Thursday, March 28, 2013

စိတ်ကြီးတဲ့ စွမ်းဇာနည် ကို ဇလွန်ပရိတ်သတ်က ၀ိုင်းရိုက်ပြီး ဇာတ်စင် နဲ့ ဇာတ်အဖွဲ့ ပိုင် ကားများပါ ဖျက်ဆီး

Posted by drmyochit Thursday, March 28, 2013, under | 2 comments


ဧရာဝတီ တိုင်းဒေသကြီး၊ ဇလွန်မြို့ ဇလွန် ပြည်တော်ပြန် ဘုရား ပွဲတော်တွင် တပေါင်း လပြည့်ကျော် (၁) ရက်နေ့ မတ်လ (၂၇)ရက်နေ့ နံနက် (၂း၃၀)နာရီ ခန့်တွင် စွမ်းသဘင် ဇာတ်ရုံမှာ ရုံးရင်း ဆန်ခတ် ဖြစ်ပွား ခဲ့ပြီး စင်အား မီးရှို့၊ ဇာတ် အဖွဲ့မှ ပါလာသော လေအိတ် ကားတစ်စီး၊ ကုန်ကား နှစ်စီး၊ မင်းသား၏ ကိုယ်ပိုင် ကား တစ်စီး မှန်များ ရိုက်ခွဲ ခံရ ပါသည်။

ဖြစ်စဉ်မှာ မင်းသား စွမ်းဇာနည်သည် သီချင်း ဆိုနေစဉ် ပရိတ် သတ် တစ်ဦးမှ ဆုချမည့်ဟန် ဖြင့် စင်အောက် မှ လှမ်းခေါ်ပြီး အနား ရောက်သော အခါ ဆုမချဘဲ လက်ဆွဲ နှုတ်ဆတ် သည်။ ထို ပရိသတ် သည် ယင်းပုံစံအတိုင်း (၅) ကြိမ်ခန့် ပြုလုပ်သည်ကို စိတ်ဆိုး ပြီး ထိုပရိသတ်၏ မျက်နှာအား ခြေထောက် ဖြင့် ကန်ချ ရာ ထို ပရိတ် သတ်မှာ လဲကျ သွားသည်။ ထိုသော ပြုလုပ် လိုက်သော အခါ ရှေ့မှ အားပေးနေ သော ပရိသတ် များ အားလုံး ငြိမ်သွား ပါသည်။ မင်းသား စွမ်းဇာနည် သည် ဆက်ပြီး “စွမ်းက စိတ်ကြီး တယ် ဒါမျိုး လုပ်တာ မကြိုက်ဘူး (ထို အချိန်တွင် မင်းသားသည် အင်္ကျီ ဆွဲချွတ် လိုက် သည်) မင်းနဲ့ငါ တစ်ယောက် ချင်း ချမလား။ မင်း သတ္တိရှိရင် အပေါ် တက်ခဲ့ ဟု ပြော ပါသည်။” 

ထို့နောက် ဇာတ် အဖွဲ့မှ ယောင်္ကျား ၁၀ ဦး ခန့်သည် တုတ်၊ ဓါး၊ လှံများ ကိုင်ပြီး ထွက်လာကာ ဇလွန် သားတွေ သတ္တိ ရှိရင် ထွက်ခဲ့ဟု စိန်ခေါ်ပါသည်။ မင်းသား၏ အမေကလည်း ဇလွန်သားတွေ ရိုင်း လှ ချည် လား။ ကျွန်မတို့ ကလေးတွေ ဘက်က တစ်ယောက်မှ မမှားဘူး ဟု ထွက်အော်ပါသည်။ ထိုသော စိန်ခေါ်သော အခါ ဇလွန် ပရိသတ် များက ဒီကို လာတာ အားပေးဖို့ လာတာ။ ဇလွန် သားတွေကို စော်ကား ရလားဟု ပြန်ပြောပြီး ခဲနဲ့ပေါက်၊ မီးလုံးများ ရိုက်ခွဲ စင်အား မီးရှို့၊ ဇာတ်အဖွဲ့မှ ပါလာသော လေအိတ် ကားတစ်စီး၊ ကုန်ကား နှစ်စီး ၊ မင်းသား၏ ကိုယ်ပိုင်ကား တစ်စီးတို့ကို မှန်များအား ရိုက်ခွဲ ပစ်လိုက် ကြ သည် ဟု သိရသည်။ ဇာတ် အဖွဲ့များ အားလုံး ထွက်ပြေး ကြရ ပါသည်။ နံနက် ၃း၃၀ ခန့်တွင် အခြေအနေ အားလုံး တည်ငြိမ် သွားခဲ့သည်ဟု ဒေသခံ ဇလွန်သား တစ်ဦးက ပြောပါသည်။

Thit Htoo Lwin Blog

2 comments:

ပရိတ်သတ်ကိုစော်ကားလို့မရဘူးလေ။

ပရိတ်သတ်ကိုစော်ကားရင်
ထမင်းအိုးကွဲလိမ့်မယ်
သတိပြုပါနောက်မှနောင်တမရနဲ့

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်