Thursday, March 28, 2013

တစ္ဆေကို မြင်တွေ့ ကြရသည့် ပင်ဆယ် ဗေးနီးယားမှ သုတေ သန အဖွဲ့

Posted by drmyochit Thursday, March 28, 2013, under | No comments


ပင်ဆယ် ဗေးနီး ယားရှိ နယူး ကက်ဆယ် မြို့တွင် အဖွဲ့ တစ်ဖွဲ့သည် သဘာဝလွန် အဖြစ် အပျက် များကို လေ့လာ စူးစမ်း လျက် ရှိကြ သည်။

သူတို့ အုပ်စုသည် ပင်ဆယ် ဗေးနီးယားရှိ  စိတ် ရောဂါကု ဆေးရုံတွင် တစ္ဆေ များကို တွေ့ရှိ ခဲ့ကြ ရခြင်း ဖြစ်သည်။ ကလိဗ်လင်း စိတ်နယ် လွန် အဖွဲ့ဟု အမည် ပေး ထားသော ထို အဖွဲ့က ရှင်းပြ ရာတွင် သူတို့ အဖွဲ့ အနေဖြင့် ထူးဆန်း သည့် တီးတိုး ပြောဆို သံများ၊ အော်ဟစ် သံများကို မှတ်တမ်း တင်နိုင် ခဲ့ကြောင်း၊ ထို့ပြင် သူတို့ သည် အရိပ် များကိုလည်း တွေ့ခဲ့ ရကြောင်း၊ ပိုပြီး ထူးဆန်း သည်မှာ  လည်ဆွဲ တစ်ခုတည်း ရွေ့လျား နေခြင်း ဖြစ်ကြောင်း မတ်လ ၁၆ ရက်နေ့က စူးစမ်း လေ့လာ မှုနှင့် ပတ်သက်ပြီး ရုပ်သံ သတင်း ဌာန (WEWS-TV) သို့ ပြောကြားခဲ့ကြ သည်။

သူတို့ လေ့လာ သည့် အဆောက် အအုံ ကြီးမှာ ၁၉၂၆ ခုနှစ် ကတည်းက တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး၊ စိတ် ရောဂါ ဝေဒနာရှင် များနှင့် ဘိုးဘွား စောင့်ရှောက်ရေး ဂေဟာ အဖြစ် ဖွင့် လှစ် ထား ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် ငွေကြေး အခြေ အနေကြောင့် ဆက် မဖွင့် နိုင်တော့ဘဲ ပိတ်ထား ခဲ့ရာမှ ယခု ကဲ့သို့ သွားရောက် လေ့လာ ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဖွဲ့ အနေဖြင့် ထူးခြားသည့် အသံများ၊ အရိပ် များကို မှတ်တမ်း တင်နိုင်ခဲ့ ရုံမက၊ အဆောက် အအုံ အတွင်း မြူများ ဆိုင်း သလို ဖြစ်နေခြင်း ကိုလည်း မှတ်တမ်း တင်နိုင် ခဲ့ကြောင်း သိရသည်။

မောက္ခနိုင်ငံတကာသတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်