Friday, October 11, 2013

ဆီးရီးယား ငြိမ်းချမ်းရေးပွဲတွင် အီရန်ပါလာခြင်းကို တရုတ်ထောက်ခံ

Posted by drmyochit Friday, October 11, 2013, under | No comments

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Hua Chunying
ပေကျင်း ၊ ၁၁-၁၀-၂၀၁၃

တရုတ်နိုင်ငံ သည် ဆီးရီးယား အရေးနှင့် ပတ်သက်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု များတွင် အီရန်နိုင်ငံ ပါဝင်လာခြင်းကို ထောက်ခံ အားပေးပါကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Hua Chunying (ပုံ) က အောက်တိုဘာ ၁ဝ ရက် ပုံမှန် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား ခဲ့ကြောင်း သိရသည်။

ဆီးရီးယားအရေး ကိစ္စအတွက် သင့်လျော်သည့် ဆုံးဖြတ်ချက် ရရှိရန် ဒေသတွင်း နိုင်ငံများ ၊ အထူးသဖြင့် ဆီးရီးယား နိုင်ငံတွင်းရှိ သက်ဆိုင်သည့် အဖွဲ့အစည်းများ အပေါ် သြဇာ သက်ရောက်မှု ရှိသည့် နိုင်ငံများ၏ ပါဝင်မှုနှင့် ထောက်ခံ အားပေးမှုများ မရှိဘဲ ဖြစ်နိုင်မည် မဟုတ်ကြောင်း Hua Chunying က ပြောကြား ခဲ့သည်။

အီရန်နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံတွင် အသွင်ပြောင်း အစိုးရ ဖွဲ့စည်းရေးကို တောင်းဆိုသည့် Geneva I ထုတ်ပြန် ကြေညာချက်ကို ထောက်ခံမည် ဆိုပါက ဆီးရီးယား အရေး ဆွေးနွေးမည့် ဖြစ်လာ နိုင်ဖွယ်ရှိသော Geneva II ဆွေးနွေးပွဲ တွင် အီရန် ပါဝင်လာမှုကို အမေရိကန် နိုင်ငံကလည်း သဘောတူ နိုင်ဖွယ် ရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Marie Harf က အောက်တိုဘာ ၇ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ အနေဖြင့် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက် ရန်အတွက် မည်သည့် ကြိုတင် သတ်မှတ်ချက် များကိုမဆို လက်ခံလိမ့်မည် မဟုတ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Marzieh Afkham က အောက်တိုဘာ ၈ ရက်တွင် တုံ့ပြန် ပြောဆို ခဲ့သည်။ ဆီးရီးယား အရေးကိစ္စ အတွက် တစ်ခုတည်းသော နည်းလမ်းမှာ နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းခြင်း ဖြစ်ပါကြောင်း ၊ Geneva II ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် အခွင့်အလမ်း များကို လက်မလွတ်တမ်း အသုံးချရေး ဝိုင်းဝန်း ကြိုးပမ်းရန် နှင့် နိုင်ငံရေးအရ ဖြေရှင်း ဆောင်ရွက်မှု များကို ဆောလျင်စွာ စတင်နိုင်ရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ပါဝင် ဆောင်ရွက်ရန် တရုတ်နိုင်ငံက မျှော်လင့် ပါကြောင်း Hua Chunying က ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။
By Myawady Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်