Wednesday, March 06, 2013

တရားမ၀င်ကာမစိတ်ကြွဆေး ရောင်းချမှုဖြင့် အရောင်းဝန်ထမ်း မိန်းကလေးနှစ်ဦးကိုသာ အရေးယူပြီး လုပ်ငန်းပိုင်ရှင်အား အရေးမယူသော ဖြစ်စဉ်ပေါ်ပေါက်ခဲ့

Posted by drmyochit Wednesday, March 06, 2013, under | No comments

စိန်ဂေဟာဆေးကောင်တာနှင့် တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange) ဆေးကောင် တာ တို့မှ တာဝန်ကျဝန်ထမ်း မိန်းကလေးနှစ် ဦးကို တရား မ၀င် ကာမ စိတ်ကြွဆေး ရောင်းချ သည် ဟုဆိုကာ သက် ဆိုင် ရာမှ တည်ဆဲဥပဒေများနှင့် အရေး ယူဆောင်ရွက် လျက် ရှိကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိဝန်ထမ်းတစ်ဦးက ဖေဖော်ဝါ ရီလ ၂၆ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ တာဝန် ရှိသူက ပြောကြား ရာတွင် တရားမ၀င် ကာမ စိတ်ကြွဆေး ရောင်းချမှုကို တားဆီးရန် ပညာပေး ကာလ အဖြစ် ၅ ရက်ကြိုတင်အကြောင်းကြားပြီးဖြစ်ကြောင်း၊ ပညာပေးကာလ ကျော်လွန်၍ စိစစ်အရေး ယူဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ ကာမစိတ်ကြွဆေးများသည် တရားဝင်ခွင့်ပြု ထားသော ဆေးဝါးများမဟုတ်ကြောင်း ပြောကြားသည်။

တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange) ဆေးကောင်တာမှ တာဝန်ကျအမျိုးသမီးက “ကျွန်မ ဒီတော် ၀င်စင်တာ (Orange) ဆေးကောင် တာမှာ တာဝန်ထမ်းဆောင်တာ တစ်လခွဲခန့်သာ ရှိသေးတယ်။ လခ ကတော့ ငါးသောင်းကျော် ရပါတယ်။ ကျွန်မတာဝန်က ဆေးကောင်တာဆိုတော့ရောင်းနေတဲ့ဆေးတွေက တရားဝင်ေ ဆးဟုတ်၊ မဟုတ်ဆိုတာ ဘယ်သူမှပြော မထားဘူး။ ယူထားတဲ့ တာဝန်က ဒီကောင်တာ မှာရှိတဲ့ပစ္စည်း တွေကိုလာဝယ်တဲ့သူရှိရင် ရောင်းဖို့ပဲ။ ၀န်ထမ်းဆိုတာ ကုမ္မဏီက ပေးတဲ့တာ ၀န်ကိုကျေပွန်အောင် ဆောင်ရွက်ရတာ။ လာဝယ်တဲ့ ပစ္စည်းကို မရောင်းချင်ဘူးလို့ငြင်းခွင့်မရှိဘူး။ ပေးတာ ယူ၊ ခိုင်းတာလုပ်ရတာ ကျွန်မတို့ ၀န်ထမ်းတွေပါ။တောမှာ အနေအထားခက်ခဲလို့ မြို့တက်ပြီး သင် တန်းတွေ တက်ရင်း ၀န်ထမ်းလုပ်ခါမှ အချုပ်ခန်းထဲရောက်ရတာ ရင်နာလို့ မဆုံးပါဘူးရှင်။ မိကောင်းဖခင် သားသမီး တစ်ယောက်ပါ။ ဖြစ်စဉ်တွေကို နယ်ကမိဘတွေ စိတ်ဆင်း ရဲမှာကြောက်လို့ မိဘတွေကို အသိမပေး ခဲ့ဘူး။ ဒီပစ္စည်းပိုင်ရှင်က ကျွန်မ မဟုတ်ဘူး” ဟု ပြောသည်။

စိန်ဂေဟာ ဆေးကောင်တာမှ အရောင်းမန်နေဂျာ အမျိုးသမီးက “ဆေးတွေ မိတော့ တာဝန်ကျနေတဲ့ ညီမလေး တွေက ငိုပြီး ကျွန်မထံကိုပြေးလာတော့ သက်ဆိုင်ရာ စစ်ဆေးတဲ့ ၀န်ထမ်းတွေက သက်သေ ခံအဖြစ် ဒီစာရွက်တွေပေါ်မှာ လက်မှတ်ထိုးပြီးရင် စခန်းခဏ လိုက်ခဲ့ပါဆိုပြီး စခန်းရောက်တော့ အချုပ်ထဲ မ၀င်ရင် ဆွဲသွင်းမယ်ပြောပြီး အချုပ်ထဲရောက်ခဲ့ရတယ်။ ဥပဒေ၀န်ထမ်းတွေ၊ ၂၄ နာရီ ပြည်သူ့ဝန် ထမ်းတွေက ဒီပစ္စည်းရဲ့ ပိုင်ရှင်ကို မသိတာလား။ ကျွန်မတို့က ၀န်ထမ်းပါ အထက်ကခိုင်းရင်တော့ လုပ်ရမှာ ပဲ။ ကိုယ်က လုပ်အားရောင်းတယ်။ အလုပ်ရှင်က လုပ်အားဝယ်တယ်။ အဖြေကရှင်းပါတယ်” ဟုပြော သည်။

ဥပဒေပညာရှင်တစ်ဦးကလည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ “ကျွန်တော် တစ်ခါ ကြုံဖူးတယ်။ ကာစီနို ကစား နည်း အကြွေတွေနဲ့ ဆော့တဲ့ကစားနည်းလေ။ ပိုင်ရှင်က တိုင်းတစ်ပါးသား၊ ၀န်ထမ်းတွေက မြန်မာပြည် သူတွေ၊ တကယ်တမ်းအဖမ်းခံရတော့ ကိုယ့်မြန်မာ လူမျိုးတွေ ပိုင်ရှင်က သံတမန် နည်းအရ ကင်းလွတ်ခွင့် ရပြီးသူ့နိုင်ငံပြန် သွားတယ်။ ဒီအတွက်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလ ရင် မြန်မာနိုင်ငံ က ၀န်ထမ်းတွေအတွက် အကာအကွယ်ပေးမယ့် ဥပဒေဆိုတာ မရှိတော့ဘူးလား။ အလုပ်သမား အခွင့်အရေးတွေ ဆုံးရှုံးတဲ့အတွက် လူသားချင်း စာနာထောက်ထားပြီး ကာကွယ်ပေးဖို့ ဥပဒေပြင် ဆင်တာ ပြဋ္ဌာန်းတာတွေကို လွှတ်တော်မှာ လုပ် ဖို့သင့်ပြီ” ဟု သုံးသပ်ပြောဆိုခဲ့သည်။

အဆိုပါဖြစ်စဉ် များကို ဒဂုံ မြို့နယ်ရဲစခန်းမှ (ပ)၃၃/၁၃ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး အမျိုးသား ဆေးဝါး ဥပဒေပုဒ်မ၁၈ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြစ်မှုမြောက်ပါက ထောင်ဒဏ် တစ်ရက်မှ ခုနစ်ရက် အထိ ဖြစ်စေ၊ ငွေဒဏ်ငါးထောင်မှ ငါးသောင်းအထိဖြစ်စေ ပြစ်ဒဏ်
ချမှတ်နိုင်ကြောင်း ထပ်မံပြောကြားခဲ့သည်။

အလုပ် သမား နစ်နာမှုများကို ကူညီဆောင်ရွက်ပေးသူ ကြည့်မြင်တိုင်မြို့နယ်မှ ကိုထွန်းအောင်ကျော်က ၀န်ထမ်းတွေ မနစ်နာရေးအတွက် ILO ရုံးများကို တင်ပြပြီး ရှေ့နေများဖြင့် ကြိုးစားဆောင် ရွက်ပေး သွားမည်ဟု ပြောကြား ခဲ့သည်။


From မောင်ကျောက်ခဲ အဖွဲ့

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်