Friday, October 11, 2013

" ရုပ်ရှင်နေ့တွင် ရုပ်ရှင် အစည်းအရုံး နာယကကြီး ဗိုလ်ကလေး တင့်အောင်အား ရုပ်ရှင်တစ်သက်တာဆု ချီးမြှင့်မည်"

Posted by drmyochit Friday, October 11, 2013, under | No comments


၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ကျင်းပသော ၉၂ကြိမ် မြောက် မြန်မာ ရုပ်ရှင်နေ့တွင် မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အနုပညာရှင် များအား ဂုဏ်ပြုဆု များချီး မြှင့်ခဲ့ရာ အကယ်ဒမီ ဒါရိုက်တာ ဦး တင်ယု က ရုပ်ရှင် တစ်သက်တာဆု ချီး မြှင့်ခြင်း ခံခဲ့ရသည်။ အဆိုပါ ရုပ်ရှင် တစ်သက်တာ ဆုသည် မြန် မာ ရုပ်ရှင်လောက အတွက် အမြင့်မားဆုံး ဆုတစ်ဆု ဖြစ်သည်။ အကယ်ဒမီ ဒါရိုက်တာ ဦးတင်ယုသည် အ သက် ငယ်စဉ် ကတည်းက ရုပ်ရှင် ဒါရိုက်တာ အဖြစ် ဇာတ်ကားပေါင်း များစွာ ကို ရိုက်ကူးခဲ့ သူလည်းဖြစ် သည်။ ရုပ်ရှင်ကို ချစ်ခင်မြတ်နိုးသူ ဖြစ်သည့် အလျောက် အသက်ရှင်စဉ် ကာလ များတွင် ရုပ်ရှင်လောက ဖွံ့ဖြိုးတိုး တက်ရေး အတွက် သေ တစ် ပန်သက်ဆုံးဆောင်ရွက်ခဲ့သည်။ 

အသက်ရှင်စဉ်က ယခင်ရုင်ရှင်လောက ၏ ဖလင်များ ရိုက်ကူးရေး စက်များ စသည် တို့ကို အမှတ်တရ ထားသည့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဝင်းအတွင်း ရှိ ရုပ်ရှင် ပြတိုက်ဖွင့် လှစ်သည့် နေရက်များတွင် အ မြဲရှိ တတ်ပြီး နောင်လာ နောက်သား လူငယ်များ အတွက် ရုပ်ရှင်နှင့် ပတ်သက်သည့် အတွေ့ အကြုံ များ ကို မ မောနိုင် မပန်းနိုင် ပြောပြခဲ့သည်။ ဒါရိုက်တာ ဦးတင်ယုသည် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ က နေအိမ်တွင် ကွယ်လွန်ခဲ့ရာ ရုပ်ရှင် လောက အတွက် ကြီးစွာသော ဆုံးရှုံး နစ်နာမှု တစ်ခုဖြစ်ခဲ့သည်။ ယခု နှစ်မှာ ကျင်းပမည့် ၉၃နှစ် ပြည့် မြန်မာ ရုပ်ရှင်နေ့တွင် ရုပ်ရှင် တစ်သက် တာဆု ကို မြန်မာနိုင်ငံ ရုပ်ရှင် အ စည်း အရုံး နာယကကြီး ဗိုလ်ကလေး တင့်အောင် အား ချီးမြှင့်မည် ဟု သိရ သည်။


ထွဋ်မြတ်
Popular Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်