Thursday, February 21, 2013

ဝန်ကြီးက လိမ်တာလား၊ ၀န်ထမ်းက ညာတာလား

Posted by drmyochit Thursday, February 21, 2013, under | No comments


ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်တ၀ိုက်၊ ကျေးရွာ များရှိ လယ်မြေအချို့သည် ၁၉၉၃ ခုနှစ် ကတည်းကစတင်ကာ နှစ်စဉ် မိုးစပါး စိုက်ပျိုးရာ သီတွင် လယ်မြေများ ရေကြီးနစ်မြုပ်မှု ပြသနာကို ကြုံတွေ့ ရလေ့ ရှိသည်။ ထိုနေရာအနီးတ၀ိုက်ရှိ ရေနုတ် ချောင်းများ၊ မြောင်းများကို ပိတ်ဆို့ကာ တည်ဆောက် ထားေ သာ မျဉ်းဝန်းဆည်များ၊ ဓမင်းများ၊ ငါးဖမ်းဆည်များ ပြုလုပ် ငါးဖမ်းခြင်း ကြောင့် ချောင်း၊ မြောင်း များကော လာကာ ရေစီးရေလာပိတ်ဆို့ပြီး လယ်မြေများသို့ ရေလွှမ်း မိုးခြင်းဖြစ် သည်။ ထိုကဲ့သို့ ပြသနာ များ သည် လွန်ခဲ့သည့် တပ်မတော်အစိုးရလက်ထက်ကတည်းက ခံစားနေ ခဲ့ရခြင်း ဖြစ်သော်လည်း အာ ဏာ ရှင် စနစ်ဖြင့် အုပ်ချုပ်ခံနေရချိန်တွင် ကယ်သူမဲ့ ဘ၀ဖြင့် နှစ်ပေါင်းများစွာ ခံစားခဲ့ကြရသည်။


ထိုသို့ကြုံတွေ့ရမှုကြောင့် လယ်မြေများရှိသော်လည်း လယ်မစိုက်နိုင်ဘဲ ကြုံရာကျဘမ်းလုပ်၊ မလောက် ငသည့် အခါ ရှိသည့်ကျွဲ၊ နွားများ ရောင်းချစားသောက်ကာ အရွယ်ရောက်သားသမီးများကို နီးစပ်ရာမှ ချေးငှား ရရှိသည့်ငွေဖြင့် ပြည်ပပို့ကာ မိသားစုများ တကွဲ၊တပြားဖြင့် ဘ၀ပျက်ခဲ့ရသည့် လယ်သမားများစွာ ရှိခဲ့ သည်။ ရေနစ်မြုပ်မှုကြောင့် စိုက်ပျိုးမရသည့် လယ်မြေများကိုလည်း ပလပ်မြေအဖြစ် သတ်မှတ်ကာ နိုင် ငံတော်က ပြန်လည်သိမ်းဆည်းမည် စိုးသောကြောင့် လယ်မစိုက်သော်လည်း နှစ်စဉ် အခွန်ေ ဆာင်နေ ခဲ့သည့် လယ်သမားများလည်းရှိသည်။

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ဒီမိုကရေစီစနစ်သို့ ကူးပြောင်းဖော်ဆောင်ချိန်တွင် ထိုကဲ့သို့ ခံစားနေ ရသော အခြေအနေများအား လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်၊ တင်ပြတိုင်ကြားခွင့် ရရှိလာသည်။ နိုင်ငံေ တာ် အစိုးရကလည်း လယ်သမားအရေး ကိစ္စကို အလေးထားဆောင်ရွက်သည့်အနေဖြင့် လယ်ယာမြေ စုံစ မ်းရေးကော်မရှင်ဖွဲ့ပေးသည်မှ အစပြုကာ မိုးစပါး၊ နွေစပါးစိုက်ပျိုးရန် ထုတ်ချေးသည့်ငွေကိုလည်း တိုးမြှင့် သတ်မှတ်ပေးခြင်းတို့ဖြင့် ကူညီရန် ကြိုးစားခဲ့သည်။ 

သို့သော် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အနီးတ၀ိုက်ရှိ ၁၄ရွာမှ လယ်ဧက နှစ်သောင်းေ ကျာ် မှာ ငါးလုပ်ငန်းဦးစီးဌာန၏ တရားဝင်ခွင့်ပြုထားသော လေလံအင်းများကြောင့် လယ်မြေများရေန စ်မြုပ် ကာ စိုက် ပျိုးမရခြင်း၊ စိုက်ပျိုးနိုင်သော်လည်း ရိတ်သိမ်းမရခြင်းတို့ ကြုံတွေ့နေရကာ အဆိုပါချေးငွေ များ ကို ပင် ပြန်မဆပ်နိုင်သည့် အနေအထား များဖြင့် ကြုံတွေ့ခဲ့ကြရသည်။ အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး ဌာန ဆိုင်ရာ များသို့ အသိပေး တင်ပြခဲ့ကြသော်လည်း ထူးခြားလာခြင်း မရှိပေ။ 

နောက်ပိုင်းတွင် လွှတ်ေ တာ် အသီး သီးမှ ပြည်သူ့အကျိုးလိုလားသော ကိုယ်စားလှယ်များကလည်း လွှတ်တော်အတွင်း မေးခွန်းေ မးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းများဖြင့် ထိုလယ်သမားတို့၏ ဘ၀ကို ကူညီကယ်တင်ပေးရန် ကြိုးစားလာ ခဲ့ကြ သည်။ ဒေသနှင့်သက်ဆိုင်သော မေးခွန်းများ၊ အဆိုများအတွက် ဒေသခံလယ်သမားများက တိုင်းဒေ သကြီး အစိုးရအဖွဲ့၏ ပြန်လည်ဖြေကြားချက်ကို အားကိုးတကြီး မျှော်လင့်စောင့်စားနေချိန်တွင် ပဲခူး တိုင်းဒေ သကြီး အစိုးရအဖွဲ့ကိုယ်စားပြန်လည်ဖြေကြားသည့် ၀န်ကြီး၏ ဖြေကြားချက်ကြောင့် လယ်သမား များ နားမလည်နိုင်ဖြစ်ကာ “မည်သူက မည်သူ့ကို လိမ်ညာပြောဆိုသလဲ”ဆိုသည့် မေးခွန်းပေါ်ပေါက် လာ ခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ဖြူးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ် စား လှယ်ဦးညွန့်လှိုင်က ဒီဇင်ဘာ ၁၄ရက် ၂၀၁၂ခုနှစ်နေ့စွဲဖြင့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေး ပင်မြို့နယ် အတွင်းရှိ မုက္ခမူချောင်းနှင့် ချောင်းဟောင်းရေနုတ်မြောင်းများပေါ်တွင် တရားဝင် ခွင့်ပြု ထားသော အင်းလိုင်စ င်အရ ကွန်ပစ်၊ခြုံအုပ်၊ ပိုက်ဝိုင်းဖြင့်ငါးဖမ်းရမည့်အစား တရားမ၀င် အတောင် ၂၀၀ခန့် ရှည်သော မြင်းဝင်း ငါးဖမ်းကရိယာ ၆ ခု၊ အတောင် ၁၀၀ ခန့်ရှည်သော မြင်းဝင်း ငါးဖမ်းကရိယာ ၁၀၀ ခန့်တို့ဖြင့် ရေစီး လမ်းကြောင်းကို ပိတ်ဆို့ ငါးဖမ်းခြင်းကြောင့် 

တော်ပသီ၊ မုက္ခမူ၊ အင်းဝိုင်း၊ အင်းေ ချာင်၊ ရေဖြူကန်၊ အင်းကုန်း၊ ဂွေးကုန်း၊ ဆွဲဒလွဲ၊ ပြင်ရေကြီး၊ ရေတွင်းကုန်း၊ ၀ါးရုံကုန်း၊ အလယ်ရွာ၊ ရေပေါ်ေ သာင်၊ သောင်ကြီးကျေးရွာအုပ်စုတို့တွင် မိုးစပါးစိုက်ဧက ၂၀၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း၊ ယင်းကျေးရွာမှ လယ်သမားများ စားဝတ်နေရေးဒုက္ခ၊ မိုးစပါးချေးငွေ ပြန်လည်ပေးဆပ်နိုင်ရေး ဒုက္ခများ ကြုံတွေ့ေ နရကြောင်း၊ သို့ပါ၍ ယင်းပြသနာ အခက်အခဲကို မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို သိရှိလိုပါသည် ဟုကြယ် ပွင့်မပြမေးခွန်းအဖြစ် မေးမြန်းခဲ့သည်။

ထိုမေးခွန်းနှင့်ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ကိုယ်စား၊ ၀န်ကြီး ဦးမြင့်လွင်ဦးက ဒီဇင် ဘာ ၂၈ရက် ၂၀၁၂ခုနှစ် ရက်စွဲဖြင့် ပြန်လည်ဖြေဆိုရာတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေး ပင်မြို့ နယ် မုက္ခမူချောင်းအတွင်းတွင် ကျွဲခေါင်းအင်း၊ ကောက်မဲ့သူအထက်အင်းနှင့် အောက်အင်း၊ အင်းဝိုင်း ကလေး အင်း၊ မုက္ခမူအလယ်အင်းဟူ၍ အင်း ၅ အင်းရှိပြီး မြင်းဝင်းဆည် ၄ ခုဖြင့်လည်းကောင်း၊ ချောင်းေ ဟာင်းရေနု တ်မြောင်းအတွင်း ဖက်ပုတ်အထက်အင်းနှင့် ရဲကိုအင်းနှစ်ခုတွင် မြင်းဝင်းဆည်နှစ်ခု ဖြင့် လည်းေ ကာင်း လုပ်ကိုင်လျက်ရှိခြင်းကြောင့် အင်း ၇ အင်းတွင် မြင်းဝင်းဆည် ၆ခုသာ လုပ်ကိုင်လျက်ရှိပြီး လွန် ခဲ့ေ သာ နှစ်ပေါင်း ၃၅ နှစ်ကတည်းက ခွင့်ပြုလုပ်ကိုင်စေခဲ့ခြင်းဖြစ်ကြောင်း၊ 

ငါးဖမ်းလုပ်ငန်းကြောင့် လယ်ဧက(၂၀၀၀၀)ကျော် ပျက်စီးသည်ဟု တင်ပြတိုင်ကြားမှု တစ်စုံတစ်ရာ မရှိကြောင်း၊ ချောင်းများမှာ နှစ်ကာလ ကြာမြင့်မှုကြောင့် ကောလာခြင်းဖြစ်ပြီး စစ်တောင်းမြစ်ရေကြီးပါက အဆိုပါချောင်းသည်လည်း ရေကြီး နစ်မြုပ်ခြင်းဖြစ်ကြောင်း၊ အင်းလေလံဆွဲထားသူများကို ဌာနမှသတ် မှတ်ထားသည့် နေရာ၌ သတ် မှတ် ကရိယာများဖြင့် စည်းကမ်းနှင့်အညီလုပ်ကိုင်စေပြီး လယ်မြေများ ရေကြီးနစ်မြုပ် ပါက အချိန်နှင့် တစ်ပြေး ညီ ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သဘာဝအင်း အိုင်ချောင်းမြောင်းပေါများခြင်း၊ သဘာ ၀ရေသယံဇာတ ပေါကြွယ်ဝခြင်းနှင့် အခွန်ဘဏ္ဍာငွေ များစွာရခြင်း သည် သဘာဝ အခြေအေ နပေးခြင်း များသာဖြစ်ကြောင်းနှင့် ၂၀၁၃-၂၀၁၄ခုနှစ် အင်းရာသီတွင် ငါးဖမ်းလုပ် ငန်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းကို မထိခိုက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည် ဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့က ညောင်လေးပင်မြို့နယ်အနီးတ၀ိုက်မှ လယ်သမား များက သတင်းတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပဲခူးတိုင်းဝန်ကြီး၏လယ်မြေများ ရေနစ်မြုပ်မှုကို တင်ပြ တိုင် ကြားခြင်း မရှိဟု ဖြေဆိုမှုသည် မှားယွင်းကြောင်းကို ၄င်းတို့တင်ပြတိုင်ကြားခဲ့သည့် စာရွက်စာတမ်းများဖြင့် ပြန် လည် ရှင်လင်း ခဲ့ကြသည်။ထို့အပြင် ၀န်ကြီး၏ ပြန်လည်ဖြေဆိုမှုမှာလည်း ပြည်စုံမှုမရှိပဲ မေးခွန်း၏ အဓိက အကြောင်း အရာဖြစ်သည့် စိုက်ပျိုးစရိတ်ချေးငွေ ကိစ္စကိုလည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိေ ကြာင်း သိရသည်။


ဒေသခံလယ်သမားများက ရှင်းလင်းပြောဆိုရာတွင် ၁၉၉၃ခုနှစ် မှစတင်ကာ မုက္ခမူရေနုတ်မြောင်းအတွင်း မြင်းဝင်း ဆည်များ ခံ၍ ငါးဖမ်းခြင်းကြောင့် လယ်မြေများ ရေနစ်မြုပ်မှုကြုံတွေ့နေရသည်မှာ နှစ်စဉ် နှစ် တိုင် ပင်ဖြစ်ကြောင်း၊ အဆိုပါ ငါးဖမ်းအင်းများကို ငါးလုပ်ငန်းဦးစီဌာနက ခွင့်ပြုရာတွင် ချုံခြပိုက် ဆွဲခြင်း ကိုပင် သတ်မှတ် ကာလအထိသာ ခွင့်ပြုခြင်းဖြစ်သော်လည်း လေလံရရှိသူ အင်းလုပ်ငန်းရှင်များက ချောင်း တစ်ခု လုံးကို ပိတ်ဆို့ကာ မြင်းဝင်းဆည်ပြုလုပ်ပြီး ရေခန်းချိန်အထိ ငါးဖမ်းလေ့ရှိကြောင်း၊ အဆိုပါ ဆည် များကြောင့် ရေစီးရေလာ ပိတ်ဆို့ကာ စိုက်ခင်းများ ရေနစ်မြုပ်မှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဒေသခံ လယ်သ မားများကပြောသည်။

“လယ်သမားတွေ အဓိကခံစားရတာက ဒီမြင်းဝင်းဆည်တွေကြောင့်။ ဒီဆည်တွေကြောင့်ပဲ လယ်သမားတွေ အကြွေး မဆပ်နိုင်တာ။ ဆပ်နိုင်တယ်ဆိုတဲ့ လယ်သမားတွေကလည်း ရှိသမျှကျွဲ၊ နွား၊ ပစ္စည်း ပေါင်နှံရောင်း ချပြီး ဆပ်နေကြတာပါ။ ကျွန်တော်တို့ခံစားရတာတွေကို အရင် စစ်အစိုးရလက်ထပ်ကတည်းက တင်ပြ ခဲ့ကြပါတယ်။ ကျွန်တော်တို့လယ်သမားတွေက ငွေကြေးရှင်လယ်သမားတွေကို ယှဉ်ပြိုင်ပြီး တရားမစွဲနိုင်လို့ သူ တို့တွေ အင်းလေလံစည်းကမ်းနဲ့မညီတာတွေကို ငါးဦးစီးကနေ တဆင့် တရားစွဲဖို့ တင်ပြခဲ့ကြပါေ သးတယ်။ ၂၀၁၁ မှာလည်း ကျွန်တော်တို့လယ်တွေ ပျက်စီးတယ်၊ ရေမြုပ်တယ်ဆိုပြီးတော့ တိုင်ကြားခဲ့ ပါ တယ်။ မီဒီယာတွေကိုလည်း နာမည်ပါတပ်ပြီးပြောခဲ့တယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ အစစ်ေ ဆး ခံချင်လို့ပါ။ မေးပါ။ ကျွန်တော်တို့ အမှန်အတိုင်းတင်ပြတယ်။ 

ပြောတယ်။ တိုင်းရဲ့ ညွှန်ကြား ချက်ဆိုပြီးတော့ ကျွန်တော်တို့ ရေနစ်မြုပ်နေတဲ့ လယ်တွေကို ဓာတ်ပုံတွေ လာရိုက်သွားတယ်။ ငါးဦးစီးက တာဝန် ရှိသူတွေလည်း လာပြီး စစ်ဆေးခဲ့ပါသေးတယ်။ ဒီလိုဆင်းလာတာဘာ့ကြောင့်လဲ။ကျွန်တော်တို့ တင်ပြ တိုင်ကြားခဲ့လို့ပေါ့။၂၀၁၂ခုနှစ် ၁၁လပိုင်းမှာလည်း မြင်းဝင်းတွေ၊ ယင်းချက်တွေပိတ်ဆို့တာနဲ့ ပတ် သက်ပြီး တိုင်ကြားခဲ့ပါတယ်။ ဒါကိုဝန်ကြီးက တင်ပြတိုင်ကြားခြင်း မရှိပါဘူးဆိုတော့...၊ ဒါကိုအားလုံး သိအောင် ရှင်းပြတာပါ”ဟု ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာမှ လယ်သမား ဦးညွန့်လွင် ကပြောသည်။

တမံများမှာ အမြင့်(၈)ပေခန့်၊ အကျယ်ထုမှာ အောက်ခြေတွင် (၈)ပေခန့်ကျယ်ပြီး အပေါ်ပိုင်းတွင်မူ (၃)ပေခန့်ရှိသည်။ ၀ါးလုံးများရိုက်ပြီး အခိုင်အမာပြုလုပ်ထားခြင်းကြောင့် (၁၀)နှစ်ခန့် မပျက်စီးပဲရှိနေနိုင်သည်။ မိုးအခါတွင် ရေစီးအားကို အသုံးပြုကာ ငါးအရွယ်မျိုးစုံကိုဖမ်းသည်။ နွေအခါရေခန်းချိန်တွင် ယင်းတမံကို တစ်ကန့်စီပက်ပြီး ငါးရှာသောကြောင့် ငါးမျိုးပြုတ်ပြုတ်ပြုန်းမတတ်ဖြစ်ရသည်ဟု ဒေသခံလယ်သမားများက ပြောသည်။ ထိုကိစ္စများအား သက်ဆိုင်ရာဌာနများသို့ စာဖြင့်တင်ပြအသိပေးခြင်း၊ တိုင်ကြားခြင်းများပြုလုပ်ခဲ့ကြသော်လည်း အကြောင်းမထူး၊ အရေးယူဆောင်ရွက်ပေးခြင်းမရှိခဲ့ပေ။ 

ထိုမှနောက်တဆင့်တက်ကာ လွှတ်လပ်စွာစီတန်းလှည့်လည်ခွင့် ဥပဒေအရ ဆန္ဒဖော်ထုတ်ရန် စာတင်ပြန်သည်။ သို့သော်လည်း အပယ်ခံရသည်။ ထိုကဲ့သို့ အခြေအနေများဖြင့် ကြုံတွေ့ခဲ့ရသဖြင့် နောက်ဆုံးအားကိုးရာ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို အားကိုးရာတွင်လည်း လွှတ်တော်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီး၏ ဖြေဆိုမှုကြောင့် လယ်သမားများအနေဖြင့် ကူကယ်ရာမဲ့ အနေအထားဖြင့် ရင်ဆိုင်နေရကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် အောက်ခြေတွင်ဖြစ်ပျက်နေသည့် အခြေအနေများကို သေချာစွာ စုံစမ်းလေ့လာရန် လိုကြောင်းတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ယခုအခါ ညောင်လေးပင်မြို့နယ်ဝန်းကျင်ရှိ လယ်သမားအများစုအနေဖြင့် ၂၀၁၂ခုနှစ်က မိုးစပါးစိုက်ပျိုးရန် ချေးထားသော ဘဏ်ချေးငွေကိုပြန်ဆပ်ရန် ယခင်နှစ်များကဲ့သို့ ဆုကြေးငွေမရှိသဖြင့် ပြန်ဆပ်နိုင်သည့် လယ်သမား နည်းပါးနေကြောင်း၊ ငွေကိုပြန်ဆပ်ရန် အခက်အခဲဖြင့်ကြုံတွေ့နေရပြီး နိုင်ငံတော်အစိုးရ တာဝန်ရှိသူများအနေဖြင့် သက်ညှာစွာ စဉ်းစားဆောင်ရွက်သင့်ကြောင်းကိုလည်း တင်ပြတောင်းဆိုခဲ့ကြသည်။

“ကျွန်တော်တို့ဟာဒီငွေတွေကို အလွဲသုံးစားလုပ်တဲ့ တောင်သူတွေ မဟုတ်ပါဘူး။ ငွေငါးသောင်းချပေးပြီး လယ်သမားဘ၀ တိုးတက်အောင် လုပ်ပေးတယ်လို့ပြောတယ်။ ဒါပေမဲ့ စည်းကမ်းမဲ့ ဒီမြင်းဝင်းဆည်ကြီးတွေနဲ့ လုပ်စားနေတဲ့ အင်းလုပ်ငန်းရှင်တွေကို အရေးမယူပေးတဲ့အတွက် လယ်သမားတွေ ဘ၀ပျက်ခဲ့ရတာပါ။ ဒါ့ကြောင့် ဒီငွေတွေကို မဆပ်နိုင်တာပါ။ ဒီလုပ်ငန်းရှင်တွေကို တားဆီးပိတ်ပင်ခြင်း၊ တစ်ကြိမ်မှ အရေးယူခြင်းမရှိပဲ လယ်သမားတွေကိုပဲ ဖိနှိပ်နေမယ်ဆိုရင် လယ်သမားအရေးတော်ပုံ စချင်လည်း စရမဲ့အနေအထားကို ရောက်လာနိုင်ပါတယ်”ဟု တော်ပသီကျေးရွာမှ လယ်သမားကိုအေးလွင်ကပြောသည်။

ထိုကဲ့သို့ လယ်သမားများ ရင်ဆိုင်ကြုံတွေနေရသော ပြသနာများနှင့်ပတ်သက်ပြီး အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ပဲခူးတိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူ၏ ဖြေကြားချက်ကြောင့် အစိုးရတာဝန်ရှိသူများက လွှတ်တော်အတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် အခြေအနေမှန်ကို သိနေသော်လည်း လစ်လျူရှုခဲ့ခြင်းလော (သို့မဟုတ်) သေချာစွာစစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းမရှိဘဲ အောက်ခြေ၀န်ထမ်းများ၏ တင်ပြချက်များကိုသာပြန်လည် ဖြေကြားခြင်းလောဆိုသည်မှာ ဆင်ခြင်စဉ်းစားစရာဖြစ်လာခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး လမ်းပြကြယ်ရှေ့နေ ဦးအေးမြင့်ကမူ ၀န်ကြီးများသည် ဌာနကြီးတစ်ခုလုံးကို ကိုင်တွယ်ဆောင်ရွက်နေရပြီး ၀န်ကြီးတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်အညီ မှန်ကန်ဖြောင့်မတ်စွာ လုပ်ကိုင်လိုသည့် ၀န်ကြီးများလည်းရှိနိုင်ကြောင်း၊ သို့သော်လည်း ခေါက်ရိုးကျိုးနေသည့် ၀န်ထမ်းများဖြင့် တွဲဖက်လုပ်ကိုင်နေရခြင်း၊ တိုင်းအဆင့်၊ မြို့နယ်အဆင့် ရုံးဌာနတစ်ခုလုံးလည်ပတ်ရန် ၀န်ထမ်းအင်အားကို ငဲ့ကွက်ရခြင်းတို့ကြောင့် အကျင့်ပျက်ဝန်ထမ်းများကို ထိရောက်စွာအရေးယူနိုင်ခြင်း မရှိသည်များကို ကြားသိနေရကြောင်းနှင့် ယခုဖြစ်စဉ်တွင်လည်း ၀န်ကြီးသည် အောက်ခြေ၀န်ထမ်းများ၏ လိမ်လည်မှုကို ခံရဖွယ်ရှိကြောင်း သုံးသပ်ပြောဆိုသည်။

“တော်တော်များများကတော့ ၀န်ကြီးတွေကို အပစ်တင်ကြတယ်။ အချက်နှစ်ချက်နဲ့ပေါ့။ ကုလားထိုင်ပေါ် ထိုင်နေပြီး အောက်ခြေအထိမဆင်းလို့၊ ၀န်ကြီးအရည်အချင်း မပြည့်မှီလို့ ဒီလိုဖြစ်နေတာဆိုပြီးတော့ တစ်ချက်၊ နောက်တစ်ချက်က လူထုနဲ့ ဆက်ဆံရေး ပြတ်နေတာကို ဆက်ဖို့ အောက်ခြေအထိ မဆင်းလို့ ဆိုတဲ့ အချက်။ သို့သော် တိုင်းပြည်ပျက်စီးနေတဲ့ အဓိက တရားခံက အောက်ခြေ၀န်ထမ်းတွေ အလုပ်မလုပ်ကြလို့။ အဘအနေနဲ့ ပြောချင်တာကတော့ ၀န်ကြီးတွေလည်း အလိမ်ခံနေရတယ်။ အစိုးရကိုကြောက်လို့ ဖားပြောနေတာမဟုတ်ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေက လူထုအကျိုးကို အားကျိုးမာန်တက် လုပ်တယ်။ လွှတ်တော်ကိုလည်း မှန်မှန်ကန်ကန်တင်ပြတယ်။ 

လွှတ်တော်ကလည်း စေတနာမှန်နဲ့ပဲ သက်ဆိုင်ရာ အစိုးရအဖွဲ့ကို ပြန်စစ်ပါဆိုပြီး အောက်ခြေကို ပြန်ချပေးတယ်။ အဲ့ဒီတော့ ဘယ်သူကစစ်ရလဲဆိုတော့ သက်ဆိုင်ရာဌာနပေါ့။ ဥပမာ မြို့နယ်ထဲမှာရှိနေတဲ့ သက်ဆိုင်တဲ့ ငါးဦးစီး၊ ဆည်မြောင်းစတဲ့ဌာနတွေပေါ့။ သူတို့အထက်မှာတော့ မြို့နယ်ထွေအုပ်ပေါ့။ အဲ့ဒီတော့ အောက်ခြေမှာ တင်ပြတိုင်ကြားတဲ့ ရွာတွေကို လာစစ်တယ်။ လာတိုင်တဲ့ လယ်သမားက အားရ၀မ်းသာဖြစ်တယ်။ ဒါပေမဲ့ လာစစ်တော့တမျိုး၊ အထက်ကို Report ပြန်တင်တော့ တမျိုးတင်တယ်။ အမှန်အတိုင်း အထက်ကိုတင်ပြရင်၊ အစစ်ခံရင် ဘယ်သူတွေ ညိမလဲ။ သက်ဆိုင်ရာဌာနတွေ အကုန်ညိမယ်။ ဒ့ါကြောင့် အထက်က စစ်ပါဆိုတော့ ဟန်ပြလာစစ်တယ်။ ပြီးတော့ အထက်ကျွိုနစသမအ အမှားကြီး ပြန်တင်ပြတယ်။ ဒါကို ၀န်ကြီးက လွှတ်တော်မှာ ကိုယ်စားလှယ်ကို ပြန်ဖြေတော့ ၀န်ကြီးက လိမ်သလိုဖြစ်နေတယ်။ ရှင်းရှင်းပြောရရင် ဒီကနေ့ တိုင်းပြည်ပျက်စီးနေတာ အောက်ခြေ အဆင့်ဝန်ထမ်းတွေလိမ်နေလို့။ ၀န်ကြီးလည်း အလိမ်ခံရတယ်၊ ပြည်သူလည်း အလိမ်ခံ နေရတယ်။”ဟု လမ်းပြကြယ်ရှေ့နေ ဦးအေးမြင့်က သုံးသပ်ပြောဆိုခဲ့သည်။


by Ko Ye
From ဒေါက်တာလမ်းပြကြယ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်