Monday, November 11, 2013

၂၀၁၅ ခုနှစ်တွင် ကျရောက်မည့် အာဆီယံ စီးပွားရေးဆိုင်ရာ အ၀န်းအ၀ိုင်း AEC ကို အကောင်အထည်ဖော်ရန် စိန်ခေါ်မှုများ ရှိနေ

Posted by drmyochit Monday, November 11, 2013, under | No comments

အာဆီယံဒေသတွင်း ၂၀၁၅ ခုနှစ်တွင် ကျရောက်တော့မည့် အာဆီယံ စီးပွားရေးဆိုင်ရာ အ၀န်းအ၀ိုင်း AEC ကို အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံမှု၊ အကောက်ခွန် မဟုတ်သော အတားအဆီးနှင့် ကျွမ်းကျင်လုပ်သား ကိစ္စများ အပါအ၀င် အခြားစိန်ခေါ်မှုများ ရှိနေသေးကြောင်း Competitiveness for AEC ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲတွင် အာဆီယံ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

"Asean Economic Community ကို အကောင်အထည်ဖော်ဖို့ ဒီအထဲမှာ ၁၃၄ ချက် ရှိပါတယ်။ AEC ကို ပြောမယ်ဆိုရင် အခုက ၂၀၁၅ ရောက်ဖို့ နှစ်နှစ်ပဲ လိုပါတော့တယ်။ ၂၀၁၃ ဇူလိုင်အထိ ကောက်ထားတဲ့ စာရင်းတွေအရ ဆိုရင်တော့ အေအီးစီက ရာခိုင်နှုန်း ၈၀ လောက်ပဲ ပြီးပါသေးတယ်။ အကောင်အထည် ဖော်ဖို့ကတော့ ကဏ္ဍတိုင်း လိုလိုမှာ ကျန်နေပါသေးတယ်။ ကုန်စည်ကုန်သွယ်ရေးမှာရော၊ ၀န်ဆောင်မှုမှာရော၊ ရင်းနှီးမြှုပ်နှံမှုမှာရော၊ ကျွမ်းကျင်လုပ်သား ကဏ္ဍမှာရော၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာရော ဆက်လက်လုပ်ဆောင်ဖို့ ကျန်နေပါသေးတယ်။ ကုန်စည်ကုန်သွယ်ရေးမှာ အကောက်ခွန် လျှော့ချတာကတော့ timeline အတိုင်း သွားနေပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးကို လွယ်ကူအောင် လုပ်မယ့်ကိစ္စကျတော့ အဓိက ဘာလဲဆိုတော့ Non Tariff Barrier တွေပါ။ NTB နဲ့ ပတ်သက်ရင် သူ့ရဲ့အဓိပ္ပာယ် ဖွင့်ဆိုချက်ကို တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သေသေချာချာ ဖွင့်ဆိုနိုင်ခြင်းလည်း မရှိသေးဘူး။ ဒါတွေက ကာဆီးထားတဲ့အခါ ကုန်သွယ်ရေး လွယ်ကူချောမွေ့မှုတွေကို မတွေ့ရဘူး။ ကြေညာချက် ထုတ်ပြန်ထားတာ ၂၁၀၅ ခုနှစ်မှာ အပြီးသတ် ဆောင်ရွက်နိုင်ဖို့ပါ။ ပြီးပါ့မလားဆိုတော့ မပြီးပြတ် နိုင်သေးပါဘူး" ဟု National AFTA Unit မှ အငြိမ်းစား ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပြောကြားသည်။

အာဆီယံ ဒေသတွင်း နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကြောင့် AEC ကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသော နိုင်ငံများ ရှိသကဲ့သို့ မြန်မာနိုင်ငံ အပါအ၀င် နောက်ပိုင်းမှ ၀င်ရောက်လာသော နိုင်ငံများအတွက် စိန်ခေါ်မှုများ ရှိနေသေးကြောင်း သိရသည်။

"နောက်တစ်ခုက Services လုပ်ငန်းတွေကို ဖြေလျှော့ရမယ် ဆိုတဲ့အခါမှာလည်း ကိုယ့်တိုင်းပြည် ကိုယ်နိုင်ငံရဲ့ အနေအထားနဲ့ အမြဲတမ်း ပြန်ညှိရတဲ့ အခါကျတော့ ဒီကဏ္ဍမှာလည်း အပြည့်အ၀တော့ လျှော့မပေးနိုင်ပါဘူး။ ဒါနဲ့ တစ်ဆက်တည်း ပြောချင်တာက ကျွမ်းကျင်လုပ်သား ကိစ္စပါ။ ဒီမှာလည်း ပြဿနာတွေ အများကြီး ရှိတယ်။ ဥပမာ မြန်မာနိုင်ငံနဲ့ ထိုင်းနဲ့မလေးရှား နိုင်ငံကြားထဲမှာလည်း Unskilled Labour တွေက သွားနေကြတာ။ နောက်ပြီးတော့ နယ်စပ်ဖြတ်ကျော်မှု ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်တာတွေမှာလည်း ပေါ်လစီပိုင်းတွေနဲ့ စနစ်တကျ ကိုင်တွယ်လုပ်ဆောင်နိုင်တာ မရှိသေးပါဘူး။ ပြဿနာတွေ အများကြီး ဖြစ်နေကြတာ ရှိတယ်။ အဲဒီအတိုင်းပဲ ကုန်သွယ်ရေးမှာလည်း အလုပ်လုပ်နေတဲ့ဟာတွေ Custom Procedure တွေ ပြောင်းလဲပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ Harmonize ဖြစ်အောင် လုပ်ရမှာတွေ ရှိပါတယ်။ ဒါတွေလည်း မလုပ်နိုင်သေးပါဘူး။ ဆိုတော့ နေရာတိုင်းမှာ နည်းနည်းကျန်နေပါတယ်။ အဓိကအားဖြင့် အားလုံးစိတ်ဝင်စားကြတာ ရှိပါတယ်။ National Single Window ပါ။ မြန်မာနိုင်ငံ အနေနဲ့တော့ အခုမှလည်း စပြီးဖွင့်လှစ်တဲ့ နိုင်ငံလည်း ဖြစ်တယ်။ ပြီးတော့ ဒါကြီးကို တည်ထောင်ဖို့ ဆိုတာလည်း ပိုက်ဆံအရမ်းပဲ ကုန်ကျတယ်။ အခုတော့ စပြီးဆောင်ရွက်နေပြီ။ ၂၀၁၅ မိအောင်တော့ လုပ်နေပါတယ်လို့ သတင်းရရှိပါတယ်။ အခြားနိုင်ငံတွေ အတွက်ကတော့ ၂၀၁၅ ကို ရောက်တာနဲ့ သင်္ဘောဆိပ်တွေမှာ လေဆိပ်တွေမှာ နေရှင်နယ် Single window ကို စပြီး အကောင်အထည် ဖော်သွားတော့မှာပါ။ ဒီလိုလုပ်နိုင်တာနဲ့ ၀င်လာတဲ့ ပစ္စည်းသွင်းလာတဲ့ ပစ္စည်းတွေက one stop ပဲ။ အရမ်းကို လွယ်ကူသွားမှာပါ" ဟု ၎င်းက ပြောကြားသည်။

အလားတူ ရင်းနှီးမြုပ်နှံမှု ပိုင်းတွင်လည်း မြန်မာနိုင်ငံ အနေဖြင့် အခြားအာဆီယံ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အခက်အခဲများရှိကြောင်း သိရသည်။ ကမ္ဘာ့ဘဏ်က မကြာခင်ကပင် ထုတ်ပြန်သော Doing Business Report တွင် မြန်မာနိုင်ငံသည် အဆိုပါ စာရင်းတွင် ပါဝင်သော နိုင်ငံပေါင်း ၁၈၉ နိုင်ငံတွင် အဆင့် ၁၈၂ ကို ရောက်နေကြောင်း သိရသည်။

"နောက်တစ်ခုက Investment ပါ။ အာဆီယံမှာ Asean Comprehensive Agreement ဆိုပြီး ရေးထိုးထားတာ ရှိပါတယ်။ ဒါက အင်မတန် ကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံတွေမှာ ရေးဆွဲထားတဲ့ Investment Agreement တွေနဲ့ Inline မဖြစ်တာ တွေ့ရတယ်။ နိုင်ငံတကာမှာ ရေးထိုးတာတွေ ရှိပေမယ့် ကိုယ့်နိုင်ငံကိုယ်တောင် Transparent မဖြစ်ကြဘူး။ စင်ကာပူ နိုင်ငံတစ်ခုပဲ ဒီလိုပွင့်လင်းမြင်သာမှု အားကောင်းတဲ့အတွက် ပြည်ပကနေ လာရောက်ရင်းနှီး မြှုပ်နှံတဲ့ လူတွေက စင်ကာပူမှာ အများဆုံးဖြစ်တယ်။ Processing တွေက Streamline ဖြစ်ရမယ်။ နောက်တစ်ခုက ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုတွေ အားနည်းနေတယ်။ ဒီဌာနက လုပ်နေတာကို ဟိုဘက်ဌာနက မလုပ်လိုက်ဘူး။ တစ်ယောက်တစ်မျိုးတွေ ဖြစ်နေတော့ ရင်းနှီးမြှုပ်နှံမှု လာလုပ်ရတဲ့အခါ အရမ်းကို အခက်အခဲ ရှိပါတယ်။ အထူးသဖြင့် ကျွန်မတို့ နိုင်ငံမှာ ဆိုရင်လည်း One Stop Service ပါ။ အဲဒါကို လုပ်နေတာ ရှိပေမယ့် ၂၀၁၅ မှာတော့ မရနိုင်သေးပါဘူး။ ဒီလေ့လာသုံးသပ်သူ တစ်ယောက်ကတော့ ဘာပြောထားသလဲဆိုတော့ ၂၀၁၅ မိဖို့ဆိုရင် တစ်ခုခုကို ဦးစားပေးပြီး လုပ်ရင်ကောင်းမယ်။ Goods နဲ့ Services နဲ့ပဲဖြစ်ဖြစ် Investment ကိုပဲဖြစ်ဖြစ်လို့ ပြောတယ်။ သယ်ယူပို့ဆောင်ရေး ကျပြန်တော့လည်း အရေးကြီးပြန်တာပဲ။ ဒီမှာရော ဘယ်လောက်ပါဝင် နိုင်မလဲ။ အခြား နိုင်ငံတွေမှာရော ဘယ်လောက်ပါဝင် နိုင်မလဲ ဆိုတာတွေက ဆက်လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်" ဟု ဒေါ်တင်တင်ထွေးက ပြောကြားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်