Thursday, April 04, 2013

ကြံ့ခိုင်ရေး အမတ် ရခိုင် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီး အဖြစ် ခန့်အပ်ခံရ

Posted by drmyochit Thursday, April 04, 2013, under | No comments

ရခိုင်ပြည်နယ် ဘူးသီး တောင်မြို့နယ် ကြံ့ခိုင်ရေး ပါတီ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင် စန်ရွှေ အား သမ္မတ ဦးသိန်းစိန်မှ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီး ဌာန ၀န်ကြီး အဖြစ် ခန့်အပ်လိုက်ကြောင်း သတင်း ရရှိ သည်။

Arakan ဧပြီလ ၂ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးသိန်း စိန်မှ အမိန့်ထုတ်ပြန် ခန့်အပ် လိုက်ခြင်း ဖြစ် သည်။

ဘူးသီးတောင် မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် မောင်စန်ရွှေသည် ယခင်က မြို့နယ် သမ၀ါယမ ဦးစီးဌာနမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်ပြီး  ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင် ပြောပိုင် ဆိုပိုင်ခွင့်ရှိသူ စီးပွားရေး ၀န်ကြီး ဦးမြအောင်နှင့် ခင်မင် ရင်းနှီးသူ ဖြစ်ကြောင်း သိရ သည်။

ဦးမြအောင် သည် ယခင် ပြည်နယ် သမ၀ါယမ ဦးစီးမှူး ဖြစ်ခဲ့သဖြင့် ယခု ၀န်ကြီး ဖြစ်လာသူ ဦးမောင် စန်ရွှေနှင့် ရင်းနှီးသူ ဖြစ်ကြောင်း၊ သို့အတွက် ဦးမောင်စန်ရွှေအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး အဖြစ် ရွှေးချယ် ခန့်အပ်ခြင်း ဖြစ်နိုင်ကြောင်း အမည်မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက သုံး သပ် ပြော ဆိုသည်။

တစ်ခြား ဘူးသီးတောင်မှ လူမူရေး လူပ်ရှားဆောင်ရွက်နေသူ တစ်ဦးအား ဆက်လက်မေးကြည့်ရာ ဦမောင် စန်ရွှေ ၀န်ကြီး ဖြစ်လာသော်လည်း မြို့နယ် အတွက် ထူးခြား တိုးတက်မူ တစ်စုံတစ်ရာ  ရှိလာမည်ဟု သူ မထင်ကြောင်း ပြောကြားသည်။

“ ဘူးသီးတောင်မြို့နယ်က တက်သွားတဲ့ ကြံ့ခိုင်ရေး ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်တွေရော၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေရော ဘယ်သူမှ မြို့နယ် တိုးတက်ရာ တိုး တက်ကြောင်း လုပ်တာ မတွေ့ရဘူး။ လူထု အကျိုးလည်း မလုပ်ဘူး။ အခု ဦးမောင်စန်ရွှေ ၀န်ကြီး ဖြစ်ရင် လည်း ဘာမှ ထူးခြားလာမယ်လို့တော့ ကျွန်တော်တို့ မယူဆဘူး” ဟု ဆိုသည်။

ယခု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဖြစ်လာသူ ဦးမောင်စန်ရွှေသည်  ယခင်က ကျူရှင် ဆရာ အဖြစ် လုပ်ကိုင်ခဲ့ဖူးရုံမှ အပ လူမူရေး လုပ်ငန်းများကို  လုပ်ကိုင်ဖူးသူ တစ်ဦး မဟုတ်ကြောင်းနှင့် ကြံ့ခိုင်ရေး ပါတီ အရေး ကိုသာ တက်တက်ကြွကြွ ဆောင်ရွက်သူ တစ်ဦး ဖြစ်သည်ဟု ဘူးသီးတောင် ဒေသခံက ဆိုသည်။

From: နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်