Friday, October 11, 2013

လောရင်တေးကို အငှားခေါ်ဖို့ ချိန်ရွယ်နေတဲ့ အာဆင်နယ်

Posted by drmyochit Friday, October 11, 2013, under | No comments


အာဆင်နယ် အသင်းဟာ ဂျူဗင်တပ် တိုက်စစ်မှူး ဖြစ်သူ ဖာနန်ဒို လော်ရင်တေးကို အငှားစာချုပ်ဖြင့် ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရသည်။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ရာသီအဖွင့်မှာ ရလာဒ်များကောင်းမွန်နေသော်လည်း တိုက်စစ်မှူး တစ်ဦး လိုအပ်သည်ဟု သုံးသပ်ကာ လာမည့် ဇန်နဝါရီလ အပြောင်း အရွှေ့ဈေးကွက်မှာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူနိုင်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။

အာဆင်နယ် အသင်းဟာ အက်သလက်တစ် ဘီဘာလ်အို အသင်းမှာ လော်ရင်တေး ကစားနေစဉ် ကတည်းက ခေါ်ယူဖို့ ချိတ်ဆက် ခဲ့သော်လည်း ဂျူဗင်တပ်အသင်းက လက်ဦးမှု ရယူကာ ခေါ်ယူသွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ဂျူဗင်တပ် အသင်းမှာ ခြေစွမ်းပြနေသည့် တိုက်စစ်မှူး ကားလို့စ် တီဗက်ဇ်ကြောင့် လော်ရင်တေးဟာ ပထမပွဲထွက်ခွင့် နေရာအတွက် မရေမရာ ဖြစ်နေရသည့် အချိန်ဖြစ်သည်။

၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းမှာ ပါဝင်ခွင့် ရနိုင်ရေးအတွက် ပုံမှန် ပွဲထွက်ကစားခွင့် လိုအပ်နေသည့် ၂၈ နှစ်သားလော်ရင်တေးဟာ အာဆင်နယ်အသင်း၏ ကမ်းလှမ်းမှုကို စိတ်ဝင်စားဖွယ် ရှိနေသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်