Friday, October 11, 2013

အရှိန်မထိန်းနိုင်သော ဆိုင်ကယ် ချောက်ထဲကျ

Posted by drmyochit Friday, October 11, 2013, under | No comments


ရှမ်းပြည်နယ် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး မိုင်တိုင် အမှတ် (၁၁၆/၁) နှင့် (၁၁၆/၂) ကြား၌ ယနေ့နံနက် ၅ နာရီခွဲတွင် မော်တော် ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးဘစိုး ၅၆ နှစ် (ဘ) ဦးအုန်းပေါ်သည် ဗိုလ်ချုပ် အောင်ဆန်း လမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်အမှတ် ၂၈ ယ/---- မော်တော်ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၁၁၆/၁) နှင့် (၁၁၆/၂) ကြား ရှမ်းစာပေနှင့် ယဉ်ကျေးမှုဝင်း အနီး လမ်းဘေးချောက်ထဲသို့ အရှိန် မထိန်းနိုင်ဘဲ ထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း ဦးဘစိုးသည် ခန္ဓာကိုယ်အနှံ့ ပေါက်ပြဲ ဒဏ်ရာ များဖြင့် နေရာ တွင် သေဆုံးသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဘစိုးအား တောင်ကြီးမြို့မ ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃ဝ၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်