Thursday, April 04, 2013

မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတို့၌ မကြာမီက ဖြစ်ပွား ခဲ့သော ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ သံတမန် များနှင့် တွေ့ဆုံရှင်းလင်းပွဲကျင်းပ

Posted by drmyochit Thursday, April 04, 2013, under | No comments

 မြန်မာနိုင်ငံ အခြေစိုက် သံရုံးအကြီး အကဲများနှင့် သံတမန်များအား မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နှင့် ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်း တို့၌ မကြာမီကဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ယင်းပဋိပက္ခများတွင် နိုင်ငံတော် အစိုးရနှင့် တာဝန်ရှိ အဖွဲ့အစည်း များမှ ကူညီစောင့်ရှောက်ပေးနေမှု အခြေအနေ မှန်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် သံရုံးအကြီးအကဲများနှင့် တက်ရောက်လာကြသော ပုဂ္ဂိုလ်များက သိလိုသည်များကို မေးမြန်း ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားသည်။ ရှင်းလင်းပွဲအပြီးတွင် တက်ရောက်လာကြသော ပုဂ္ဂိုလ်များသည် ပဋိပက္ခဖြစ်ပွားရာဒေသများမှ မှတ်တမ်း ဓာတ်ပုံ များကို လေ့လာကြည့်ရှုကြသည်။

အဆိုပါ ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံအခြေစိုက် သံရုံးအကြီးအကဲများ၊ သတံမန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိကြီးများ တက်ရောက်ကြသည်။

(သတင်းစဉ်)
From: Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်