Thursday, March 28, 2013

ပဲခူးတိုင်း သဲကုန်းနှင့် မိုးညို တွင် ဗလီနှင့် အိမ်များ ဖျက် ဆီးခံရ

Posted by drmyochit Thursday, March 28, 2013, under | No comments


ပဲခူးတိုင်း အတွင်းမှာ အကြမ်း ဖက် ဖျက်ဆီး မှုတွေ မနေ့ ညက ဆက်လက် ဖြစ်ပွား ရာမှာ သဲကုန်း မြို့နယ် ပုတီးကုန်း ကျေးရွာနဲ့ မိုးညို မြို့က ဗလီ တွေနဲ့ မွတ် စလင် အိမ်တွေ ဆိုင်တွေ ဖျက်ဆီး ခံခဲ့ ရပါတယ်။

ပုတီး ကုန်းမှာ ရဲ လုံခြုံ ရေး တပ်ဖွဲ့ ၀င် တွေက ရော်ဘာ ကျည် ဆန်နဲ့ ပစ်ခတ် လူစု ခွဲလို့ ၇ ယောက် ဒဏ်ရာ ရတယ်လို့ ဆိုပါ တယ်။

ပြည်မြို့မှာတော့ ကောလာ ဟလေတွ ပျံ့ပေမယ့် အကြမ်း ဖက် ဖျက်ဆီး မှု မဖြစ်သလို ပေါင်း တည်မြို့ မှာလည်း ဖျက်ဆီး မယ့် သူ တွေကို မြို့ခံ လူငယ် တွေ၊ အရန် မီးသတ် တပ်ဖွဲ့ ၀င်တွေ၊ ရဲ၊ စစ်တပ်နဲ့ မြို့နယ် အုပ်ချုပ် ရေးမှူး ပူးပေါင်း အဖွဲ့က တား ဆီးပြီး လူ ၁၀ ယောက်ကို ဖမ်းဆီး ချုပ်နှောင် ခဲ့တာ ကြောင့် ဖျက်ဆီးတဲ့ အဖြစ်ကို မရောက်ရှိ ခဲ့ ပါဘူး။

ဒီ အခြေ အနေတွေနဲ့ ပေါင်းတည် ရဲစခန်းကို မတ် ၂၈ ရက်နေ့ မနက် ၁၀ နာရီ လောက်မှာ မေးမြန်း ထားပါ တယ်။

ပေါင်းတည် ရဲစ ခန်းမှာ ညက ၁၀ ယောက်ကို ဖမ်းထား တယ် ကြားပါ တယ်။ သူတို့ ဘယ်လို ဖြောင့်ချက် ပေးလဲ၊ သူတို့ ဆီက ဘာတွေ စစ်ဆေး တွေ့ ရှိလဲ ဆိုတာ သိချင်လို့ပါ။

“အခု ကျနော်တို့ စစ်ဆေး နေတုန်းပဲ ရှိသေး တယ်။”

မေး- သူတို့ကို နတ် တလင်း ဘက်မှာ ဖျက်တဲ့ သူတွေက ညွှန်ကြား လိုက်တယ်လို့ ဖြောင့်ချက် ပေးကြတယ် လို့ ကြားတယ် ဟုတ်ပါ သလား။

ဖြေ- အခု လောလော ဆယ်တော့ ကျနော်တို့ စစ်ဆေး နေတုန်းပဲ။

မေး- မနေ့ ညတုန်းက မိုးညိုနဲ့ ပုတီးကုန်း မှာလည်း ဗလီတွေ၊ အိမ်တွေနဲ့ ဆိုင်တွေ ဖျက် တယ်လို့ ကြားရတယ် ဟုတ်လား။

ဖြေ- အဲဒါတော့ အတိ အကျတော့ မသိရ ဘူး ခင်ဗျ။ ကြား တာပဲ ရှိတယ်။

မေး-အဲဒါဆို ညက ပေါင်းတည်မှာ ဖမ်းဆီးတဲ့ ဖြစ်စဉ်လေးကိုပဲ ပြောပြပါ။

ဖြေ- အဲဒါ ကတော့ စခန်းမှူး၊ မြို့နယ်မှူးနဲ့ တွေ့လိုက် ပါ။

မေး- ဒီလိုပါ ဖြစ်စဉ် ကျောရိုး ကိုတော့ ကျနော် သိထား ပြီး ပါပြီ။ ညက ရွာတွေ ဘက်က တက်လာ တဲ့လူ အုပ်ထဲက ၁၀ ယောက်ကို ဖမ်းထား တယ်ဆိုတာ ဟုတ်တယ် မဟုတ်လား။

ဖြေ- လောလော ဆယ်တော့ အဲဒါ ဟုတ် ပါတယ်။

မေး- သံတူး ရွင်းတွေ၊ တူတွေ ကိုင်ထား တယ်ဆို တာ ဟုတ် လား။

ဖြေ- အဲဒါတော့ မဟုတ်ပါဘူး။ တုတ်တွေ ကိုင်ထားတာပါ၊

မေး- မနေ့ ညက အစ်ကိုတို့ ရဲ တပ်ဖွဲ့နဲ့ အတူ မြို့ကို စောင့် ရှောက်တဲ့ ကွန်ရက် အဖွဲ့ ၀င်တွေကို ဖျက် ဆီးမယ့် အုပ်စုက ခြိမ်းခြောက် နေတယ်။ ဒီ ၁၀ ယောက်ကို ပြန်လွတ် အောင် လုပ်မ ပေးရင် မြို့ ကို ဒုက္ခ ပေးမယ်လို့ ခြိမ်းခြောက် နေတယ်လို့ ကြား ပါတယ်။ ဒီအတွက် ဘာ ကူညီ ဆောင်ရွက် ပေးမလဲ။

ဖြေ- ဟုတ်ကဲ့ပါ – ကျနော်တို့က လုံခြုံရေး ဆောင်ရွက် နေတာ ပဲဗျ။

မေး- အဲဒီမှာ စစ်တပ်လည်း ရှိတယ်လို့ ကြား ပါတယ်။

ဖြေ- ဟုတ်ပါ တယ် ခင်ဗျ။

မေး- ဒါဆို လုံခြုံရေး အင်အားက စိုးရိမ် စရာ မရှိ ဘူးပေါ့။

ဖြေ- ဟုတ်ကဲ့- လုံခြုံရေး အင်အား ကတော့ ကောင်း ပါတယ်။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်