Wednesday, March 06, 2013

ဓာတ်အားပေးစက်ရုံအနီး ဓာတ်လိုက်ပြီး မိန်းကလေးငယ်တဦးသေဆုံး

Posted by drmyochit Wednesday, March 06, 2013, under | No comments

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ဓာတ်အားပေး စက်ရုံအနီးဖြတ်သန်းသွားတဲ့ သားအဖ ၂ ဦး ဓာတ်လိုက်ခံရပြီး အသက် ၉ နှစ်ရွယ် သမီးဖြစ်သူက ပွဲချင်းပြီး သေဆုံးခဲ့ပါတယ် ။

ကော့သောင်းမြို့ သီရီမြိုင်ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းမှာနေထိုင်တဲ့ ဦးဝင်းစိန် နဲ့ သမီးဖြစ်သူ မလှိုင်သက်ထွေးတို့ဟာ ဒီကနေ့မနက် ၇ နာရီလောက်က နံနက်ခင်းလမ်းလျှောက်ရင်း ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံတခုရဲ့ ဓာတ်တိုင်မှာ ဓာတ်လိုက်ခံခဲ့ရ တာဖြစ်ပါတယ်။

ဖခင်ဖြစ်သူက အရင်ဓာတ်လိုက်ခံရတာမှာ သမီးဖြစ်သူကို လှမ်းဆွဲတော့ သမီးပါ ဓာတ်လိုက် ခံရပြီး နေရာတင်ပွဲ ချင်းပြီး သေဆုံးခဲ့တယ် ၊ အဖေကိုတော့ ကော့သောင်းပြည်သူ့ဆေးရုံ အရေးပေါ်ဌာနမှာ တင်ထားတယ်လို့ မိန်းကလေးရဲ့ နာရေးကိစ္စ လိုက်ကူပေးနေတဲ့ ကော့သောင်းဒီမိုကရက်တစ်ပါတီက ပြန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ပြောပါတယ်။

အဲဒီ ဓာတ်တိုင်ဟာ ရွှေပြည်သာ နဲ့ အေးရိပ်ငြိမ် ရပ်ကွက် ၂ ခုကြားက သန်းဖြိုးသူ သတ္တုတူးဖော်ရေးနဲ့ ဓာတ်အားပေး စက်ရုံက စိုက်ထူတားတာဖြစ်တဲ့အတွက် ဖြစ်ဖြစ်ချင်း စက်ရုံတာဝန်ရှိသူတွေ ရောက်လာပြီး မီးလောင် ပျက်စီး သွားတဲ့ ဓာတ်တိုင် ကို ပြန်ပြင်ခဲ့တယ် ၊ ထိခိုက်သေဆုံးသုတွေအတွက်တော့ ဘယ်လို တာ ၀န်ယူဆောင်ရွက်ပေးမလဲဆိုတာ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

သတ္တုလုပ်ငန်း နဲ့ ဓာတ်အားပေးလုပ်ငန်းကနေ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နဲ့ အနီးရှိပြည်သူတွေ အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် လူနေရပ်ကွက်အနီးဆောက်လုပ်ထားတဲ့ အဲဒီစက်ရုံကို ဒေသခံနဲ့ လူမှုအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဆန္ဒပြကန့်ကွက်မှုတွေ လုပ်ခဲ့ပါသေးတယ်။

DVB TV News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်