Wednesday, March 06, 2013

ဝန်ကြီးဌာန နှင့် လွှတ်တော်ကို ဆိုင်းဘုတ်တင် ကန့်ကွက်သည့် Eleven မီဒီယာ

Posted by drmyochit Wednesday, March 06, 2013, under | No comments


မြန်မာနိုင်ငံတွင် ပထမ မီဒီယာဆိုပြီး ကြွေးကြော် နေသည့် မီဒီယာကြီး၏ ဆောင်ရွက်ချက်များသည် အတော် ကို မင်းမဲ့စရိုက် ဆန်နေသည်ကို တွေ့ရ သည်။ အစောပိုင်းတွင် မီဒီယာကြီး၏ သတင်း များကြောင့် ပြည်သူ အများနှစ်ခြိုက်ကြသော်လည်း KIA နှင့် ပတ်သက်သော စစ်ပွဲများတွင် တစ်ဖက်စောင်း နင်း ဖော်ပြမှုများ ကြောင့် ပြည်သူ့ ချဉ်ဖတ် မီဒီယာကြီး ဖြစ်လာတော့သည်။

ယခုတစ်ဖန် မီဒီယာလုပ်ငန်းမှ ပုဂ္ဂိုလ်များ၊ ၀န်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဥပဒေ ပညာရှင် များမှ မီဒီယာ ဥပဒေကြမ်းလုပ်သည့် အပေါ် Eleven မှ ပြင်းထန်စွာ ကန့်ကွက်သည်။ ဒို့တာဝန် အရေး(၃) ပါး ကို ထိခိုက်လျှင် အရေးယူမည် ဆိုသည့် စာသားပါသည့် မည်သည့် ဥပဒေကို မဆို Eleven မှ ကန့်ကွက်သည်။ အစပိုင်းတွင် Eleven မှ ကန့်ကွက်ကြောင်းနှင့် ကျန်သည့် မီဒီယာလုပ်ငန်းများမှ ၀ိုင်းပြီး ကန့်ကွက်ကြရန် ဆော် သြသည်။ အုပ်စုလိုက် အသံ ရလာသည့်အခါ စာနယ်ဇင်းကောင်စီနှင့် ပုံနှိပ် မီဒီယာ လောက တစ်ခုလုံးမှ ကန့် ကွက်သယောင် အသံထွက်သည်။ နောက်ဆုံးတွင်တော့ မိမိ ဂျာနယ်တိုက်တွင် ဗီနိုင်း ဆိုင်းဘုတ် ထောင်၍ ကန့်ကွက်သည်။


ယခုအပတ် Eleven ဂျာနယ် တစ်ခုလုံးတွင်လည်း ပြည်သူအတွက် စေတနာ ရှေ့ထားသည့် ဆောင်းပါး တစ်ပုဒ် မှ ပါရှိခြင်း မတွေ့ရဘဲ အစိုးရကို အပုပ်ချသည့် စာများ၊ အခြေအမြစ်မရှိ စွပ်စွဲချက်များ၊ ၄င်းတို့ ကိုယ်ကျိုးအ တွက် ရေးသားချက်များသာ အံ့သြသင့်ဖွယ် တွေ့ရှိရသည်။ ဂျာနယ် မျက်နှာဖုံးတွင် မီဒီယာ လောက တစ်ခုလုံး ကပဲ ပုံနှိပ် ဥပဒေကို လက်မခံသယောင် ရေးထားသည်။ သို့သော် ကန့်ကွက်သည့် ဂျာနယ်လစ်များမှာ Eleven မှ ဂျာနယ်လစ်များပင် ဖြစ်နေပြီး မီဒီယာအဖွဲ့အစည်းဆိုသည်မှာလည်း Eleven နှင့် သိပ်မကွာသည့် အပုပ်ချ အဖွဲ့များသာ ဖြစ်နေသည်ကို တွေ့ရသည်။

Facebook သုံးပြီး ၀ါဒဖြန့်ချီရေး လုပ်ဆိုသည့် ဆောင်းပါးကတော့ လူအများ အဝေဖန်ဆုံး ဆောင်းပါး ဖြစ်သည်။ Eleven သာ ထိုဆောင်းပါးကို တင်ပြီး လွတ်လပ်စွာ ပြည်သူလူထု၏ ဆန္ဒကို နားထောင်ကြည့် ပါက ဂျာနယ် တောင် ထုတ်ချင်စိတ် ရှိတော့မည် မဟုတ်။ ထို့နောက်တွင်မှ ကာကွယ်ရေး အသုံးစရိတ်နှင့် ပတ်သက်ပြီး ရေးသားဖော်ပြချက် သတင်းဆောင်းပါးကို တွေ့ရသည်။ ကာကွယ်ရေး အသုံးစရိတ်ကို လျော့ချကြောင်း အဆို တင်သွင်းသူ၏ ဖော်ပြချက် အပြည့်အစုံနှင့် ၀န်ကြီး ပြန်လည်ရှင်းပြသည့် အချက် များမှ အတွေးမှားဖွယ် ရှိသည့် အချက်များကို ရွေးထုတ် ဖော်ပြသည်။ နောက်ဆုံး အဆိုတင်သွင်းသူကပင် စောစီးစွာ သိခဲ့ပါက ထိုသို့ အဆို တင်သွင်းဖြစ်မည် မဟုတ်ဟု ပြောခဲ့သော်လည်း Eleven ကတော့ တပ် မတော်နှင့် ပြည်သူအကြား ရန်တိုက် ပေးဆဲပင် ဖြစ်နေသည်ကို တွေ့ရသည်။

ထိုထက်ဆက်ပြီး ဖတ်ကြည့်ရာတွင်တော့ နိုင်ဟံသာ၏ အင်တာဗျူးနှင့် ဖက်ဒရယ် ဘာလဲ ဘယ်လဲဆိုသည့် ဆောင်းပါး ကို ထပ်တွေ့လိုက်ရသည်။ ဒို့တာဝန် အရေး(၃)ပါးကို နားမလည်သည့် အရေးအသားများနှင့် ၁၉၄၇ ထိ နောက်ကြောင်းပြန်လှည့်ချင်သည့် အရေးအသားများကို ဖောဖောသီသီ သုံးထားသည်။

အစမှ အဆုံး ဖတ်ကြည့်ပြီးနောက်တွင်တော့ လွှတ်တော်ကိုယ်စား လှယ်ကြီးများ ကို စော်ကားသည့် ကာတွန်း များ၊ ပြည်သူနှင့် အစိုးရ အကြား အထင်အမြင် လွဲမှားစေသည့် အသုံးအနှုံး ဖော်ပြချက်များ၊ တိုင်းရင်း သား လက်နက်ကိုင်များနှင့် တပ်မတော် အကြား သွေးခွဲမှုများ အပြည့် ဖြစ်နေသည်ကို တွေ့လိုက် ရသည်။

မြန်မာနိုင်ငံတွင် ထိုသို့ ဂျာနယ်တွင် ဖော်ပြချင်ရာ ဖော်ပြပြီး အစိုးရကို အပုပ်ချခွင့် ရှိနေသည့်နောက် ဘာကြောင့် ဒေါက်တာဆိတ်ဖွားကို ရှာဖို့ စုံစမ်းရေး ကော်မရှင် ဖွဲ့နေသနည်း။ ၀န်ကြီးဌာနမှ ရေးဆွဲပြီး ပြည်သူ များ မဲပေးထားသည့် ကိုယ်စားလှယ်များ ဆွေးနွေးဖို့ တင်သွင်းသည့် ဥပဒေမူကြမ်းကို လွှတ်တော်ပြင် မှ မီဒီယာ ခေါင်းစဉ်တပ်ပြီး စိတ်တိုင်းကျ ပုတ်ခတ်လို့ ရပါသလား။ မီဒီယာဆိုပြီး အစိုးရနှင့် အုပ်ချုပ် သူ အားလုံးကို စိတ် တိုင်းကျ အပုပ်ချခွင့်ရနေသည့် ခေတ်ကို ရောက်နေပြီလား။ ကိုယ့်ရဲ့ မကျေနပ် ချက်ကို ဆိုင်းဘုတ် ထောင်ပြီး ကိုယ့်အိမ်ရှေ့တွင် ချိတ်ဆွဲကာ အစိုးရနှင့် လွှတ်တော်ကို ကန့်ကွက်ခွင့် ရနေပြီလား ဆိုသည့် အတွေးများဖြင့်…

OPP

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်