Thursday, March 28, 2013

မတ်လ ၂၈ ရက် နံနက်က တောင် ဒဂုံ စက်မှု ဇုန်( ၂ ) အတွင်းရှိ မုန့် စက်ရုံ တစ်ရုံ မီး လောင်ကျွမ်းမှု ဖြစ်ပွား

Posted by drmyochit Thursday, March 28, 2013, under | No comments


ရန်ကုန် တိုင်းဒေ သကြီး တောင် ဒဂုံ မြို့နယ်၊ ၆၄ ရပ်ကွက် စက်မှုဇုန် ၂၊ သံလွင် လမ်းရှိ မုန့် စက်ရုံ တစ်ရုံ တွင် ယနေ့ (မတ်လ ၂၈ ရက်နေ့) နံနက် ၅ ၀န်းကျင်က မီး လောင်ကျွမ်းမှု တစ်ခု ဖြစ်ပွား ခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းရခြင်း၏ အကြောင်း အရင်းနှင့် ဆုံးရှုံးမှု တန်ဖိုးအား စုံစမ်းစစ်ဆေး လျက် ရှိပြီး မီးလောင် မှုဖြစ် စဉ်ကြောင့် လူသေဆုံး၊ ထိခိုက် ဒဏ် ရာများ မရှိ ကြောင်း မီးလောင်မှု ဖြစ် စဉ်သို့ လာရောက် မီးငြိမ်း သတ်သည့် မီးသတ် တပ်ဖွဲ့ဝင် တစ်ဦး က ပြော သည်။

မီးလောင် မှုကြောင့် ပေ ၁၀၀ ၀န်းကျင် စက်ရုံ အဆောက် အဦ ပျက် ဆီး ဆုံး ရှုံး ခဲ့သည်။

မီးလောင်မှု ဖြစ်စဉ် အနီးတွင် နေထိုင် သည့် ကို ဇော်ဦးက“ မီးလောင်မှု စဖြစ် တာက နံနက် ငါးနာရီ လောက် ကပါ။ မီးလောင် တာကို သိသိချင်း သက်ဆိုင် ရာကို အကြောင်း ကြားခဲ့ ပါတယ်။ ရွှေမင်း သမီး ဇီးထုတ် စက်ရုံပါ။ အခြား ၀မ်းတီး တို့ ဘာတို့ အမှတ် တံဆိပ် တွေလည်း ထုတ်လုပ် ပါတယ်။ ကျွန်တော်တို့ စက်မှု ဇုန်မှာ က နေ့လည် ၁၂ နာရီ လောက်က တည်းက တစ်ညလုံး မီးဖျက် ထားတာပါ။ လျှပ်စစ် ကြောင့်တော့ မဟုတ်ပါ ဘူး” ဟုပြောသည်။

''မုန့် အထွေထွေ အခန်းမှာ မီးခိုး စတွေ့ တယ်လို့ မုန့်စက် ရုံမှ လုံခြုံရေး တာဝန် ကျတဲ့ သူက ပြော ပါတယ်။ မီးလောင် မှုကြောင့် သေဆုံးမှု ထိခိုက် ဒဏ်ရာ ရတာတွေ မရှိ သလို အခြား ပယော ဂကြောင့် လောင် တာမျိုး မဟုတ် ဘဲ သာမန် မီးလောင် မှုပါပဲ” ဟု မီးလောင် မှုဖြစ် စဉ်သို့ လာရောက်သည့် အုပ်ချုပ်ရေး ပိုင်းမှ တာဝန် ရှိသူ တစ်ဦးက ပြောကြား သည်။

အဆိုပါ မီးလောင် မှုမှာ နံနက် ၅ နာရီ ၅ မိနစ်တွင် စတင် လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ပြီး ၅ နာရီ ၃၀ မိနစ်တွင် မီးထိန်း နိုင်ခဲ့ကြောင်း မီးသတ် တပ် ဖွဲ့ ၀င် များ ထံမှ သိရပြီး မီးလောင်မှု ဖြစ်စဉ်ကို မီးသတ် ယာဉ် ၂၃ စီးနှင့် အထောက် ကူပြုယာဉ် ၇ စီးတို့ဖြင့် ငြှိမ်း သတ်ခဲ့ ရကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်