Thursday, April 04, 2013

မိတ္ထီလာ ပဋိပက္ခတွင် သံဃာတော် တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ် ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ရက်ပိုင်းအတွင်း စွဲချက် တင်မည် ဟု တိုင်းဒေသကြီး ဥပဒေချုပ် ပြောကြား

Posted by drmyochit Thursday, April 04, 2013, under | No comments

မိတ္ထီလာမြို့ ပဋိက္ခ ဖြစ်စဉ်တွင် သံဃာတော် တစ်ပါးအား မီးရှို့သေ ဆုံးစေ မှုကို ကျူးလွန် ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ် ပွား ခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ယခုရက်ပိုင်းအတွင်း တရား ရုံးတွင် စွဲချက် တင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဖြစ်သူ ဦးရဲအောင်မြင့်က ဧပြီ ၃ ရက်နေ့ ညနေပိုင်းက Eleven Media Group သို့ ပြောကြား ခဲ့သည်။

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်း ၀ယ် ရာမှ သာမန် ခိုက်ရန် ဖြစ်ပွားကာ ပဋိပက္ခ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

ရွှေဆိုင် ဖြစ်စဉ်နဲ့ သံဃာတော် ကို သတ်တဲ့ ဖြစ်စဉ် တွေကို အမြန်ဆုံး ဆောင်ရွက်ဖို့ အတွက် ဒီနှစ်မှုကို ဒီ တစ်ရက်နှစ် ရက် အတွင်းမှာ စွဲချက် တင် သွားမယ်။ အမြန်ဆုံး စစ်ဆေးမယ်။ အမိန့် ချမယ်။

ပြီးရင် ထုတ်ပြန် ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေ ကိုတော့ ပြစ်မှု ဆိုင်ရာ ဥပဒေတွေ အတိုင်း ထိထိ ရောက် ရောက် ပြစ်ဒဏ် တွေ ချမှတ် သွားမယ်။ နာကျင် စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ် ခုနှစ်နှစ် ချလို့ ရတယ်။

ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံး ပြစ်ဒဏ် သေဒဏ် ထိ ချလို့ ရတယ်။ ပြစ်မှု ကျူးလွန် တဲ့ ပုဒ်မတွေ အတိုင်းပဲ ထိထိ ရောက်ရောက် ပြစ်ဒဏ် တွေ ချမှတ်သွားပါမယ် . . . . .

ရွှေဆိုင်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ နှစ်ဦးနှင့် ဆိုင်ဝန်ထမ်း တစ်ဦးအား ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂၊ ၂၉၄၊ ၃၂၅ တို့ဖြင့် လည်းကောင်း၊ သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှု ကျူးလွန် ခဲ့သူ လေးဦးအား ပုဒ်မ ၃၀၂၊ ၁၁၄၊ ၃၂၆၊ ၄၃၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အဆို ပါဖြစ် စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲ အောင်မြင့်က "ဒီမိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်မှာ ပါဝင် ကျူးလွန် ခဲ့တဲ့ လူတွေ အများ ကြီး ရှိတယ်။

အဲ့ဒီထဲကမှ ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံး ဆောင်ရွက်ဖို့ အတွက် ဒီနှစ် မှုကို ဒီတစ် ရက်နှစ်ရက် အတွင်းမှာ စွဲချက် တင်သွား မယ်။ အမြန် ဆုံး စစ်ဆေးမယ်။ အမိန့် ချမယ်။

ပြီးရင် ထုတ်ပြန် ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေ ကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေ အတိုင်း ထိထိ ရောက် ရောက် ပြစ်ဒဏ်တွေ ချမှတ် သွားမယ်။ နာကျင်စေ မှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရ တယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ ချလို့ရတယ်။

ပြစ်မှု ကျူးလွန်တဲ့ ပုဒ်မတွေအတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ်" ဟု ပြောကြား ခဲ့သည်။

ကျန်ရှိ နေသည့် ကျူးလွန်သူများကို ဆက်လက် စစ်ဆေးပြီး အမှုအား ခိုင်မာစွာ တည်ဆောက်ကာ စွဲချက် တင်ပြီး အရေး ယူသွား မည် ဖြစ်ကြောင်း လည်း သိရသည်။

မတ်လ ၂၀ ရက်နေ့က စတင် ဖြစ်ပွား ခဲ့သော မိတ္ထီလာ ပဋိ ပက္ခ ဖြစ် စဉ်ကြောင့် သေဆုံးသူ ၄၃ ဦး (ဧပြီလ ၃ ရက်နေ့ အထိ သိရှိ ရသော စာရင်းအရ) ထိ ရှိသွားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေး ရာနှင့် လုံခြုံရေး ၀န်ကြီး ဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော် မိုးထံမှ သိရသည်။

ယခု လက် ရှိ တွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် နေပြီ ဖြစ်ကြောင်း လည်း သိရသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်