Wednesday, March 06, 2013

ဘင်္ဂလာဒေခ်ျ့တွင် လူနည်းစု ဟိန္ဒူဘာသာဝင်များ ဆက်လက် တိုက်ခိုက်ခံနေရ

Posted by drmyochit Wednesday, March 06, 2013, under | No comments


ဘင်္ဂလာဒေခ်ျ့ တွင် လူနည်းစု ဟိန္ဒူ လူမျိုးများ ဆက် လက် တိုက်ခိုက်ခံနေဆဲ ဖြစ်သည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေ ခ်ျ့ သတင်းစာများက ရေးသား ဖေါ်ပြ သည်။

နိုင်ငံ အနှံ့အပြားရှိ ဟိန္ဒူအမျိုးသားများပိုင် ဈေးဆိုင် များ၊ နေအိမ်များနှင့် ဘုရားကျောင်းများကို ယမန်နေ့ ကလည်း ၀င်ရောက် တိုက်ခိုက် မီးရှို့ ဖျက်ဆီးမူများ ရှိခဲ့သည်ဟု ဆိုသည်။


အင်္ဂလိပ် လိုထုတ်ဝေသော  The Daily Star သတင်းစာကြီးက “ Jamaat continues attacking Hindus” ခေါင်းစည်းဖြင့် ယနေ့ ဖေါ်ပြသော သတင်းတွင် ခူလနာခရိုင်မြို့တွင် ဂျာမတ် ချီဘီနှင့် ဘီအန်ပီ အဖွဲ့ဝင် ၃၀၀ ခန့်သည် ယမန်နေ့ ချီတက် ဆန္ဒပြစဉ် ဟိန္ဒူလူမျိုးများ၏  နေအိမ်များနှင့် ဈေးဆိုင်များကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဖေါ်ပြသည်။

အဆိုပါ တိုက်ခိုက်စဉ် အတွင်း သက်ကယ်မိုးအိမ် ရှစ်လုံး  မီးရှို့ခံခဲ့ရပြီး အသက်လု ထွက်ပြေးလာကြသော ဟိန္ဒူလူမျိုးများ လက်ထဲမှ ပစ္စည်းများကိုလည်း လုယူသွားကြောင်း ဖေါ်ပြသည်။

တိုက်ခိုက်သူများသည် ချက်ချင်း အနီးအနားရှိ Amadi ဈေးအတွင်းသို့  ၀င်ရောက်လာပြီး ဟိန္ဒူလူမျိုးများပိုင် ဈေးဆိုင် (၈) ခုမှ (၁၀) အကြားရှိ ဈေးဆိုင်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များ မရောက်လာမှီထိ လုယက်သွားခဲ့ကြသည်ဟု အဆိုပါ သတင်းစာတွင် ဖေါ်ပြသည်။

တိုက်ခိုက်မူကြောင့် အမျိုးသမီးနှင့် ကလေးငယ် တစ်ဦးတို့ကိုလည်း ဆေးရုံ တင်ပို့ခဲ့ရသည်ဟု ဆိုသည်။

အလားတူ Lalmonirhat ၊ Gopalganj ၊ Singra ၊ Satkania စသည့် မြို့များမှ ဟိန္ဒူ ဘုရားကျောင်း များလည်း မီးရှို့ ဖျက်ဆီးခြင်းခံခဲ့ရသည်။

ယခုကဲ့သို့ လူနည်းစုများကို တိုက်ခိုက်နေသဖြင့် ဟိန္ဒူ လူမျိုးများသာမက ဘင်္ဂလာဒေခ်ျ့ရှိ  ဗုဒ္ဓဘာသာ၊ ခရစ်ယာန် စသည့် လူနည်းစု လူမျိုးများလည်း သူတို့ လုံခြုံရေးကို အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

ဟိန္ဒူ လူနည်းစုများ အပေါ် တိုက်ခိုက်မူနှင် ပတ်သက်ပြီး အမေရိကန်နှင့် ဗြိတိန် အစိုးရတို့မှ စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောဆိုထားသည်။

 narinjara

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်