Friday, October 11, 2013

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အမေရိကန်နိုင်ငံ သံအမတ်ကြီးအား လက်ခံ တွေ့ဆုံ

Posted by drmyochit Friday, October 11, 2013, under | No comments


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Derek Mitchell အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ဦးဘုန်းဆွေနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် လူ့အဖွဲ့အစည်း နှစ်ခုအတွင်း အချင်းချင်း သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို အောင်မြင်စွာ ဖြေရှင်းနိုင် ရေးဆိုင်ရာများ၊ အပြည်ပြည် ဆိုင်ရာ အသိုင်းအဝိုင်းမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရေး ဆိုင်ရာများအပေါ် ဆွေးနွေးကြသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ ဆွေးနွေးရာမှာ ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေး လုပ်ငန်း စဉ်တွင် တရားမဝင် ဝင်ရောက်လာသူများ မည်မျှရှိသည်ကို သိရှိစေရန် ဦးစွာ စိစစ်ပြီးမှ နှစ်ဖက်လူမှု အဖွဲ့အစည်း သဟဇာတဖြစ်မှုကို ဖြေရှင်းနိုင်မှာ ဖြစ်သည့် အတွက် ဖြစ်မြောက်အောင် ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း၊ ဤသို့ လုပ်ဆောင်ရာတွင် တတိယ အဖွဲ့၏ အကူအညီ လိုအပ်မှာဖြစ်ကြောင်း ဆွေးနွေးကြသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးမှ ယခုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ အချိန် သတ်မှတ်ချက် ပါရှိစေလိုပါကြောင်းနှင့် သတင်းထုတ်ပြန်မှု ပိုမိုလုပ်ဆောင် ပေးစေ လိုပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ ပို၍ ပါဝင်ကူညီ လာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်