Thursday, April 04, 2013

ပင်လယ်ဘူးမြို့နယ်အောင်ပင်ရွာတွင်မူးရစ်ဆေးများဖမ်းဆီးရမိ

Posted by drmyochit Thursday, April 04, 2013, under | No comments


စစ်ကိုင်းတိုင်းဒေသကြီး၊ပင် လည်ဘူးမြို့နယ်၊အောင်ပင်ရွာ အနီးရှိ လယ်တဲထဲတွင် ဘိန်းဖြူ နှင့် ပတ်သက်သော ပစ္စည်း များကို   ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ မတ်လ ၂၄ရက်  နံနက် ၁၁နာရီခန့်က ပင်လည်ဘူး   ရဲစခန်းမှ ဒုရဲအုပ်ကြည်စိုးနှင့်အဖွဲ့  သည် အောင်ပင် ရွာနေ ဦးမြင့်ရွှေ  (၃၅)နှစ် ကံကုန်းအုပ်စု၊အောင်ပင်  ရွာ၊ပင်လယ်ဘူးမြို့နယ်တွင်နေသူ  ၏ လယ်တဲ တွင်းသို့ သက်သေများ  နှင့်အတူ သတင်းအရ ၀င်ရောက်  ရှာဖွေရာဦးမြင့်ရွှေ၏နေအိမ်ထောင့် ရှိမြင်းချေးရောင် လွယ်အိတ် အ တွင်း  မှ သက်သေ ခံပစ်္စည်းများရှာဖွေ  တွေ့ရှိခဲ့သည်။ ယင်းရှာဖွေ တွေ့ ရှိ   သော ပစ္စည်းများမှာ ဘိန်းဖြူဟု  ယူဆရသော အဖြူရောင်အမှုန့်   အလေးချိန် ၈ဒသမ ၇၀ဂရမ်ခန့်   ပါ ကော်ဘူး တစ်ဘူး၊ ကာလတန်ဖိုး   ၈၇၀၀၀၀ကျပ်၊ ဘိန်းဖြူဟုယူဆရ   သော အဖြူမှုန့် အလေး ချိန် ၂ဒသမ၇၂၂ဂရမ်ခန့်ပါ ကော်ဘူး  တစ်ဘူး၊ ကာလတန်ဖိုး၂၇၀၀၀ကျပ်၊  ဘိန်းမည်းဟု ယူဆ ရသော  အမည်း   ရောင်စေး အလေးချိန် ၂၄ဒသမ  ၄၉ဂရမ်အထုပ်တစထုပ်၊ဘိန်းရှုရာ   တွင်အသုံးပြုသော ခတ်ပုံ အလေး  ချိန် ၄ဒသမ ၂ဂရမ်ခန့်ပါအထုပ်  တစ်ထုပ်၊မူးယစ်ဆေးဝါး၊ဘိန်းဖြူ၊   ဘိန်းမည်း ချိန်တွယ် ရာတွင် အသုံး   ပြုသော ချိန်ခွင် အသေး တစ်ခု၊ အရိုး      ရှစ်လက်မခန့် ဓားမြောင်တစ်ခု၊ ငွေစက္ကူရောရာ ၃၇၀၀၀ ကျပ်၊ ဘိန်းဖြူထည့်ရာတွင်အသုံးပြုသော  ပင်နီဆီလင် ပုလင်းအလွတ်တစ်လုံး  မူးယစ်ဆေးဝါး ချိန်တွယ် ရာတွင်   အလေးအဖြစ်အသုံးပြုသော  အကြွေစေ့များကိုသိမ်းဆည်းရမိ   ခဲ့သည်။ ဦးမြင့်ရွှေအား ပင်လည် ဘူးမြို့နယ် ရဲစခန်းမှ မယ(ပ)၁၈/ ၂၀၁၃၊ ပြစ်မှုပုဒ်မ၁၅/၁၉(က)/၂၀ (က)/၂၁အရ အရေးယူထားပြီး     စစ်ဆေး နေကြောင်းသိရသည်။





ကိုကိုညိမ်း(ကောလင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်