Wednesday, March 06, 2013

ရန်ကုန်ကားသင်္ချိုင်း မီးလောင်မှုဖြစ်

Posted by drmyochit Wednesday, March 06, 2013, under | No comments

ရန်ကုန်မြို့ ကားသင်္ချိုင်းမှာ ဒီကနေ့ မီးလောင်မှု ဖြစ်ပွားတဲ့အတွက် ရန်ကုန်မြို့ဒေသအသီးသီးက မီးသတ် ကား အများ အပြား သွားရောက် မီးငြှိမ်းသတ်ခဲ့ရပါတယ်။ 

အင်းစိန်မြို့နယ်၊ သံမဏိစက်ရုံမှာ သံရေကျိုဖို့ စုပုံထားတဲ့ ကားဟောင်းတွေကို လောင်ကျွမ်းတာပါ။ 

ဒီကားတွေက ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး ယာဉ်အသစ်ဝယ်တဲ့ အစီအစဉ်ကြောင့် ဒီစက်ရုံမှာ လာပုံနေတာ ဖြစ်ပါတယ်။ 

ပျက်စီးဆုံးရှုံးမှုပမာဏကို မသိရသေးပါ။ 

စက်ရုံအဆောက်အအုံ၊ ပစ္စည်း ပစ္စယ မလောင်ဘူး၊ ကားဟောင်းတွေပဲ လောင်တာ ဆိုရင်တော့ ပျက်စီးဆုံးရှုံးမှု တန်ဘိုးကို တွက်ရခက်မယ် ထင်ပါတယ်။ 

ကားဟောင်းပုံတနေရာကနေ လောင်တာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ 

မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်ကို ဒီညပိုင်း ရုပ်သံသတင်း သို့မဟုတ် မနက်ဖြန် သတင်းစာမှာ ပါလာဖွယ် ရှိပါတယ်။

ဆက်စပ် -







0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်