Thursday, April 04, 2013

ဆီးမထိန်းနိုင်သည့် ပြဿနာကို ဖြေရှင်းနိုင်ရန်

Posted by drmyochit Thursday, April 04, 2013, under | No comments


အမျိုးသမီး သုံးယောက်မှာ တစ်ယောက်နှုန်းဟာ ဆီးမ ထိန်းနိုင်တဲ့ ပြဿနာကို ရင်ဆိုင်နေ ကြရ ပါတယ်။  ကနေ ဒါမှ သုတေသီတွေရဲ့ လေ့လာမှု အသစ် အရ ဆီးအိမ်ပြဿနာကို လျစ်လျူရှုတာ ကြာ ရှည်လေလေ စိတ်မှာ ဒဏ်ရာရမှု များလေလေ စိတ်ဓာတ် ကျ ဝေဒနာ ဖြစ်နိုင်ခြေ သိသိသာသာ များနိုင် တယ်လို့ တွေ့ရှိခဲ့ ပါတယ်။ သင့်ရဲ့ ဘဝနေ ထိုင်မှု ပုံစံကို အောက်ပါအတိုင်း ပြောင်းလဲ လိုက်တာ နဲ့ ဆီးမထိန်းနိုင်တဲ့ ပြဿနာ ရပ်တန့် သွားနိုင် တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ ပါတယ်။

၁။ ကိုယ်အလေးချိန် အနည်းငယ် လျှော့ချပါ

သင်ဟာ အဝလွန်သူ ဖြစ်ရင် ကိုယ်အလေးချိန် ၁၇ ပေါင်လောက် လျှော့ချနိုင်တာနဲ့ ဆီးအိမ်ကို ထိန်းချုပ်တဲ့ ကြွက် သားတွေပေါ်မှာ ဖိအား သက်ရောက်မှု လျော့နည်းသွားပြီး ဆီးမထိန်းနိုင်တဲ့ ပြဿနာ ထက်ဝက်ခန့် လျော့ကျသွားနိုင်တယ်လို့ အမျိုးသားကျန်းမာရေး တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။

၂။ ဘိုတော့စ် ထိုးပါ

ဘိုတော့စ်နဲ့ ကော်လာဂျင်တွေဟာ မျက်နှာမှ အရေးကြောင်းတွေ အတွက်သာ အသုံးဝင်တာ မဟုတ်ပါဘူး။ ဆီးအိမ် ရဲ့ ကြွက်သားတွေ လျော့တွဲတဲ့ အခါမှာ ခြောက်လမှ ကိုးလခြား တစ်ကြိမ် ဘိုတော့စ်ဆေး ထိုး တာကြောင့် ဆီးမထိန်းနိုင်တဲ့ ပြဿနာ ၆၇ ရာခိုင်နှုန်း သက်သာနိုင်ပါတယ်။ ဒါ့အပြင် ဆီးအိမ်ထိပ်ဝမှ ကြွက် သားတွေ လျော့တွဲတာကြောင့် ဆီးမထိန်းနိုင်တာ ဖြစ်ခဲ့ရင် ကော်လာဂျင်ဆေး ထိုးတာကြောင့် ပြဿနာ ကို အမြန်ဆုံး ဖြေရှင်းနိုင်ပါတယ်။ ဆေးတစ်ကြိမ်သာ ထိုးဖို့ လိုအပ်ပါတယ်။

၃။ ဆီးထွက်ကျအောင် လှုံ့ဆော်နိုင်သည့် အရာများကို ရှောင်ပါ

ခရမ်းချဉ်သီး၊ နာနတ်သီး၊ ကဖင်း (ကော်ဖီ၊ လက်ဖက်ရည်၊ ဆော်ဒါ၊ ချောကလက်)၊ အချဉ်အရသာ ရှိတဲ့ သစ်သီး၊ သကြား၊ အယ်လ်ကိုဟော၊ ငရုတ်ကောင်းနဲ့ အပူအစပ်စာတွေကို သုံးရက်လောက် ရှောင်ရှားဖို့ အကြံပေး ထားပြီး တစ်နေ့ကို အဲဒီ အစာတွေထဲက အစာတစ်မျိုးစီကို စမ်းသပ်ပြီး စားကြည့်ပါလို့ သုတေ သီတွေက အကြံပေးထားပါတယ်။ အစာစားပြီး ရှစ်နာရီ အကြာမှာ ဆီးမထိန်းနိုင်တာ ဖြစ်ခဲ့ရင် အဲဒီအ စာဟာ သင့်ဆီးအိမ်ကို လှုံ့ဆော်နိုင်တဲ့ အစာဖြစ်တာမို့ သင့်အနေနဲ့ ရှောင်ရှားရပါမယ်။

၎။ ကြွက်သား သန်မာအောင် လေ့ကျင့်ခန်း ပြုလုပ်ပါ

ဆီးသွားတဲ့ လမ်းကြောင်းကို ထိန်းတဲ့ ကြွက်သားတွေ သန်မာအောင် Kegel လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ရင် ဆီးမ ထိန်းနိုင်တဲ့ ပြဿနာ ၈၀ ရာခိုင်နှုန်း ပျောက်ကင်း သွားနိုင်ပါတယ်။ သားအိမ်တွင်း ကြွက်သားတွေကို ညှစ် တာနဲ့  Relax လုပ်တာကို တစ်ကြိမ်မှာ ငါးမိနစ်နှုန်းနဲ့ တစ်နေ့ သုံးကြိမ် ပြုလုပ်ပေးပါ။

၅။ အီစထရိုဂျင် အသုံးပြုပါ

မီးယပ်သွေးဆုံးပြီး အမျိုးသမီးတွေအတွက် အီစထရိုဂျင် ခရင်မ်ကို မိန်းမကိုယ်နေရာမှာ နေ့စဉ် ပမာဏ အနည်း ငယ် သုတ်လိမ်း ပေးတာကြောင့် သားအိမ်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေနိုင်ပြီး သုံးလ အတွင်း ဆီးအိမ်ကြွက်သားတွေ ထိရောက်စွာ အလုပ် လုပ်နိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။         

ဒေါက်တာခင်မိုးမိုး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်