Thursday, March 28, 2013

ပဲခူတိုင်းမှာ ပဋိပက္ခ ပြန့်နှံ့နေ၊ ကြိုတင် ကာကွယ်မှု လုပ်ဖို့ ကုလ ပြော

Posted by drmyochit Thursday, March 28, 2013, under | No comments

ပဲခူးတိုင်း ​အနောက်ခြမ်း ဒေသက ​အုတ်ဖို၊ ​မင်းလှနဲ့ ​ကြို့ပင်ကောက် မြို့နယ် တွေမှာ ​မတ်လ ​၂၆ ရက် နေ့က ​ပုဒ်မ ​၁၄၄ ​ထုတ် ပြန် ခဲ့ပြီး နောက် ​အခြေ အနေ တွေဟာ ​ငြိမ်သက်မှု မရှိပဲ ​မနေ့က အထိ ​ဆူပူ အကြမ်း ဖက်မှုတွေ ​ဆက်လက် ဖြစ်ပွား ခဲ့တဲ့ အတွက် ​ညနေ ပိုင်းမှာ ​ဇီးကုန်း မြို့နယ်နဲ့ ​နတ်တလင်း ​မြို့နယ် တွေမှာ ​ပုဒ်မ ​၁၄၄ကို ​ထုတ်ပြန် ခဲ့သလို ​အကြမ်းဖက် မှုတွေ ​ဆက် မဖြစ်အောင် ​ကြိုတင် ကာကွယ် မှုတွေ လုပ်ဖို့ ​ကုလ သမဂ္ဂက ​ပြောလိုက် ပါတယ်။

မိတ္ထီလာမှာ ဖြစ်ခဲ့တဲ့ အခြေအနေကို ကုလသမဂ္ဂ ကိုယ်စားလှယ် သွားရောက်လေ့လာခဲ့စဉ် (Credit: AFP) 

ပဲခူးတိုင်း တွင်းရှိ ​မြို့နယ် ​၅ခုမှာ ​ပုဒ်မ ​၁၄၄ ​ထုတ်ပြန် ထားတဲ့ အကြောင်း ရင်း ကတော့ ​ နတ် တလင်းမှာ ​နေအိမ် ​၈လုံး၊ ​ဆိုင် ​ခန်း၁၂ခန်း၊ ​ဘာသာရေးအဆောက်အဦး ​၁ခုနဲ့ ​ဇီးကုန်း မြို့နယ်မှာ ​နေအိမ် ​၁၄လုံး၊ ​ဘာသာရေး အဆောက် အဦး ​၁ခု ​ပျက်စီး ခဲ့ပြီး ​လုံခြုံရေး ​တပ်ဖွဲ့ဝင် တွေက ​သေနတ် ​ပစ်ဖောက် ​လူစု ခွဲခဲ့ရ ​သလို ​ဇီးကုန်း ​မြို့မှာ ​လူ ​၁၀ ဦးကို ​ဖမ်းဆီး ထား ပြီးနောက် ​ထုတ်ပြန် ရတာလို့ ​အစိုးရက ​တရားဝင် ​ထုတ်ပြန် ခဲ့ပါတယ်။

ပဋိ ပက္ခတွေ ​ဆက်ဖြစ် နေတဲ့ အတွက် ​မူဆလင် လူမျိုးတွေ ​တိမ်းရှောင် နေကြ တယ်လို့ ​ ဇီးကုန်း ဒေသခံ ​မူဆလင် တဦးက ​အခုလို ပြော ပါတယ်။

ဟုတ်ပါတယ်၊ ​နတ် တလင်းတို့၊ ​ကြို့ပင်ကောက်တို့၊ ​အုတ်ဖို တို့က ​ကျနော် တို့ထက် အရင်လေ၊ ​အရင်စ ဖြစ်တာ ​အိုးသည်ကုန်း၊ ​ရေကျော်၊ ​ပြီးမှ ကျနော်တို့ ​အဓိက ​ညနဲ့ ​ဒီနေ့ပေါ့နော်၊ ​မီးတော့မရှို့ဘူး၊ ​အိမ်တွေ၊ ​ဗလီတွေ ဖျက်လို့ ​ညက ဖြစ် တာတော့ ​၃နာရီကနေ ​၅နာရီထိ၊ ​နေ့ခင်းပိုင်းက ​၂နာရီကနေ ​၄နာရီ ​၁၅ ​လူတွေ ကတော့ ​အားလုံး ရှောင်ရတယ်၊ ​မြို့ပေါ်မှာ ​မူဆလင်တွေ မရှိ တော့ဘူး၊ ​ဗလီ ကတော့ ​ညကတော့ ​အတွင်း နေရာ ကတော့ ​ဘာမှ မရှိ တော့ဘူး၊ ​အပြင်က ​တိုင်တွေ ဘာတွေ ကျန်တယ်၊ ​နေ့ခင်း ကျတော့ ​တိုင်တွေ ဘာတွေက အစ ​ဖျက် ​လိုက် တယ်လို့ ​ကြား တယ်လေ။ 

ဇီးကုန်း မြို့မှာ ​၂၆ ရက်နေ့ ညပိုင်း ကတည်းက ​လူအင်အား ​၃၀၀ လောက်နဲ့ ​ဗလီ တွေကို ​လာရောက် ဖျက်ဆီး ခဲ့တာ ​ဖြစ်ပြီး ​ပေါင်းတည် မြို့မှာလည်း ​ကောလ ဟလ သတင်း တွေကြောင့် ​စိုးရိမ် မှုတွေ ​ရှိနေ တယ်လို့ ​ပြောပါ တယ်။

ဇီးကုန်း မြို့နယ်မှာ ​အကြမ်း ဖက်မှု တွေကြောင့် ​ထွက်ပြေး တိမ်းရှောင် ခဲ့တဲ့ မူဆလင် လူမျိုး ​၉၀ ကျော်ကို ​ဗုဒ္စ ဘာသာဝင် ​ မညှင်း ကျေးရွာ သူကြီးက ​ကူညီ စောင့်ရှောက် ပေးထား တယ်လို့ ​ဒေသခံ မူဆလင် တဦးက ​အခုလို ​ပြောပါ တယ်။

သူကြီး ဦးတင် အေး ဆိုတာ ​မြို့ မျက်နှာ ဖုံးပေါ့၊ ​ဒီ မညှင်း ကျေးရွာ ဆိုတာ ပေါ့နော်၊ ​အဲဒါလေး မှတ်တမ်း တင်ပေးပါ၊ ​ကျနော် တို့အားလုံး ​ဒီမှာ ​သူ့ စရိတ် နဲ့သူ ​ကောင်းမွန်စွာ ကျွေးတယ်၊ ​ကောင်းမွန်စွာ အိပ် ခိုင်းတယ်၊ ​ဒီနေ့ ဆိုရင် ​ကျနော်တို့ ​မူ ဆလင်တွေ အားလုံး ​ဒုက္ခသည် ​၉၀ ကျော် ပေါ့နော် ​အိုးမဲ့ အိမ်မဲ့ ဖြစ်သွား တယ်နော်၊ ​အဲဒီ ​၉၀ ကျော်က ​ဒီမှာ ​ကြက် သား ဟင်းနဲ့ ​ဆိတ် သားဟင်း ​အား လုံးကို ကျွေး မွေးပြီးတော့ ​စောင့် ရှောက် ထား ပါတယ်၊ ​သူက ​ဗုဒ္စ ဘာသာပါ။ 

ဇီးကုန်း မြို့မှာ ​ဖြစ် ပွား ခဲ့တဲ့ အခြေ အနေ တွေကို ​ဓါတ်ပုံ မှတ်တမ်း ရယူ နေတဲ့ ​ဒေသခံ တဦးကို ​လုံခြုံ ​ရေး တပ်ဖွဲ့ ၀င်တွေ ​ပစ်ခတ် ခဲ့တဲ့ အတွက် ​ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ပြီး ​ဆေးရုံ တင်ထား ရတယ် လို့လည်း ​ပြောပါ တယ်။

ပဲခူးတိုင်း အနောက်ခြမ်း ဒေသ တွေ ဖြစ်တဲ့ ​ပြည်မြို့နဲ့ ​အနီး တ၀ိုက် ရွာတွေမှာ ​ပဋိ ပက္ခ တွေ ​ဖြစ်ပွား လာမှာကို ​တားဆီး တဲ့အနေနဲ့ ​ည ၉ နာရီ က စပြီး ​ပုဒ်မ ​၁၈၈ ​ည မထွက်ရ အမိန့်ကို ​ထုတ်ပြန် လိုက်တယ် ဆိုတာကို ​အသံ ချဲ့စက် ​တွေနဲ့ ​ အသိပေး ​ကြေညာ ခဲ့တယ် လို့လည်း ​ရေ ဒီယို သြစတြေးလျ ​သတင်း ထောက် ​မြတ်မိုးက ​သတင်း ပေးပို့ ခဲ့ပါတယ်။

အကြမ်း ဖက်မှုတွေ ​အရှိန် မြင့် မလာအောင် ​ကြိုတင် ကာကွယ်မှု ​လုပ်ဖို့ ​ကုလ သမဂ္ဂ ပြော


မြန်မာ အစိုးရ အနေနဲ့ ​ဗုဒ္ဓ ဘာသာ ဝင်တွေနဲ့ ​မူ ဆလင်တွေ အကြားမှာ ​အကြမ်း ဖက်မှုတွေ ​အရှိန် မြင့် မလာ ရအောင် ​ကြိုတင် ကာကွယ် မှုတွေ ​လုပ်သင့် နေပြီ ဖြစ်တယ်လို့ ​မြန်မာ နိုင်ငံ အခြေ စိုက် ​ကုလ သမဂ္ဂ အကြီးတန်း အရာရှိ တစ်ယောက်က ​တိုက်တွန်း လိုက်ပါတယ်။

လူ သားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ​ကုလ သမဂ္ဂ အရာရှိ ​Ashok ​Nigam ​က ​ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းက ​မြန်မာ နိုင်ငံမှာ ​ဖြစ်ပွား ခဲ့တဲ့ ​ဖြစ်ရပ် တွေဟာ ​အတော်လေး ​ဆိုးဝါး လွန်းတယ် လို့လည်း ​ပြောပါ တယ်။

မူ ဆလင် တွေရဲ့ ​နေအိမ် တွေကို ​အစွမ်း ထက်ထက် ကြမ်းကြမ်း တမ်းတမ်း ​ပစ်မှတ် ထားခဲ့ တာတွေ ဖြစ်သလို ​ဗုဒ္ဓ ဘာသာ ဝင်တွေနဲ့ ​မူ ဆလင်တွေ အကြား ​အကြမ်း ဖက်ဖို့ ​သွေးထိုး လှုံ့ဆော် မှုတွေ လည်း ​ရှိ နေခဲ့ တယ်လို့ လည်း ​သူက ​ပြောပါ တယ်။

မိတ္ထီ လာမှာ တင် ​အကြမ်း ဖက်မှု တွေဖြစ်ခဲ့ တာမ ဟုတ်ပဲ ​ကျန် တဲ့ နေရာ တွေမှာ ပါ ဖြစ်ခဲ့ပြီး ​အရင်က ​ဗုဒ္ဓ ဘာသာ ဝင်တွေ ကြား ထဲမှာ ​အေးအေး ချမ်းချမ်း နေလို့ ရခဲ့ ရာ ကနေ ​အခုလို ရုတ် တရက် အကြမ်း ဖက်မှုတွေ ဖြစ်လာ ရတာကြောင့် ​မူ ဆလင်တွေ ​ကြောက်လန့် နေကြ ရာမှာ ပဲဖြစ် တယ်လို့ လည်း ​ကုလ သမဂ္ဂ အရာရှိ ​Ashok ​Nigam ​က ​ပြောပါတယ်။

အကြမ်း ဖက် တိုက် ခိုက် ခဲ့မှုမှာ ​ထူးဆန်း နေတာက ​အတိုက် ခိုက်ခံ ခဲ့ရ သူတွေ ​အတွေ့ဖူး ​မသိဖူး သူ တွေက ​အဓိက ပါဝင်ပြီး ​အကြမ်းဖက် နေတာဖြစ် တယ် လို့လည်း ​မီတ္ထီလာ မြို့ကို ​ကိုယ်တိုင် သွားရောက် လေ့လာ ခဲ့တဲ့ ​ကုလ သမဂ္ဂ ​ကိုယ်စားလှယ် ​ဗီဂျေး နမ်ဘီးယားက ​မှတ်ချက် ပေးထား တယ် လို့လည်း ​သိရ ပါတယ်။

ဗုဒ္ဓ ဘာသာဝင် တွေနဲ့ ​မူဆလင်တွေ အကြား ​အကြမ်း ဖက် မှုတွေ ဟာ ​ပဲခူး တိုင်း ​အုတ်ဖို၊ ​မင်းလှနဲ့ ​ကြို့ ပင်ကောက် မြို့တွေ မှာဖြစ်ပွား ခဲ့ရာ ကနေ ​အခု အခါ မှာတော့ ​ဇီးကုန်း မြို့နဲ့ ​နတ် တလင်း မြို့တွေ ကိုပါ ​ကူးစက် နေပြီ ဖြစ်တယ် ဆိုတဲ့ ​သတင်း တွေလည်း ​ထွက်ပေါ် နေပါ တယ်။

News From: RadioAustralia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်