အမေရိ ကန်ပြည် ထောင်စု ကယ်လီ ဖိုးနီးယား တောင်ပိုင်းမှာ အချိန်ပိုင်း ကောလိပ် ကျောင်းသား တဦးဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က သေနတ် ပစ်ခတ် တာတွေ လုပ်ခဲ့တာကြောင့် သူကိုယ်တိုင် အပါအဝင် လူ ၄ ဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။
အသက် ၂၀ အရွယ် ကောလိပ် ကျောင်း သား အလီဆယစ်ဒ်
ကယ်လီ ဖိုးနီးယား ပြည်နယ် အောရိန့်ခ်ျကောင်တီ စီရင်စုက ဆက်ဒလ်ဘက်ခ် အသက် ၂၀ အရွယ် ကောလိပ် ကျောင်းသား အလီ ဆယစ်ဒ်ဟာ အိမ်မှာလည်း အမျိုးသမီး ၁ ဦးကို သတ်ပစ် ခဲ့ပါတယ်။ ဒါ့ အ ပြင် နောက်ထပ် ၂ ဦးကိုလည်း မော်တော်ကား ခိုးယူ လုယက်တဲ့ ဖြစ်စဉ် တွေမှာ သတ်ဖြတ် လိုက်တာလို့ ဆိုပါတယ်။
ဆယစ်ဒ်ဟာ သူ ကိုင်ဆောင် ပစ်ခတ်တဲ့ သေနတ်တိုကို သူ့ အိမ်ကနေ ယူဆောင် လာတာဖြစ်ပြီး ခုလို ပစ်ခတ်မှု ဖြစ်သွားရတဲ့ အကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဖုန်းခေါ်ဆိုမှုတခု လက်ခံရရှိခဲ့လို့ လာဒီရာ ရန့်ခ်ျရှိ ဆယစ်ဒ်ရဲ့ နေအိမ်ဆီ ရောက်သွားရာမှာ အသက် ၂၀ လောက်ရှိတဲ့ အမျိုးသမီးတဦး သေနတ် ပစ်သတ် ခံထား ရတာကို အာဏာ ပိုင်တွေ တွေ့ရှိခဲ့ရပြီး ဆယစ်ဒ်နဲ့ အဲဒီ အမျိုးသမီးကြားက ဆက်ဆံရေးကို စုံစမ်း နေဆဲ ဖြစ်တယ်လို့ အဲဒီနယ်မြေ အုပ်ချုပ်ရေးဌာန ပြောခွင့်ရ ဂျင်မ် အာမော်မီနိုက ပြောပါတယ်။
သေနတ်သမား ဆယစ်ဒ်ဟာ ကား လုယက်မောင်းပြေးမှုကို ၂ ကြိမ် ထပ်ကျူးလွန်ခဲ့ပြီး အဲဒီကားမောင်းပြေးမှုမှာ နောက်ထပ် လူ ၂ ဦးလည်း သေဆုံးသွား ရခဲ့ပါတယ်။ ထပ်စတင်၊ ဆန်တာအန်နာ မြို့တွေကနေ ကားမောင်းပြေးလာတဲ့ ဆယစ်ဒ်ကို ဗီလာပါ့ခ်အနီးက မြို့မှာ အာဏာပိုင်တွေက ခိုးလာတဲ့ကားထဲကနေ ဆွဲထုတ်လိုက်ချိန်မှာတော့ သေနတ်သမားဟာ သူ့ရဲ့သေနတ်တိုနဲ့ သူ့ကိုယ်သူ ပစ်သတ် လိုက်တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
DVB
0 comments:
Post a Comment