Wednesday, March 06, 2013

သန်လျင် ကညန မှ အထက်တန်း စာရေး ငွေပိုတောင်း ၊ မိမိ အမှား ၀န်မခံ မခြေမငံ ပြောဆိုသဖြင့် နိုင်ငံတော်ထံတိုင်စာပို့

Posted by drmyochit Wednesday, March 06, 2013, under | No comments


ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် အတွင်းရှိ က. ည.န ရုံးတွင် ယာဉ်မောင်း လိုင်စင်  သက်တမ်း သွားတိုးသူ တစ်ဦးက   ကညနမှ အကြီးတန်း စာရေးဒေါ် နှင်းမာလာစိုး အပေါ် အရေးယူ ပေးပါရန် နေပြည်တော် ပြည်ထဲ ရေးဝန်ကြီး ဌာနသို့ တိုင်စာ ပို့ထား ကြောင်း ပြောသည်။

မ——-သည် ၎င်းင်း၏(ခ)   လိုင်စင်အား(ဃ) လိုင်စင် အဖြစ်  ပြောင်း လဲရန် ပုံစံဖြည့် စွက်ခဲ့ ကြောင်း၊၎င်းင်းပုံစံ အား ဒုဦးစီးမှူး  ဒေါ်သဉ္စာအောင် ကိုယ်တိုင်စစ် ဆေးလက် မှတ်ထိုးပေးပြီးအကြီး တန်းစာရေး ဒေါ်နှင်းမာ လာစိုးထံ သို့ ပြန်တင် ထားကာ တစ်နာရီခွဲ   ကျော်ကြာစောင့် နေခဲ့ပြီး လိုင်စင်   ထွက်လာချိန် တွင်(ခ) လိုင်စင်သာ ထွက်လာသဖြင့် ပြန်လည်ပေးမြန်း  ရာအကြီးတန်းစာရေးဒေါ်နှင်းမာ လာစိုးက ၎င်း၏ အမှားအား ၀န်ခံ    ခြင်း မပြုသည့် အပြင် လိုင်စင်ပြု လုပ်သူ မ——–အား နိုင်ထက် စီးနင်းပြော ဆိုသဖြင့် မ——က  နေပြည်တော် ပြည်ထဲရေး ၀န်ကြီး    ဌာနနှင့် သက်ဆိုင်ရာ ဌာန အသီးသီး    သို့ တိုင်စာများ ပို့ကာ တည်ဆဲ ဥပဒေ များအရ အရေးယူပေး ပါရန် တိုင်ကြား သွား မည်ဖြစ်ကြောင်း    ၎င်းကပြောသည်။


““လိုင်စင်ဖိုး ငွေသွင်းတော့ (၅၅၀၀)ကောက်တယ် အာမခံ ကြေးကို ကိုယ်တိုင် သွားမ သွင်းနဲ့ ဝေးတယ် သူတို့ပြီး မှပေါင်းသွင်း ပေးမယ် လို့ပြောပြီး ယူတာ။ လိုင်စင်  အသစ်ပြန်ထွက် လာတော့(ခ) လိုင်စ်ပဲပြန် ထွက်လာ တယ်။ ကျွန်မ   လျှောက်တာ(ဃ)လို့ပြောတော့       ပြောမှမပြောခဲ့တာမပြောတော့ ရိုးရိုး သက် တမ်း တိုးတာ ပဲထင်တာ ပေါ့ပြောခဲ့ မှသိမှာပေါ့ အဲလိုက စပြီးအစုံ ပဲပြောတာ၊ ကျွန်မ ပုံစံမှာ  ဖြည့်ထားပြီး သားပြန်ကြည့် ကြည့် ဦးလို့ပြော လိုက်ယ်။ သူကပုံစံကို ကြည့်ပြီး (ဃ)ပြောင်း ရင်(ခ) ကို သက်တမ်း တိုး အသစ် လုပ်ပြီးမှ ပြောင်းလို့ ရတာနား မလည်ဘူး လားဆိုပြီးဟောက်ပြန်ရော။ ကျွန်မ  တော်တော် စိတ်ပျက် သွားတယ်။ တကယ်ဆိုရင်အကြီးတန်းစာရေး ဖြစ်တဲ့ သူကသာနားမလည်တာ(ခ)   လိုင်စင် အဟောင်း ပေးလိုက် (ဃ) လိုင်စင်ပြောင်းဆိုပုံစံဖြည့်သက်တမ်း    ကျော်နေရင်ဒဏ်ကြေးဆောင်၊ တကယ် ဆိုမှားသွား လို့တောင်းပန် ပါတယ်။ 

တခွန်းလောက်ပြော လိုက်၊မြန်မာလူမျိုးတွေပါနားလည်   ပေးတတ်ပါတယ်။အဲဒါကိုသူက      ပိုက်ဆံထပ် သွင်းခိုင်း တယ်ကျွန်မ  လဲ နဲနဲတော့ စိတ်ကတိုသွားပြီ ပိုက်ဆံထပ်မသွင်းနိုင်ဘူး ကျွန်မ   မှားတာမဟုတ် ဘူး လို့ပြောတော့  ပိုက်ဆံမသွင်းပဲဘယ်သူရဲ့ ဘာမို့    လဲတဲ့ အဲဒီစကားကြီးက သေသေ  ချာချာ စဉ်းစားရင်တော်တော် ဆိုး တယ်။တကယ်ဆို(၅၅၀၀)တောင်း တာကိုက လွန်တာအမှန်ကသုံး ထောင်ကျော် ပဲကျတာ ကျွန်မက  တိုင်မှာလို့လဲပြောခဲ့တယ်။လိုင်စင်  ဖိုးက ဘယ်လောက်လဲမေးတော့     ရှင်းမပြဘူး ၀န်ထမ်းတွေမပြေလည် လို့ လည်သလိုလုပ်နေကြတာကို   နားလည်ပါတယ်။

ပြေပြေလည် လည်တော့ ဆက်ဆံပေးပေါ့။သူ ပိုက်ဆံပိုယူတာ ကျွန်မကိုမခြေ မငံပြောတာတွေအားလုံး ကျွန်မ   recording လုပ်ထားတယ်၊တိုင်ကြား    ပါထိထိရောက်ရောက်အရေးယူ ပေးမယ်လို့ နိုင်ငံတော် ရဲ့လူကြီး မင်းတွေကပြောထားတာပဲ၊ ကျွန်မ  ဘက်ကမှန်တဲ့အတွက် ကျွန်မ တော့တိုင်မယ် ထိထိရောက်ရောက်    စစ်ဆေးပြီး ဘယ်လိုအရေးယူမလဲ ဆိုတာ စောင့်ကြည့်ရမှာပေါ့၊လို အပ်လို့ နေပြည်တော်က ကျွန်မ      ကိုခေါ်ပြီးစစ်မေးချင်လဲခေါ်ပါ    နေပြည်တော်မဟုတ်ဘူး မြန်မာ နိုင်ငံမြောက်ဖျား ထိခေါ်လဲသွား မယ်””ဟုပြောသည်။

အဆိုပါကိစ္စကိုမေးမြန်းရန် သန်လျင် က.ည.နသို့(၄.၃. ၂၀၁၃) ဖုန်းနံပါတ် ၀၅၆-၂၂၀၀၁သို့ ဆက်သွယ် မေးမြန်း ရာ ဖုန်းကိုင်သူအမျိုးသမီးမှခရိုင်မှူးမရှိ သဖြင့် ဖြေကြားခွင့်မ ရှိပါကြောင်း   အထက်သို့ ဆက် သွယ် ၍ခွင့်ပြုချက်  ရရှိမှသာဖြေကြားလို့ရမည်ဖြစ်သ ဖြင့် ခဏနေမှ ဖုန်းပြန်ဆက် ပါရန်  ပြောသည်။(၁၅)မိနစ်ခန့် အကြာ တွင် ဖုန်းပြန်ဆက်ရာ မည်သူမှ ဖုန်းကိုင်ခြင်းမရှိခဲ့ပါ။ 

ဒေါင်းအ၀ါ
Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်