Thursday, April 04, 2013

အာဂျင်တီးနား မိုးသည်း ရေကြီးလို့ လူ၄၆ယောက် သေဆုံး

Posted by drmyochit Thursday, April 04, 2013, under | No comments



ရေမြှပ်နေတဲ့ ဗျူနိုအေးရီးမြို့လယ် တနေရာ

အာဂျင် တီးနား နိုင်ငံ ဗျူနိုအေးရီး ပြည်နယ်မှာ မိုး သည်းသည်း ထန်ထန် ရွာလို့ အနည်းဆုံး လူလေးဆယ့် ခြောက်ယောက် သေဆုံး သွားပါတယ်။

သေဆုံး သူတွေဟာ လာပလက်တာ မြို့က လူတွေ အများဆုံး ဖြစ်ပြီး ရေကျ သွားတဲ့ အချိန်မှာ လူသေ အလောင်းတွေ ထပ်ပြီး တွေ့ရမယ်လို့ ဒေသန်တရ အရာရှိတွေက ပြောပါတယ်။

အခင်း ဖြစ်တဲ့ နေရာကို သွားကြည့်ခဲ့တဲ့ သမ္မတ ခရစ်စတီးနား ဖာနန်ဒက်ဇ် ကတော့ မြို့ရဲ့ တချို့ နေရာမှာ ခိုးဆိုး လုယက်မှုတွေ အတွက် စိုးရိမ် နေရတာကို သတိ ထားမိ တယ် ဒါကြောင့် ရဲ အရာ ရှိတွေ ထပ်ပြီး စေလွှတ်မယ်လို့ ဆိုပါတယ်။

အစောပိုင်း တုန်းကတော့ ဆယ်ဂဏန်းနဲ့ ချီတဲ့ လူတွဟော လမ်းပေါ် ထွက်ပြီး ကယ်ဆယ်ရေး အကူညီတွေ ပိုပေးဖို့ တောင်းဆို ဆန္ဒ ပြခဲ့ကြပါတယ်။

ဆူပါမားကတ် တွေလည်း လုယက် ခံရပြီး အာဂျင်တီးနားရဲ့မြို့ တော် ဗျူနိုအေးရီး မှာ လည်း မိုးသည်း တဲ့ဒဏ် ခံခဲ့ရတာကြောင့် အနည်းဆုံး လူငါးယောက် သေဆုံး တယ်လို့ သိရပါတယ်။

From: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်