Thursday, April 04, 2013

WCDMA (3G) ဖုန်းဆင်းကတ် ကယားနှင့် ချင်းပြည်နယ်ကို ရောင်းချမည်

Posted by drmyochit Thursday, April 04, 2013, under | No comments


ဧပြီ ၂၄ ရက်မှာ ငွေကျပ် ၁၅၀၀ နဲ့ ရောင်းချမယ့် တယ်လီဖုန်းဆင်းကတ် တမျိုးဖြစ်တဲ့ WCDMA (3G) ဖုန်းဆင်း ကတ်တွေဟာ ကယားနဲ့ ချင်းပြည်နယ် ကို ရောင်းချဖို့ ဖြစ် တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ဒုတိယ အင်ဂျင်နီယာချုပ် ဦးစိုးအောင် က ပြော ပါ တယ်။

မြန်မာ့ ဆက်သွယ်ရေး က ဧပြီ ၂၄ ရက်မှာ စ တင်ရောင်း ချမယ့် ဆင်းကတ်တွေ ဟာ CDMA-800 နဲ့ WCDMA (3G)  ဆင်းကတ်တွေ ဖြစ်တယ်လို့ ဆိုပါ တယ်။

အသုံးပြုလို့ ရမယ့် ဟမ်းဆက်တွေနဲ့ ပတ်သက်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဖုန်း ဌာန ဒုတိယ အင်ဂျင် နီယာချုပ် ဦးစိုးအောင်က “၈၀၀ သည် ၈၀၀ ဟမ်းဆက်မှပဲ ရမယ်။ WCDMA ဟမ်းဆက် ဆိုတာ မြင့်နေ မှရမယ်။ 3G ဟမ်းဆက်ပဲ ထည့်လို့ရမယ်။ တချို့နေရာတွေမှာ ဂျီ (ဂျီအက်စ်အမ်) ပဲ ရတဲ့နေ ရာတွေ ရှိတယ်။ ဒဗလျူ ရပေမယ့် ဒဗလျူ ဟမ်းဆက်ထဲမှာ မထည့်ခဲ့ ဘူးဆိုရင် မရဘူး။ WCDMA ဟမ်း ဆက်တွေ မြင့်တယ်။ 3G ထည့်မှ နားလည်တယ်။ နက်ဝ ဆီလည်း သွားပြီး အလုပ် လုပ်တယ်။  3G ဟမ်း ဆက်ဖြစ် မှ အ ဆင်ပြေမယ်” လို့ ပြောပါတယ်။

လိုင်းကျပ်တာမျိုး မဖြစ်အောင် ပြင်ဆင်ထားကြောင်းလည်း ပြောပါတယ်။

အခု ရောင်းမယ့်ဖုန်းဆင်းကတ် အေရအတွက်နည်းတာမို့ ထူးထူးကဲကဲ ရောင်းရလိမ့် မထင်ဘူးလို့ ရန်ကုန်မြို့ လူကြီးမင်း ဖုန်းစင်တာက အထွေထွေမန်နေဂျာ ဒေါ်ဇာခြည်လင်းက ပြောပါတယ်။

“ကတ်အရေအတွက်ကလည်း နည်းတဲ့ အတွက်ကြောင့် အရင် ၂ သိန်းလောက် သိပ်ပြီး ဟမ်းဆက်ဈေး ကွက်ကို မလှုပ်ဘူးလို့ ထင်ပါတယ်။ အရင် ၂ သိန်း တုန်းကဆို ကုမ္ပ ဏီတွေက လည်း ရတယ်၊ ဆိုင်တွေ ကလည်း ရတယ်၊ ပြီးတော့ အများကြီးလည်း ထွက်တယ် ဆိုတော့ အခုချိန်မှာ limit လည်း သတ်မှတ် ထားတော့ အရေအတွက်က လိုချင်သလောက် မရတော့ ဈေးကွက်က အရင် သိန်းလောက်တော့ မလှုပ်လောက် ဘူး မြင်ပါတယ်။”

ဒီအရင် ၂ သိန်းတန်ဖုန်းက အရေအတွက် ၁ သန်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။

၁၅၀၀ တန် ဆင်းကတ်တွေကို ပြည်နယ်နဲ့ တိုင်းအစိုးရတွေ အစီအစဉ်နဲ့ ရောင်းချတဲ့ နေရာမှာ ပွင့်လင်းမြင် သာမှု ရှိရှိ ရောင်းချဖို့ လိုတယ်လို့ ပေါ်ပြူ လာဂျာနယ် အယ်ဒီတာ ဦးမျိုးညွန့်က ပြောပါတယ်။

“ဖုန်းဈေးတခုဟာ နိုင်ငံတော် လျှို့ဝှက်ချက်မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်တယ်။ အဲလိုအေနအထားမှာ ဖုန်းနဲ့ ပတ်သက်တဲ့ program ဘာတွေ ရှိမယ်ဆိုရင်လည်း ဒီ program တွေနဲ့ ပတ်သက်ပြီး ပြည် သူတွေ ကို သေသေချာချာ ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်လို့ မြင်တယ်။ ”

အေခြခံလူတန်းစားတွေကေတာ့ ၁၅၀၀ နဲ့ ဖုန်းကိုင်လို့ ရြကေတာ့မှာမို့ ၀မ်းသာနြေကတယ်လို့ ပြောပါတယ်။

ဖုန်းဆင်းကတ် ၃ သိန်းခွဲကို ပြည်နယ်နဲ့တိုင်း အားလုံးမှာ ခွဲဝေရောင်းချပေးမှာမို့ လူနေထူထပ်တဲ့ ရန်ကုန်နဲ့ မန်တလေးမြို့ တွေမှာ စရောင်းတဲ့နေ့ တွေ ၀ရုန်းသုန်းကား ဖြစ်နိုင်မလား၊

တဆင့် ပြန်ရောင်းတာတွေရော ဖြစ်နိုင်မလားလို့ မန်တလေးက စာရေး ဆရာ သတင်းစာ ဆရာ ဦးကျော် ရင်မြင့် ကို မေးမြန်း ရာမှာ ဖြစ်မယ်မထင်ဘူးလို့ ပြောပါတယ်။

“အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ သူက လူတွေကို အကုန်လုံး ချရောင်းလိုက်မှာ မဟုတ်သေးဘူး။ ၀န်ထမ်း တွေက အချိုး ဘယ်လောက်၊ ဘာအချိုးဘယ်လောက်ဆိုပြီး အချိုးတွေပဲ ရှိသေး တယ်။ နောက် တခုက ဖုန်းမရသေးဘူးဆို တဲ့သူတွေကို ရောင်းမယ်ဆို တာမျိုးလည်း ရှိသေး တယ်။ ဈေးအတော် သက်သာ သွားတဲ့ အတွက် သာမန် လက်လုပ်လက်စား အတော်များများ ၀ယ်ချင်ကောင်း ၀ယ်ချင်လိမ့်မယ်။ ဒီအပေါ် ကနေပြီး အမြတ်ထုတ် တဆင့်ခံ ရောင်းဖို့ကလည်း အလား အလာကြီးတော့ ၀ရုန်းသုန်းကား ဖြစ်လိမ့်မယ်လို့ မထင်ဘူး။ လိုချင်တဲ့သူများပြီး အထိုက်အလျောက် တိုးဝှေ့ တာမျိုးတော့ ရှိရင်ရှိလိမ့်မယ်။”

ဧပြီ ၂၄ ရက်နေ့ ရောင်းမယ့် ဖုန်း ဆင်းကတ် တခုဖြစ်တဲ့ CDMA-800 ဖုန်းဟာ နိုင်ငံခြား ကိုပါ ခေါ်ဆို နိုင်မှာ ဖြစ်ပြီး ၁၅၀၀ တန်ဖုန်း ရောင်းချမယ့် အစီ အစဉ် တွေကို ဆက်လက် သတင်းထုတ် ပေးသွားမယ်လို့ အစိုးရ သတင်းက ဆိုပါတယ်။

From: DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်