Thursday, April 04, 2013

ထိုင်းဘုရင်အုတ်ဂူဟောင်းမှ တူးဖော်တွေ့ရှိသော ပစ္စည်းများကို ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေ သွားရောက်ကြည့်ရှု..

Posted by drmyochit Thursday, April 04, 2013, under | No comments


အမပူရမြို့နယ်၊ လင်းဇင်းကုန်း သုဿန်အတွင်းရှိ ထိုင်း ဘုရင့်ဟောင်း၏ အုတ်ဂူ ကို တူးဖော် သုတေ သနပြု ရာမှ တွေ့ရှိ သည့် ရှေးဟောင်း ပစ္စည်း များ ကို ယဉ်ကျေး မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန်းဆွေနှင့် အဖွဲ့ သည် ဧပြီလ (၂)ရက်နေ့၊ နံနက်တွင် ချမ်းမြသာစည်မြို့နယ်ရှိ ရှေးဟောင်းသုတေသန ရုံးခန်း၌ လာရောက် လေ့ လာကြ သည်။ ဒုတိယ ဝန်ကြီး ဦးသန်းဆွေနှင့် အတူ ရှေးဟောင်း သုတေ သန အမျိုးသားပြ တိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးရုံးခွဲ)မှ မြန်မာမှု ဗိသုကာ ပညာရှင် တမ္မဝတီ ဦးဝင်းမောင်၊ သုတေ သီ စာရေး ဆရာ ဒေါက်တာ ဦးတင်မောင်ကြည်၊ မန္တလေးမြို့တော် စည်ပင် သာယာရေးကော် မတီ စီမံရေး ရာဌာန ခွဲမှူး ဦးစံကြည်ထွန်း၊ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီး ဌာန (မန္တလေး)မှ ညွှန်ကြားရေး မှူးဦးဇော်ဦးဟန်တို့က တက်ရောက်လေ့လာ ခဲ့ကြသည်။ တူးဖော်တွေ့ ရှိ ခဲ့သော အရိုး အိုးကို စဥ့်ဖြင့် ပြုလုပ်ထားပြီးမှန်စီရွှေချကာ သစ်စေးဖြင့် သရိုးကိုင် ထားကြောင်း တွေ့ရှိ ရ သည်။

အဖုံးက အိုးအတွင်း ကျွံဝင်နေ၍ အခြယ်အသလက်ရာများပါသော မှန်ချပ်များနှင့် အတူ တွဲလျက်တွေ့ရှိ ရသည်။ ဒုဝန်ကြီးနှင့် အဖွဲ့သည် အိုးအတွင်း ကျွံကျ သော အဖုံးကို မူလလက်ရာမ ပျက် ပြန်လည် ထုတ်ယူနိုင် ရန် အတွက် ဓာတုဗေဒထိန်း သိမ်းနည်းများဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊
အဖုံးအောက် မှ သပိတ်အတွင်းရှိ ပစ္စည်းများကို အမျိုးအစားခွဲခြားနိုင်ရန် သုတေသနပြုရန် လို အပ်ကြောင်း ဆွေးနွေး မှာကြားကြောင်း သတင်းရရှိသည်။

SkyNet TV Browser

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်