Thursday, March 28, 2013

အကြမ်းဖက်မှုတွေ မဖြစ်အောင် ဘယ်လို တားဆီး ကာကွယ်နိုင်မလဲ

Posted by drmyochit Thursday, March 28, 2013, under | No comments


အားလုံး သိကြတဲ့ အတိုင်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက မြန်မာ နိုင်ငံမှာ အရုပ်ဆိုး အကျည်း တန်တဲ့ ဖြစ် ရပ်တခု ထပ်မံ ဖြစ်ပွား ခဲ့ပါတယ်။ အဲဒါကေတာ့ မန္တလေးတိုင်း မိတ်္ထီလာမြို့မှာ ဘာသာ ရေးနဲ့ လူမျိုးရေး မုန်းတီး မှုကို အခြေခံတဲ့ အကြမ်း ဖက်မှု ဖြစ်ပွား ခဲ့ခြင်းပါ။ အကြမ်း ဖက်မှု ဖြစ်ပွားပြီး ၂ ရက်လောက် အတွင်း မြို့ တမြို့ ထဲမှာ ကိုပဲ သေဆုံးသူ အယောက် ၄၀ ကျော်နဲ့ အိုးအိမ် စွန့် ထွက်ပြေး ရသူ ၁ သောင်းကျော် ရှိခဲ့တယ် ဆိုတာ ကြည့်ရုံနဲ့ ဘယ်လောက် ကြီးမား ပြင်း ထန်တဲ့ အကြမ်း ဖက်မှုလဲ ဆိုတာ ခန့်မှန်း နိုင်ကြမယ် ဖြစ် ပါတယ်။ ဒီနေ ရာမှာ ဒီလိုအကြမ်းဖက်မှု ဘာကြောင့် ပေါ်ပေါက် လာရ သလဲ ဆိုတဲ့ တရားခံ ရှာတာမျိုး မလုပ် ချင်တဲ့ အတွက် ဒါမျိုး နောက်ထပ် မပေါ် ပေါက်အောင် ဘယ်လို လုပ်ဖို့ လိုသ လဲ ဆိုတာကို ဆွေးနွေး တင်ပြ သွားပါမယ်။

ပထမ ဦးဆုံး ဆွေးနွေးဖို့ လိုတာ ကတော့ ဒီလို ဘာသာ ရေးနဲ့ လူမျိုး ရေးကို အခြေခံတဲ့ အကြမ်း ဖက်မှုမျိုးဟာ ဘယ်လောက် ကြောက်ရွံ့ ထိတ်လန့် စရာ ကောင်း သလဲ ဆိုတာ နားလည်ဖို့ လိုပါ တယ်။ လူသား တွေကို စိတ်ပိုင်းနဲ့ ရုပ်ပိုင်း ဆိုင်ရာ အတိ ဒုက္ခ ပေးတဲ့ ဆီမှာ ကပ်ဘေး ဆိုးတွေ၊ တိုက်ပွဲတွေ၊ စစ်ပွဲတွေနဲ့ သာမန် အကြမ်း ဖက်မှု တွေထက် ဘာသာ ရေးနဲ့ လူမျိုးရေး မုန်းတီး မှုကို အခြေခံတဲ့ အကြမ်း ဖက်မှု တွေဟာ ပိုပြီး ကြောက် ရွံ့ ထိတ်လန့် စရာ ကောင်း ပါတယ်။ ဒုတိယ ကမ္ဘာ စစ်အ တွင်း ဂျာမနီမှာ ဟစ် တလာ ဦး ဆောင်တဲ့ ဂျာမန် စစ်တပ်က ဂျူးလူမျိုး ၇ သန်း လောက်ကို သတ်ဖြတ် ခဲ့တာ၊ ရ၀မ်ဒါမှာ ဟူတူနဲ့ တွတ်စီ လူမျိုးရေး အကြမ်းဖက် သတ်ဖြတ် မှုတွေ ဖြစ်ပွားပြီး သန်းနဲ့ချီ သေဆုံး ခဲ့တာ၊ ယူဂို ဆလပ်မှာ ဘာသာရေးနဲ့ လူမျိုးရေး အကြမ်း ဖက်မှု တွေကြောင့် လူ အ များ အပြား သေပြီး တိုင်းပြည် အစိတ်စိတ် အမြွှာမြွှာ ကွဲ ခဲ့တာ တွေဟာ ဘာသာ ရေးနဲ့ လူမျိုးရေး မုန်းတီး မှုကို အခြေခံပြီး ပေါ်ပေါက် လာခဲ့ တာတွေ ဖြစ် ပါတယ်။

မိတ္ထီလာ အကြမ်း ဖက်မှု ဖြစ်စဉ်မှာ သွားပြီး ကူညီဖို့ ကြိုးစားတဲ့ အန်အယ်လ်ဒီ ပါတီက အမတ် ဦးဝင်းထိန် ဆိုရင် သူတသက် ကြုံခဲ့ ရသမျှ ၁၉၆၇ တရုတ်-ဗမာ အရေးအခင်း၊ ၁၉၈၈ ဒီမို ကရေစီ တောင်းဆိုမှု အရေး အခင်း ကြီးတွေထက် အများကြီး ဆိုး တယ်လို့ ၀န်ခံပါတယ်။ အကြမ်း ဖက်မှုကို ဖျောင်းဖျ တားဆီးဖို့ ကြိုးစားတဲ့ အခါ သူ့ကိုပါ ရန်လုပ် တာကြောင့် ရက်ရက် စက်စက် သတ်ဖြတ် တာတွေ ကိုတောင် ဘာမှ မတတ် နိုင်ပဲ ရပ်ကြည့် နေရတယ်လို့ စိတ် မသက် မသာနဲ့ ဒီဗွီဘီ ကို ပြောပါတယ်။

နောက် အရေးကြီး တချက်က ဒီ အကြမ်းဖက် မှုတွေရဲ့ ကျယ်ပြန့် နိုင်မှု အတိုင်း အတာပါ။ အကြမ်း ဖက်မှု ဖြစ်ပြီး တဲ့နောက် သတင်း ထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြား ရာမှာ အန်အယ်လ်ဒီ ပါတီရဲ့ ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က “ပဋိပက္ခ ဆိုတာကို မကျယ်ပြန့်အောင် မကြာအောင် အားလုံး ၀ိုင်းလုပ် ရမယ်။ အားလုံးမှာ တာဝန် ရှိတယ်။ လူတွေက မိတ်ထီလာ ပဲကွက် မြင် တယ်။ ကျမက မိထ်ထီ လာလို့ ကွက် မမြင်ဘူး။ တနိုင်ငံလုံး လို့ပဲ မြင် လိုက်တယ်။ ဒီက ထွက် လာမယ့် မီးစလေး တွေက မီးလောင်တာ။ ဒါကြောင့် မိတ္ထီ လာ ပဲလို့ ပြောလို့ မရဘူး။” ဆိုပြီး သတိ ပေးခဲ့ ပါတယ်။ နောက်ပိုင်း သူ သတိ ပေး သလို အခြား မြို့ငယ်တွေ ကူးစက် ခဲ့သလို ရန်ကုန် လို မြို့ကြီးမှာတောင် ရပ်ကွက် ထဲ နေသူ တွေ ကိုယ့် ရပ်ကွက် ကိုယ် လုံခြုံရေး ကင်းစောင့် ရတဲ့ အခြေ အနေထိ အရုပ် ဆိုး အကျည်း တန်ခဲ့ ပါတယ်။

ဒီအ ကြမ်းဖက် မှုရဲ့ အတိုင်း အတာ ကြီးမား မှုနဲ့ ကျယ်ပြန့်မှုကို အဓိက အားဖြင့် နိုင်ငံကို စီမံ အုပ်ချုပ်နေတဲ့ အစိုးရ အဖွဲ့က လေးလေး နက်နက် သိမြင် နားလည်ဖို့ လိုပါတယ်။ အကြောင်း ကတော့ တကယ့် တကယ် အကြမ်း ဖက်မှုတွေ ပြင်းထန် လာရင် အစိုးရ တာဝန် ရှိသူ တွေ က လွဲရင် ဘယ်လူ ပုဂ္ဂိုလ် တွေ ကမှ ၀င်ရောက် ဖျန်ဖြေ ဖြေရှင်း လို့ မရတတ် လို့ပါပဲ။ ဒီအ တွက် ဒီလို အကြမ်း ဖက်မှုတွေ မဖြစ် ပွားခင် ကြို တင် တားဆီး ကာကွယ် ရပါမယ်၊ ဖြစ် လာပြီ ဆိုရင် ချက် ချင်း ရပ်စဲ သွားအောင်၊ ထပ်ပြီး မကျယ် ပြန့်အောင် ဥပေဒနဲ့ အညီ ပြတ်ပြတ် သားသား အရေးယူ ကိုင်တွယ် ရပါမယ်။ ဒါတင် မက ပြန်လည် တည်ငြိမ် သွားပြီ ဆိုရင် တောင် နှစ်ဖက် လူအုပ်စု ၂ ခုအကြား၊ ဘာသာ ၂ ခုအကြား ပြန်ပြီး ရင်ကြား စေ့လာ အောင် အစီ အစဉ် မျိုးစုံ ရေးဆွဲပြီး မတူတဲ့ ဘာသာ ၀င်တွေ၊ မတူတဲ့ လူမျိုးတွေ ချစ်ချစ် ခင်ခင် ရင်းရင်း နှီးနှီး နေထိုင် နိုင်အောင် ကူညီ ပံ့ပိုး ဆောင်ရွက် ပေးရ ပါမယ်။ ဒါကေတာ့ အချိန် အများကြီး ယူဖို့ လိုပါ လိမ့်မယ်။

ဘယ်လို ပဲဖြစ်ဖြစ် ဒီ အရုပ် ဆိုးအ ကျည်း တန်မှု ကနေ ကောင်းတာ တခုတော့ ပေါ်ထွက် လာခဲ့ ပါတယ်။ အဲဒါကတော့ ခု အကြမ်း ဖက်မှုနဲ့ ပတ် သက်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ် အောင်ဆန်း စုကြည် တို့ ၃ ယောက် တွေ့ဆုံ ညှိ နှိုင်းပြီး အချက် ၆ ချက်ပါ အစိုးရ သတင်း ထုတ်ပြန်ချက် တရပ် ထုတ်ပြန် နိုင်ခဲ့ ခြင်းပါ။ ထူးခြား တာက ရခိုင် ပြဿနာ တုန်းက အစိုးရ အဖွဲ့ အနေနဲ့ စဉ်းစား ခဲ့ခြင်း မရှိတဲ့ ပဋိပက္ခကြောင့် ခံစား ထိခိုက် ခဲ့ရတဲ့ လူ အဖွဲ့ အစည်း တွေအကြား ယုံကြည်မှု ပြန် တည်ဆောက်ဖို့ စိတ် ခံစား ချက်တွေ ကုစားဖို့ အလုပ်ရုံ ဆွေးနွေး ပွဲတွေ အကောင် အထည် ဖော် သွား မယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒါဟာ မြန်မာ နိုင်ငံ အနေနဲ့ မတူ ညီတဲ့ လူမျိုး တွေနဲ့ ဘာသာတွေ အကြား အတူ တကွ ချစ်ကြည် ရင်းနှီးစွာ နေထိုင် သွားကြမယ်လို့ အစိုး ရက သဘောထား ဖော်ပြ လိုက်တာ လည်း ဖြစ်ပါ တယ်။ ဒီအတွက် အစိုးရက သတင်း ထုတ်ပြန် ထားတဲ့ အချက် ၆ ချက်ကို မြန်မြန် သွက်သွက် ထိထိ ရောက်ရောက် အကောင် အထည် ဖော်ဖို့ လိုနေပြီ ဖြစ်ပါကြောင်း တိုက်တွန်း လိုက်ရ ပါတယ်။

DVB 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်