အော်စလို၊ မတ် ၅ ။
တာလီဘန်များ၏ သေနတ်ဖြင့်ပစ်သတ်ခံရပြီး ကမ္ဘာကျော် ခဲ့သည့် ပညာရေးလှုပ်ရှားသူ ပါကစ္စတန် မှကျောင်း သူလေးမာလာလာ ယူဆွတ် ဇိုင်၊ ကိုလံဘီယာသမ္မတ ဟွမ်မနျူရယ် ဆန်းတို့စ်၊ မြန်မာသမ္မတ ဦးသိန်စိန် တို့သည် ယခုနှစ်အတွက် ချီးမြှင့်မည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ကြိုတင် ခန့်မှန်း စာရင်းတွင် ပါဝင်နေ ဖွယ်ရှိကြောင်း ရိုက်တာ သတင်းက ဖေါ်ပြလိုက်သည်။
ယခုနှစ် ငြိမ်းချမ်းရေး ဆုရှင်များ စာရင်းတွင် ကန် သမ္မတဟောင်း ဘီလ်ကလင်တန် မှာလည်း ပါဝင်ဖွယ် ရှိသကဲ့ သို့၊ ရုရှားမှ သမ္မတ ပူတင်အား လှောင်ပြောင် သီချင်း ဆိုခဲ့သည့် နာမည်ကျော် မိန်းကလေး ပန်ခ်ဂီတအဖွဲ့  ပူစီရီးယော့စ်အဖွဲ့ တို့လည်း ပါဝင်နေကြောင်း သတင်းက ဆိုသည်။
နော်ဝေနိုဗယ် ဆုရွေး ချယ်ရေးကော် မတီသည် ယခုနှစ် အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆု ဆန်ကာ တင်စာ ရင်း တွင်ဆုပေး ရန် အမည် စာရင်း တင်သွင်းမှု စံချိန်တင်အရေအတွက်ရရှိခဲ့ကြောင်း ဆိုသည်။
နော်ဝေနိုဗယ်ကော်မတီ၏ ဒါရိုက်တာ ဂိုင်ယာ လွန်းဒတ်စတတ်က “ဒီဆု (ငြိမ်းချမ်ရေးဆု) ကတော့ အရေးပါမှုနဲ့ အာရုံစိုက်ခံရမှုတွေ ဆက်လက် ရရှိနေဆဲပါ။ အမည်စာရင်း တင်သွင်းထားတဲ့အထဲမှာ သမ္မတွေ၊ ဝန်ကြီးချုပ်တွေ၊ ယခင်ဆုရှင်ဟောင်းတွေ ပါနေပါတယ်။ စာရင်းထဲမှာအဟောင်းတွေနဲ့ အတူ အသစ်တွေလည်းနေပါတယ်” ဟုပြောကြားသည်။
ယခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဗယ် ဆုရှင် အဖြစ်ရေပန်း အစား ဆုံး ပါကစ္စ တန်ကျောင်းသူ မာလာလာ မှာ အသက် ၁၅ နှစ်သာ ရှိသေးသည်။ ဆု ရခဲ့ပါက သူမသည် အသက် အငယ်ဆုံးနိုဗယ် ဆုရှင် ဖြစ်လာ မည်ဖြစ်သည်။
သူမ ဆုရနိုင်ခြေနှင့် ပတ်သက်၍ အော်စလို ငြိမ်းချမ်းရေး သုတေသန အင်စတီ ကျုမှ ဒါရိုက်တာ ခရစ်စတီ ယန် ဘာ့ဂ်ဟပ်ဗစ်ကန်က အသက် အငယ်ဆုံး အရွယ်နဲ့ ရတဲ့ နိုဗယ်ဆုရှင်တွေဟာ အသက် ၃၀ အတွင်းဖြစ်ကြ တာများပါတယ်။ ၁၅ နှစ်အရွယ်ကိုပေးဖို့ကတော့ ခက်ခဲပါလိမ့်မယ်” ဟု ခန့်မှန်းပြောကြား သည်။
နော်ဝေနို ဗယ်ဆုရွေး ချယ်ရေးကော် မတီသည် ၎င်း၏နိုဗယ် ဆုရှင်များ ဆန်ကာ တင် စာရင်းကို မည်သည့် အခါမှ ကြိုတင်၍ ကြေငြာလေ့ မရှိ သော်လည်း ကမ္ဘာတစ်ဝန်းမှအဖွဲ့ အစည်းနှင့် လူပုဂ္ဂိုလ် များကမူ ဆုအတွက် အမည်စာရင်းတင်သွင်းခြင်း၊ ဆုရနိုင်ခြေရှိသူများကို ခန့်မှန်းဖေါ်ပြခြင်းများ ပြုလုပ်လေ့ ရှိကြသည်။
ယခုနှစ် အတွက် ငြိမ်းချမ်းရေးနိုဗယ် ဆုရမည့် သူကို လာမည့် အောက်တိုဘာ ၁၂ တွင် ကြေငြာ သွားမည်ဟု သိရသည်။
Ref: Reuters
The Myanmar Age
Time in Rangoon


0 comments:
Post a Comment