ကြည်  ကြည်သန်း၏ ဝေဒနာများ ပျောက်ကင်း  ပါစေသတည်း’လို့ ဆိုပြီး သစ္စာဆိုလိုက်   တာ။ သစ္စာလည်း ဆိုပြီးရော၊ ရောင်ခြည် တော်တွေ ထလွှတ်တာ’ဟု ဦးခင်မောင် မောင်က အားပါးတရပြောပြနေပါသည်။

စာရေးသူသည် အန်ကယ်ဦးခင် မောင်မောင်၏သစ္စာစကားကို ကြားပြီး နောက်အန်ကယ့်ကို လှိုက်လှိုက် လှဲလှဲ ချီးကျူးမိပါသည်။ အန်ကယ်လိုရဲမင်းကြီး   တစ်ယောက်အနေဖြင့် ဧည့်ခံပွဲတိုင်းမှာ  အရက်မပါ မပြီးနိုင် ပါ။ အန်ကယ်ဦးခင် မောင်မောင်အား ဧည့်ခံပွဲတိုင်းမှာ အရက်  သောက်ရန် ဝိုင်းဝန်းပြီး တိုက်တွန်း ကြမှာ သေချာပါသည်။ အန်ကယ်သည်။ ဧည့်ခံ ပွဲတိုင်းအရက်သေစာကြားမှာ ကျင်လည်  ခဲ့သော်လည်း ယနေ့အချိန် ထိအရက် မသောက်ခဲ့ဖူးသော သစ္စာကိုဆိုနိုင်သည် မှာ စာရေးသူအတွက် အံ့ချီးမကုန်နိုင် အောင်ဖြစ်ခဲ့ ပါသည်။ အန်ကယ်ဦးခင် မောင်မောင်သည်စောင့်စည်းရန်မလွယ် ကူသော စူးရှထက် မြက်သော သစ္စာစကား  တို့ကိုတိုင်တည်သည်ရှိသော် မဟာသွံ  ဿာရဘုရားကြီးရောင်ခြည်တော်လွှတ်   ၍ တန်ခိုးပြသတော်မူပါသည်။

နောက်နေ့ရောက်သောအခါ မဟာ  သွံဿာရဘုရားကြီးပြန်ကြွသွားပြီးနောက်   အန်တီ ဒေါ်ကြည် ကြည်သန်း သည် ခွဲစိတ်  မှုခံယူရန် ဆေးရုံ တက်ခဲ့ပါသည်။ ဒေါ် ကြည်ကြည်သန်းခွဲစိတ်ခြင်းမစမီ ဆရာဝန်    ရှင်းပြသော စကားများကို မသိင်္ဂီကြားသိ ရသောအခါ လွန်စွာတုန်လှုပ်ခြောက်ခြား  နေမိသည်။

‘ဒေါ်ကြည်ကြည်သန်းခွဲစိတ်မှုက အရေးကြီးတဲ့ ခွဲစိတ်မှုဖြစ်တယ်။ ကင်ဆာ   ဆဲလ်ရှိသမျှ ကုန်စင်အောင်ဖြတ်ထုတ်ပစ် ရမယ်။ ခွဲစိတ်မှုအောင်မြင်တဲ့တိုင်အောင် ဝမ်းသွားရင်မူလလမ်းကြောင်း အတိုင်း  စအိုကသွားလို့မရနိုင်တော့ဘူး။ ဗိုက်ဘေး  ကဖောက်ပြီး၊ ဝမ်းသွားဖို့အိတ်နဲ့ အမြဲ တတ်ထားပြီး သွားရလိမ့်မယ်’ဟု ဆရာ ဝန်ကရှင်းပြနေသည်။

အလွန် အသန့်ကြိုက် သောမေမေ၊ မစင်အိတ်ကြီးအမြဲခါးလွယ်ထားရမယ်ဆို ရင်တော့။ မသိင်္ဂီသည် မိခင် ဒေါ်ကြည်ကြည်  သန်းအတွက် ရှေ့ဆက်မတွေးရဲအောင် ဖြစ်မိသည်။ ဘာပဲဖြစ်ဖြစ်လေ။အသက် ရှင်ဖို့က အရေးကြီး တာ။ အသက်မသေဘဲ  အသက်ရှင်နေတာမြင်တွေ့နေရရင်ကျေ နပ်လှပါပြီ။ မသိင်္ဂီ သည်ဖြေ သာသော အတွေးကိုသာရှာတွေးပြီး မိခင်ဒေါ်ကြည်  ကြည်သန်းအတွက်ခွဲစိတ်ကုသမှုကို သဘောတူ လိုက်ရပါသည်။

ဒေါ်ကြည်ကြည်သန်းသည်ခွဲစိတ် ကုသမှုခံယူပြီး ခွဲခန်းမှထုတ်ယူလာပြီးနောက်    မသိင်္ဂီသည် ခွဲစိတ် ဆရာဝန်ကြိး အား အကျိုးအကြောင်းသိလိုဇောနှင့် သွား ရောက်တွေ့ဖြစ်ခဲ့ပါသည်။ ခွဲစိတ်ဆရာ ဝန်ကြီး သည် လူနာအားခွဲစိတ်ကုသပြီး  ပင်ပမ်းနွမ်းနယ်နေမည့်အစားဆရာဝန်ကြီး ၏။ မျက်နှာသည် ဝမ်းသာ သော အပြုံး၊  အောင်မြင်သောအပြုံးများဖြင့် ဝင်းလက် တောက်ပနေပေသည်။

‘ခွဲစိတ်ကုသမှုက အတော်ခက်ခဲမယ် ထင်ခဲ့တာ၊ မထင်မှတ်ဘဲ လွယ်လွယ်ကူကူ  ပီးသွားတယ်။ ကင်ဆာ ဆဲလ်တွေ လည်း ဖယ်ထုတ်ပြီးသွားပြီ၊ ဝမ်းသွားတော့လည်း ပုံမှန်အတိုင်းစအိုကပဲသွားလို့ရသွားပြီ၊ မကြာမီအား လုံးကောင်းသွားပြီးပြန်ဆင်း ရမှာပါ’

ခွဲစိတ်ဆရာဝန်ကြီး၏ အားပါးတရ ပြောပြသော စကားများကြောင့် မသိင်္ဂီ  ရင်ထဲ၊ အသည်းထဲမှာ လှိုက်လှိုက် လှဲလှဲဝမ်း သာကြည်နူးမဆုံးဖြစ်ခဲ့ရသည်။ မိခင်ဒေါ်  ကြည်ကြည်သန်းအတွက် စိုးရိမ်ကြောင့်   ကြဖြစ်ခဲ့ ရသော သောကအလုံးကြီးတွေ တစ်လုံးပြီးတစ်လုံးပြုတ်ကျသွားခဲ့ပြီ။

ဒေါ်ကြည်ကြည်သန်းသည် ဆေးရုံ ကဆင်းပြီး ကျန်းကျန်းမာမာဖြင့် အိမ်ပြန်   ရောက်လာသောအခါ တစ်အိမ် သားလုံး ဝမ်းသာကြည်နူးမဆုံးအောင်ဖြစ်နေကြ သည်။ ထိုဝမ်းသာနေကြသူများထဲမှ ဝမ်းအသာ ဆုံးသူ တစ်ဦး ကိုပြပါဆိုလျှင်  အငြိမ်းစား ရဲမင်းကြီး ဦးခင်မောင်မောင်ကို   တိတိကျကျ ညွှန်ပြရ ပေလိမ့် မည်။ ဦးခင် မောင်မောင်သည်။ တစ်သက်တာလုံးခိုင် ခိုင်မြဲမြဲစောင့်စီးခဲ့သော သူရာမေရိယကံ ကြီးကို သစ္စာတိုင်တည်ခြင်းပြုလိုက်သော အခါ ဤမှန်သောသစ္စာစကားကြောင့်။

မဟာသွံဿာရဘုရားကြီးရောင်ခြည်   တော်လွှတ်၍ပြသခဲ့သည်။

ဒေါ်ကြည်ကြည်သန်း၏ ကင်ဆာ ရောဂါပျောက်ကင်းသွားခဲ့သည်။

ကင်ဆာရောဂါကြောင့် ဦးခင်မောင်  မောင်၏ ဇနီးဒေါ်ကြည်ကြည်သန်းသည်  သေအံ့မူးမူးအချိန်မှ အသက်ချမ်းသာရာ  ရခဲ့သည်။

ထို့ကြောင့် ဤမှန်သော သစ္စာစကား  တို့သည်ကား မိမိအမှန်တကယ်စောင့်စည်း  ခဲ့သော သစ္စာစကားကို ရဲရဲဝန့် ဝန့်တိုင် တည်နိုင်သည်ရှိသော် ထိုသစ္စာစကားတို့ ၏။ စွမ်းပကားတို့သည် ဤကမ္ဘာမြေပေါ် တွင် စွမ်းအား အပြင်းထန်ဆုံးဆေးစွမ်း ကောင်းတစ်လက်ဟုပင်ဆိုရပေတော့မည်။

ဤမှန်သော သစ္စာစကား (၂)

စာရေးသူသည် မျက်စိပါရဂူဗိုလ်မှူး ကြီးမြင့်လွင်၊ဒေါ်စီစီတို့မိသားစုနှင့် သိကျွမ်း   ခဲ့သည်မှာ ပုလဲ ရတု တစ်ခု ဆီသို့ ရောက်ခဲ့  ပြီ။ စာရေးသူက ဗေဒင်လက္ခဏာဆရာ ပီပီဗိုလ်မှူးကြီးမြင့်လွင်မိသားစုတို့၏ ကံကြမ္မာ ကို စစ်ဆေးခွင့်ရခဲ့ပြီး စာရေးသူ   မိသားစုအတွက် မျက်စိအားနည်းသူများ ကို ဗိုလ်မှူးကြီး မြင့်လွင် က ကြည့်ရှုစစ် ဆေးကုသပေးသဖြင့် အပြန်အလှန်ရင်းနှီး  မှုပိုရှိခဲ့ပါသည်။

တစ်နေ့တွင် စာရေးသူအိမ်သို့ ဗိုလ်မှူးကြီးမြင့်လွင်၏ဇနီးဒေါ်စီစီနှင့် အတူ အမျိုး သမီးငယ် တစ်ယောက် ရောက် လာပါသည်။ ရောက်ရောက်ခြင်းဒေါ်စီစီ   က ပါလာသည့်အမျိုးသမီးငယ်နှင့် မိတ် ဆက်ပေးပါ သည်။

‘ဆရာတိုးဒါကျွန်မတူမဟေမာလေ၊ တိုင်းမှူးဗိုလ်ချုပ်ခင်မောင်သန်းသမီးပါ။ ဆရာ့ဆီ လက္ခဏာကြည့်ဖို့ ခေါ်လာတာ’ ဟု  ဒေါ်စီစီကမိတ်ဆက်ပေးပါသည်။ တိုင်းမှူး သမီးဗိုလ်ချုပ်သမီးဆိုပေမင့်၊ ပပလွှားလွှား  တောက်တောက်ကြွားကြွား မရှိလှ။ အေး အေးဆေးဆေးတည်တည်ငြိမ်ငြိမ်နှင့် မြန်မာ အမျိုးသမီး ပီသသောရင့် ကျက်တည် ငြိမ်မှုရှိသည်။ ဟေမာကသူ့ဇာတာပေး သောအခါ စာရေးသူကဇာတာနှင့် လက္ခ ဏာကို သေချာစွာစစ်ဆေးပြီးတွေ့ရှိသမျှ   အရှိအတိုင်းပြောပြခဲ့သည်။ ဟေမာက လည်း သူသိချင် သမျှမေးပါ သည်။ သူသိ ချင်သမျှပြောပြီးသောအခါ၊ စာရေးသူက မပြောမဖြစ်အရေးကြီးဆုံးစကားကိုပြော ပြလိုက်ပါ သည်။

‘ဂြိုဟ်တွေသွားနူန်းဖောက်ပြန်နေလို့  ဒီနေ့ကနေ (၆) ရက်အတွင်း ရန်ကုန်မှာ ဗုံးပေါက်ကွဲမှုဖြစ်လိမ့်မယ်။ ရန်ကုန်မြို့ကို  အုပ်ချုပ်တဲ့ သူကယတြာချေပေးရင် လူအသေအပျောက်သက်သာမယ်၊ အဲဒါ ကြောင့် ဟေမာနဲ့ ဟေမာ့ဖေဖေရွှေတိဂုံ    ဘုရားမှာ ယတြာချေပေးရင်ပြည်သူတွေ မကောင်းတဲ့ ဘေးက လွတ်မြောက်နိုင် မယ်’ဟု စာရေးသူကဘုရားမှာ ယတြာ  ချေပုံချေနည်းရှင်းပြပြီးရေးပေးလိုက်ပါ သည်။

‘ပြည်သူတွေ ဒုက္ခမရောက်အောင်၊  ပြည်သူတွေမကောင်းတဲ့ ဘေးကကင်းလွတ်   အောင်လုပ်ရမယ့် ယတြာမျိုး ကတော့ အမြန်ဆုံးလုပ်ရမှာပေါ့။ မနက်ဖြန်ဖေဖေ နဲ့ သွားပြီး ရွှေတိဂုံစေတီမှာ ယတြာဆက် ဆက်ချေပါ့ မယ်။ ကျွန်မအတွက်ကတော့  အေးအေးဆေးဆေးမှပဲ ယတြာချေပါ့ မယ်’ ဟု ဟေမာက စိတ်ပါလက်ပါပြော နေပါသည်။ သူ့ကြည့်ရတာ မိမိအကျိုး   ထက်အများအကျိုးကို ပိုပြီးဦးစားပေးပုံရ သည်။ အများ အကျိုးကို ရှေ့တန်းတင် ထားပုံပေါ်သည်။ ဟေမာ့ဇာတာတွင်  လူထုဂြိုဟ်ဖြစ်သော စနေဂြိုဟ်သည် အလွန်  အားကောင်း သည့်ပြင် အများ အကျိုးကို  ဦးစားပေးတတ်သော စိတ်ဓာတ်ရှိသဖြင့်  ဤဇာတာရှင် မျိုးသည် မြန်မာနိုင်ငံ၏ အရေး ကို စိတ်ဝင်စားမည့် သူဖြစ်ပါက အနာဂတ်  မြန်မာပြည်အတွက် လင်းလက် တောက် ပလာမည့်ကြယ် ပွင့် တစ်ပွင့်ဖြစ်လာမည် ဟု စာရေးသူကောက်ချက်ချမိသည်။

ဆရာတိုး (စမ်းချောင်း)
Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်