ရန်ကုန် တိုင်း သာသနာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်
အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသ နာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြား ရေး မှူး သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန် တိုင်းဒေ သကြီး ၀န်းကြီးချုပ်နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင် ကြည်က “ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာန အနေနဲ့ တရားဝင် ဗလီ ဆိုပြီး ဆောက်ခွင့် ပေးတာ မရှိ ပါဘူး။ အစဉ် အလာ အရ တည်ဆောက်ပြီး ၀တ်ပြုတယ်။
သူတို့တွေ အစဉ်အလာအရ ဗလီတည်ဆောက်တာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မကန့်ကွက် တာပါ။ ဗလီတွေကို သူတို့ဘာသူတို့ ဆောက် တယ်။ အဲဒီဗလီမှာ သူတို့ဘာ သူတို့ စာသင် ကြတာပါ။ တရားဝင် ဗလီဆိုပြီး မရှိပါဘူး” ဟု သတင်းထောက် များအား ပြောကြားခဲ့သည်။
သာသနာရေး ၀န်ကြီးဌာန၏ စာရင်းများအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီစုစုပေါင်း ၁၄၀ ခန့် ရှိကြောင်း သိရှိရသည်။
ဗလီများတွင် လက်နက်များ စုဆောင်း ထားသည်ဟူသော လူထု အတွင်း ထွက်ပေါ်နေ သည့် သတင်းများ အရ မွန်ပြည် နယ် မော်လမြိုင်မြို့ရှိမောင်ငံဗလီသို့ ၀င်ရောက်စစ်ဆေးရာ လက်နက်များ စုစောင်းထားခြင်း မရှိကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဦးသက်ချိုက မီဒီယာများသို့ ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီအများဆုံး မြို့နယ်များမှာ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း၊ ဗိုလ် တထောင်၊ သန်လျင်၊ သာကေတ၊ ကျောက်တံတားမြို့နယ်များ ဖြစ်ကြသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် တွင် ဗလီ ၁၈ ခု၊ ပန်းဘဲတန်းတွင် ၁၁ခု၊ ဗိုလ်တထောင်တွင် ၁၀ ခု ရှိကြောင်း အကြမ်း ဖျင်း သိရှိရသည်။ ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ဗလီအများဆုံး ပြည်နယ်မှာ ရခိုင်ပြည် နယ်ဖြစ်ပြီး ဗလီပေါင်း ၁၀၀ ကျော် ရှိသည်ဟု သိရှိရသည်။ တစ်နိုင်ငံလုံး အနေဖြင့် ဗလီအရေ အတွက် ၇၀၀ ကျော်ရှိမည်ဟု ခန့်မှန်းကြသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အစ္စလမ် ဘာသာ ၀င်ပေါင်း သုံးသန်းဝန်းကျင်ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းကြသည်။
From: Eleven Media Group
Time in Rangoon


0 comments:
Post a Comment