ခပ်လှမ်းလှမ်း မှပင် ကြားနေရ သော စွာကျယ် ကျယ် အသံတို့က မနှစ်မြို့စရာမို့ လက်ဖက်ရည် ဆိုင်ထိုင် လူ အတော် များများက လှမ်း လှည့်ကြည့် ကြသည်။ နုပျိုသော အသံ များဖြစ်သော်လည်း ကြားနေ ရသည့် အဓိပ္ပာယ်ကတော့ မယဉ် ကျေး။ ယင်းအသံပိုင် ရှင်တို့ကား စွန့်ပစ်အ မှိုက်ကောက် သည့် က လေးငယ်အုပ်စုဆီမှ လွင့်ပျံလြာ ခင်း ဖြစ် သည်။ တစ်ယောက် နှင့်တစ် ယောက်တွန်း ထိုးနောက် ပြောင်ရင်း အုပ်စုဖွဲ့လှမ်းလာသည့် သူတို့ခြေ လှမ်းတို့က ခပ်ယိုင်ယိုင်။သူတို့နှုတ် မှ ထွက်လာ သည့်စကား သံတို့မှာ သူတို့ပင် သေသေ ချာချာ နားလည် သဘောပေါက် ပါရဲ့လားမသိ ရသည့် ခပ်ရိုင်းရိုင်း အသုံးအနှုန်း တို့ဖြင့် ပြည့်နှက်နေ သည်။
သူတို့လက်ထဲမှ ကိုင်ထား သည့်အရာက သတိထားကြည့်စရာ မလိုဘဲနှင့် ကော်ဘူးမှန်း သိသာလှ သည်။ အဖုံးကိုဖွင့်ဖွင့်ပြီး ရှူရှိုက်နေ သည့် သူတို့ဟန်ပန်က တရှိုက် မက် မက်နှင့်မို့ ယင်းကိုပင်သူတို့အတွက် ထွက်ပေါက်တစ်ခုသဖွယ် ဖက်တွယ် မိနေပြီလားအတွေးပွားစရာ။
”အဲဒီဘူးတွေက ဘယ်မှာမဆို ဝယ်လို့ရတယ်။ ထိုင်းက လာတာ ထင်တယ်ဗျ။ ဈေးကလည်း လေး၊ ငါးရာပဲ ရှိတော့ သုံးတာပေါ့။ ဒီ ကောင်က ရှူလိုက်ရင် အစာအိမ် ထဲမှာ အောက်စီဂျင်ပြတ် သလိုဖြစ် ပြီး မူးလာရော၊ ဗိုက်လည်း မဆာ တော့ဘူးလေ။ ဒီကလေးတွေကို ခဏခဏကို တွေ့နေရတယ်” ဟု လမ်းမတော်မြို့နယ်မှ ဂစ်တာသမား ဒီမွန်က ပြောသည်။
Popular Myanmar News Journal
Time in Rangoon


0 comments:
Post a Comment