Thursday, April 04, 2013

အိန္ဒိယ၊ နယ်ခြားစောင့်တပ်မှ မြန်မာနိုင်ငံသားတစ်ဦးကို လက်နက်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

Posted by drmyochit Thursday, April 04, 2013, under | No comments



တမူး၊ ဧပြီ ၄။
အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ် သည့် မြန်မာ ဘက်ခြမ်း တမူး ခရိုင်၊ မြို့သစ်မြို့နယ်ခွဲ၊ ဖိုင်ရန်ကျေး ရွာ (အနောက် ဘက် - ၃ မိုင်ခန့် အကွာ) နှင့် အိန္ဒိ ယနိုင်ငံ နန်းမလီကျေး ရွာကြား တွင် ဖိုင် ရန်ကျေးရွာသား ကိုဇော်မျိုးကို အိန္ဒိယ နယ်ခြား စောင့် တပ်ဖြစ်သည့် အာသံ-၄၄ တပ်ရင်း မှ တပ်ဖွဲ့ဝင် အချို့က လက်နယ် ငယ်ဖြင့် ပစ်ခတ် မှု ဖြစ်ပွားခဲ့ကြောင်း တမူး လူငယ် ကွန်ယက် မှ ပြောကြား ချက်အရ သိရသည်။

ဧပြီလ (၂) ရက်နေ့ တွင် ဖိုင်ရန် ကျေးရွာသား ကိုရဲမြင့်လှိုင်နှင့် ကိုဇော်မျိုး တို့ နှစ်ဦးသည် အိန္ဒိယ နိုင်ငံ ဖက်သို့ အမဲ သားများ သွားရောက် ရောင်းချ ခဲ့ပြီး အပြန် ညနေ (၆) နာရီ ခန့်တွင် အာသံ (၄၄) နယ်ခြား စောင့် တပ်က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ သဖြင့် ကိုဇော်မျိုး (အသက်-၃၆ နှစ်ခန့်)၏ ဘယ်နားထင်စပ်နှင့် ဘယ်ဘက် လည်ပင်းတွင် သေနတ် ဒါဏ်ရာ တစ်ချက်စီ ထိမှန်ခဲ့ကြောင်း၊ ကိုဇော်မြင့် ကို သေနတ် ဒင်များဖြင့် ထုရိုက်ခဲ့ ကြကြောင်း ၊ ယခုအခါ ကိုဇော်မြင့်အား မြို့သစ် ဆေးရုံမှ တမူး ဆေး ရုံကြီး တွင် အတွင်း လူနာ အဖြစ် ပြောင်းရွှေ့ ကုသလျက် ရှိကြောင်း သိရသည်။

“သူတို့ ဖက်က ကျွန်တော်တို့ ဘက်လာရင် အန္တရာယ် တစ်စုံ တစ်ရာ မဖြစ်အောင် အစိုးရ ပိုင်းက စ စောင့်ရှောက် ပေးမှု ရှိတယ်။ သူတို့ ဖက်ကို ကျွန်တော်တို့ မြန်မာ နိုင်ငံသားတွေ ရောက်ရင် မထင်ရင် မထင်သ လို လုပ်တယ်။ အခုလိုတွေ လုပ်တာ အခုမှ မဟုတ်ဘူး” ဟု တမူး မြို့ ဒေသခံ တစ်ဦး က ပြောကြား ခဲ့သည်။

ကျော်သူစိုး(ကလေးမြို့)
From: The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်