Thursday, March 28, 2013

ထိုင်းအစိုးရနဲ့မူဆလင်သူပုန်တွေ စတင်တွေ့ဆုံ

Posted by drmyochit Thursday, March 28, 2013, under | No comments


အခု တွေ့ဆုံ မှုဟာ ထိုင်း အစိုးရနဲ့ မူဆလင် သူပုန် တို့ကြား ပထမ ဦးဆုံး အကြိမ် တရားဝင် စကား ပြောဆို ဆွေးနွေးတာ ဖြစ်ပါတယ်။ ထိုင်း အစိုးရ သ တင်း မီဒီယာက ဖော်ပြ ထားချက် အရ ကိုယ်ပိုင် အုပ်ချုပ် ခွင့် ဒါမှ မဟုတ် လွတ်လပ်ရေး အတွက် တောင်း ဆို နေကြတဲ့ အဖွဲ့ ကိုးဖွဲ့ကို တွေ့ဆုံ ဆွေးနွေး မှုကို တက်ရောက်ဖို့ သဘောတူ ထားတယ် လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဆယ်နှစ် ကျော်ကြာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် မဋိပက္ခတွေကြောင့် လူပေါင်း ငါးထောင်ကျော် သေဆုံး ခဲ့ပြီး ဖြစ်ပေမယ့် အပစ်အခတ် ရပ်စဲရေး ရဖို့ အတွက် အချိန် အကြာကြီး စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ 

ဒါကို ထိုင်း အစိုးရက ပြီးခဲ့တဲ့ နှစ်က စပြီး ပဋိပက္ခရဲ့ သဘော တရားကို အသိ အမှတ် ပြုခဲ့ပြီး စကား ပြောဆို ဆွေးနွေးဖို့ လမ်းဖွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ပြောဆို ဆွေးနွေးမှု တွေအားလုံးဟာ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက စည်းမျဉ်း စည်းကမ်း အတိုင်း ပြုလုပ်သွားမှာ ဖြစ်ပြီး တော့ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက စည်းမျဉ်း စည်းကမ်း အတိုင်း ပြုလုပ်သွားမှာ ဖြစ်ပြီးတော့ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် သီးသန့် နယ်မြေ ပေးခြင်း ဆိုတာ မပါ ရှိဘူး လို့လည်း သိရပါတယ်။ 

ထိုင်းနိုင်ငံ Mahidol တက္ကသိုလ်က လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး ဘာသာဌာနက Gotham Arya ကတော့မူဆလင် သူပုန်တွေ အနေနဲ့ အစိုးရရဲ့ လုပ်ငန်း အစီအစဉ် အတိုင်း လက်ခံမယ် ဆိုရင် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ အကယ်၍ မူဆလင် သူပုန်တွေက ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွင်းက ပြုလုပ်ထားတဲ့ အစိုးရရဲ့ လုပ်ငန်း အစီအစဉ် အတိုင်း လက်ခံမယ် ဆိုရင် အကောင်းဆုံး ဖြစ်လိမ့်မယ် လို့လည်း လူ့အခွင့်အရေး ငြိမ်းချမ်းရေး ဘာသာဌာနက Gotham Arya က ပြောကြောင်း အေဘီစီ သတင်းထောက် Karon Snowdon က သတင်းပေးပို့ ခဲ့ပါတယ်။

RadioAustralia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်