Wednesday, March 06, 2013

လေယာဉ်အရေးပေါ်ဆင်းသက်ရမှုကြောင့် ဒေးဗစ် ကော်ပါဖီးလ် ထိတ်လန့်ခဲ့ရ

Posted by drmyochit Wednesday, March 06, 2013, under | No comments


ကမ္ဘာကျော် ပဉ္စလက် ပညာရှင် အနေဖြင့် မိုးပေါ်တွင် ပျံသန်းပြခဲ့ဖူးသူ တစ်ဦး ဖြစ်သော်လည်း တနင်္လာနေ့က လက်တွေ့ ကြုံလာသည့် အန္တ ရာယ် အနေအထားကြောင့် အမှန်တကယ် စိုးရိမ် ကြောင့်ကြခဲ့ရခြင်းဟု သတင်း များက ဆိုသည်။

နာမည်ကျော် မျက်လှည့်ဆရာ ဒေးဗစ် ကော်ပါဖီးလ်သည် လေယာဉ် အရေးပေါ် ဆင်းသက်ရမှု တစ်ခုကြောင့် ထိတ်လန့်တကြား ဖြစ်ခဲ့ရကြောင်း သိရှိရသည်။ အဆိုပါ ကမ္ဘာကျော် ပဉ္စလက် ပညာရှင် အနေဖြင့် မိုးပေါ်တွင် ပျံသန်းပြခဲ့ဖူးသူ တစ်ဦး ဖြစ်သော်လည်း တနင်္လာနေ့က လက်တွေ့ ကြုံလာသည့် အန္တရာယ် အနေအ ထားကြောင့် အမှန်တကယ် စိုးရိမ် ကြောင့်ကြခဲ့ရခြင်းဟု သတင်းများက ဆိုသည်။


ဒေးဗစ်သည် နယူးယော့ခ်သို့ သွားရောက်စဉ် ၎င်းစီးနင်းလာသည့် လေယာဉ်မှာ အရေးပေါ် ဆင်းသက်ရန် အကြောင်းဖန်လာခြင်း ဖြစ်သည်။ လေယာဉ် အမှုထမ်းများက ခရီးသည်များအား အီလီနွိုက်တွင် အရေးပေါ် ဆင်းသက်ရမည်ဟု လိုက်လံ အသိပေးချိန်တွင် ဒေးဗစ်သည် တုန်လှုပ်နေခဲ့သည်။ ၎င်းက ယင်းဖြစ်စဉ်ကို နောက်ပိုင်းတွင်လည်း Twitterတွင် ကိုယ်တိုင် ရေးသားပြီး ကြောက်စရာ အခြေအနေ တစ်ခုဟု ဝန်ခံခဲ့သည်။

"သိပ်ကြောက်ဖို့ ကောင်းတာပဲ။ ကျွန်တော် နယူးယော့ခ်ကို Today Show အစီအစဉ်အတွက် လာခဲ့ရင်း အရေးပေါ် လေယာဉ် ဆင်းသက်မှု တစ်ခုနဲ့ ကြုံခဲ့တာပါ။ အသံအကျယ်ကြီးလည်း ကြားလိုက်တယ်။ ဒါပေမဲ့ အားလုံး အဆင်ပြေကြပါတယ်။ ကျွန်တော်တို့ လေယာဉ်က အီလီနွိုက်က ပီအိုရီယာမှာ ဆင်းသက်ခဲ့ရတာပါ"ဟု ဒေးဗစ်က Twitterတွင် ပရိသတ်များအား ဝေမျှသွားသည်။

Source: FemaleFirst

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်