Wednesday, March 06, 2013

တပ်မတော်သား နှစ်ဦး ဟဲဟိုးမြို့ယာဉ်တိုက်မှုတွင် သေဆုံး

Posted by drmyochit Wednesday, March 06, 2013, under | No comments


ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆိုင်ကယ် စီးလာကြ သည့် ခြေလျှင်တပ်ရင်း အမှတ်  ၉၄ မှ တပ်ကြပ်ကြီး တဦး၊ တပ်သားတဦးသည် ရှမ်းပြည် နယ်၊ ဟဲဟိုးမြို့ စည်ပင်သာယာရုံးအနီးတွင် ခရီး သည် တင် ကားကြီးတစီးနှင့် မျက်နှာချင်းဆိုင် တိုက်မိပြီးနောက် ထိုနေရာတွင်ပင် သေဆုံး သွားကြောင်း သိရသည်။

ခရီးသည်တင်ကားမှာ တောင်ကြီးမြို့မှ ရန်ကုန်မြို့ သို့ ခရီးနှင်လာ သည့် ရွှေတောင်ရိုး အမြန်လေအိတ်ကားဖြစ်ကြောင်း  တောင်ကြီးရွှေတောင်ရိုးဂိတ်၏ အတည်ပြုပြောကြား သည်။


စည်ပင်ရုံးအနီးတွင်  အမြန်ကားသည် တဖက်ယာဉ်ကြောအတွင်း ရောက်ရှိသွားကြောင်း၊ မျက်နှာချင်း ဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ် နှင့်တိုက်မိကြောင်း၊  ဆိုင်ကယ်မောင်းနှင်လာသူ တကက မြစိန် (ကိုယ်ပိုင် အမှတ် ၆၂၇ ၄၃၈)၊  တသ မြင့်မွှေး ကိုယ်ပိုင်အမှတ် (၅၂၆၂၈၁)  တို့ ဒဏ်ရာ အပြင်းအ ထန် ရပြီး သေဆုံးခဲ့ကြောင်း  တောင်ကြီးမြို့ ယာဉ်ထိန်းရုံးမှ တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဟဲဟိုးရဲစခန်းက ယာဉ်မောင်းဖြစ်သူ ဇင်ဘိုအောင် ခေါ် ကိုဇွဲ (အသက် ၂၆ နှစ်) ကို  ယာဉ်(ပ)၁/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၀၄/က ဖြင့် အမှုဖွင့် အရေးယူ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သတင်းရ ရှိသည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး)
ဧရာဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်