Thursday, March 28, 2013

တရုတ်ကိုယ်ပျောက်တိုက်လေယာဉ်၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် စမ်းသပ်

Posted by drmyochit Thursday, March 28, 2013, under | No comments

J-20သည် တရုတ်နိုင်ငံက ကိုယ်ပိုင် ဆောက် လုပ် သည့် အ ဆင့်မြင့် နည်း ပညာသုံး ကိုယ်ပျောက် တိုက်လေ ယာဉ် ဖြစ်ကာ မဟာဗျူဟာမြောက် ဆန်းသစ် မှု တစ်ခုအဖြစ် ဒေသတွင်း ပြိုင်ဘက် များ ကို ခြိမ်းခြောက် နိုင် ခဲ့ သည်။

တရုတ်နိုင်ငံ၏ ပဟေဠိ ဆန်သော ကိုယ်ပျောက် ဂျက် တိုက်လေယာဉ် J-20၏ ဝေ ဟင်မှ ဝေဟင် ပစ် ဒုံးကျည် စနစ် စမ်းသပ်သော ဓာတ်ပုံများ အင်တာနက်သို့ ပထမဆုံးအကြိမ် ပျံ့နှံ့လာခဲ့သည်။ အဆိုပါ J-20သည် တရုတ်နိုင်ငံက ကိုယ်ပိုင်ဆောက်လုပ်သည့် အဆင့်မြင့် နည်းပညာသုံး ကိုယ်ပျောက် တိုက်လေ ယာဉ် ဖြစ် ကာ မဟာဗျူဟာမြောက် ဆန်းသစ်မှု တစ်ခုအဖြစ် ဒေသတွင်း ပြိုင်ဘက်များကို ခြိမ်းခြောက်နိုင် ခဲ့ သည်။

အင်္ဂါနေ့ကမူ အဆိုပါ လေယာဉ်၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စမ်းသပ်မှု ဓာတ်ပုံများကို အင်တာ နက်တွင် စတင် လွှင့်တင် လာခဲ့သည်။ အဆိုပါ ဓာတ်ပုံများကို တရုတ်စစ်ဘက် ဖိုရမ်တစ်ခုဖြစ်သော iissbbs.com တွင် ပထမ ဆုံး အကြိမ် လွှင့်တင် ခဲ့ခြင်း ဖြစ်သည်။

အသုံးပြု ထားသော ဒုံးကျည်သည် အနီအောက် ရောင်ခြည် အာရုံခံစနစ် ပါရှိသည့် PL-10 အမျိုးအစား မျိုး ဆက် သစ် ဒုံးကျည်ဟု ယူဆရသည်။ ယင်းသည် အမေရိကန်လုပ် AIM-9Xကို ယှဉ်ပြိုင်ရန် တီထွင် ထားခြင်းဖြစ် သည်။

(၂၀၁၂) ခုနှစ်က ကမ္ဘာသို့ မိတ်ဆက် ခဲ့သော တိုက်လေယာဉ်ကို ဆီချွန်ဒေသရှိ ချန်ဒူးတွင် ဒုံးကျည်စမ်းသပ် ပစ်လွှတ် မှု ပြုလုပ် ခဲ့ခြင်း ဟုလည်း ဆိုသည်။ ကျွမ်း ကျင် သူ များက အဆိုပါ ဒုံးကျည်ကို တပ်ဆင်ထားမှု နည်း ပညာ အရ တရုတ် အင်ဂျင် နီယာ များ၏ လက်ရာ ဟု ထောက်ခံ သုံးသပ် ခဲ့ကြ သည်။

အမေ ရိကန် သည် လေတပ် တွင် F-22 ပဉ္စမမျိုးဆက် Raptor တိုက်လေ ယာဉ် များကို အင်အား တိုးချဲ့ လာ ချိန် တွင် တရုတ် ကလည်း ကိုယ်ပျောက်နည်းပညာသုံး J-20ကို တည်ဆောက်လာခြင်း ဖြစ်သည်။ လေ့ လာ သူများ ကမူ F-22သည်J-20ထက် လက်နက် သယ်ဆောင် တပ် ဆင်မှု အပိုင်း တွင် သာလွန်နေ ဆဲဖြစ်ပြီး ဝေဟင် စီးချင်း တိုက်ပွဲများတွင် အကောင်းဆုံး မဟာဗျူဟာမြောက် တိုက်ခိုက်ရေး ယန္တရားများ အဖြစ် ရပ် တည် နေကြောင်း ချီးကျူး ထားသည်။

သို့သော်လည်း Aviation World လစဉ်ထုတ် မဂ္ဂဇင်း၏ ဒုတိယ အယ်ဒီတာဟောင်း ဘိုင်ဝေကမူ J-20၏ လက်နက် တပ်ဆင်ရန် နေရာချ ထားသိုပုံသည် အရှိန်မြှင့် ပျံသန်းသည့် ဝေဟင် စစ်ပွဲများအတွက် ပညာသား ပါပါ ဖန်တီးထားကြောင်း သုံးသပ်ခဲ့သည်။

"J-20ရဲ့ လက်နက် အထားအသို ဒီဇိုင်းက ထူးခြားတယ်။ ပြီးတော့ အရမ်းကို ဖန်တီးမှု ကောင်းပါတယ်။ တပ်ဆင် ထားပုံက လေယာဉ်ရဲ့ တရွတ်ဆွဲ ပျံသန်းမှု အဟန့်အတားကို လျှော့ချပေးနိုင်တယ်။ အင်ဂျင်နီ ယာတွေ ရဲ့ ကြုံတွေ့လာရနိုင်တဲ့ တပ်ဆင်မှု အခက်အခဲတွေကိုလည်း အများကြီး နည်းပါး သွားစေနိုင် တယ်" ဟု ဝေက မှတ်ချက် ပြုခဲ့သည်။

တရုတ်နိုင် ငံသည် J-20 အမျိုးအစား လေယာဉ် အနည်းဆုံး (၂)စင်းမျှကို ထုတ်လုပ်ထားပြီး ဖြစ်ကြောင်း ယူဆ ရသည်။ ထို့အပြင် ပြင်ပအခေါ် J-21ဟု ယေဘုယျ သတ်မှတ်နိုင်သည့် လေယာဉ်သစ် တစ်စင်း ကိုလည်း စမ်းသပ် နေကြောင်း သတင်းများ ထွက် ပေါ်နေသည်။

အမေရိ ကန် လေတပ်နှင့် ရေတပ်တွင်မူ ၎င်းတို့ တစ်နိုင်ငံတည်းသာ အသုံးပြုပြီး မဟာမိတ်များထံသို့ပင် မရောင်းချ သည့် F-22 Raptor (၁၉၅)စင်း ရှိနေသလို ထပ်မံ တိုးချဲ့တည်ဆောက်နေဆဲ ဖြစ်သည်။

ထို့အပြင် F-22များကို ပိုမိုမွမ်းမံ အဆင့်မြှင့်ကာ X-44 Mantaနှင့် FB-22 မျိုးဆက်များကိုလည်း စမ်းသပ်နေ ဆဲ ဖြစ်သည်။အမေရိကန် လေတပ်နှင့်ရေတပ်တို့တွင် ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် များကို လည်း အသုံးပြု လျှက် ရှိသည်။

Source: GlobalTimes
Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်