Wednesday, March 06, 2013

အရွယ်မရောက်သေးသူ အမျိုးသမီးငယ်တစ်ဦး သားမယားအဖြစ်ပြုကျင့်ခံရ

Posted by drmyochit Wednesday, March 06, 2013, under | No comments


ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စုပိုင် တင်းတပ် (အပေါ်) ကျေးရွာနေ (အဘ) ……………. ၏ သမီးဖြစ် သူ အသက် (၁၂) အရွယ်ရှိ မ………………….. အား တစ်ရွာတည်းနေသူ နေမျိုး (၂၉) နှစ်မှ ဖျားယောင်း သွေးဆောင်ကာ သားမယားအဖြစ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်ပွားပုံမှာ စင်းတောင်ကျေးရွာအုပ်စုပိုင် တင်းတပ် (အပေါ်) ကျေးရွာနေ နေမျိုး ဆိုသူသည် တစ်ရွာ တည်းနေ မ ……………………….. အား ၎င်း၏နေအိမ်တွင် ကလေး သီချင်းခွေ အသစ်ရှိ သည်ဟု ဆိုကာ လာရောက်ကြည့်ရှု့ရန် ခေါ်ဆောင်လာခဲ့ပြီး နေအိမ်ရှိ တီဗွီစင်ရှေ့မှာပင် ပါးစပ် ပိတ်ကာ သားမယားအဖြစ် ပြုကျင့် ခဲ့ပါတယ်။ 


မ……………….. မှ အမဖြစ် သူနှင့် အိမ်နီးချင်းနေ သူတို့အား ငိုယိုပြောကြား ခဲ့တဲ့အတွက် မိခင်မှ မတ်လ (၅) ရက်နေ့တွင် ပင်လောင်း ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့သဖြင့် တရားခံ နေမျိုးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၆/၃၆၃ ) အရ အမှုဖွင့်အရေးယူရန် ဆောင်ရွက် လျက်ရှိ တယ်လို့ သိရပါတယ်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်