Monday, November 11, 2013

အရက်မူးနေသည့် ရဲတပ်သားတစ်ဦးနှင့် ပေါင်းသင်းပြီး ရဲတပ်ဖွဲ့ ၀တ်စုံများအား ၀တ်ဆင်ထားသူကို အရေးယူ

Posted by drmyochit Monday, November 11, 2013, under | No comments


နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ထောက်ကြံ့ကျေးရွာ၌ ကပြဖျော်ဖြေလျက်ရှိသည့် ရွှေဝေလျှံ ဇာတ်ပွဲခင်းတွင် ရဲတပ်သားဦးသည် အရက်မူးနေပြီး ရဲတပ်ဖွဲ့ဝင်မဟုတ်သူ လူတစ်ယောက်မှလည်း ရဲဝတ်စုံများ ၀တ်ဆင်ထားလျက်ရှိကြောင်း ထောက်ကြံ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းမှ သက်ဆိုင်ရာသို့ အတည်ပြုပြောကြားသည်။

အဆိုပါ ပွဲဈေးခင်း၌ အရက်မူးနေသည့် ရဲတပ်သားမှာ ဇော်မိုးဆိုသူဖြစ်ကြောင်း သွားရောက်စစ်ဆေးခဲ့သည့် ရဲအုပ် ၀င်းထွဋ် ရှိန်နှင့် အဖွဲ့မှ ဆိုသည်။ ထိုသို့သွားရောက်စစ်ဆေးစဉ် ရဲတပ်သား ဇော်မိုးဆိုသူမှာ အရက်သေစာသောက်စားမူးယစ်လျက်ရှိ ပြီး ထိုသူနှင့်အတူလိုက်ပါလာသူ ကိုမင်းဇော်နောင် အသက်(၂၇)နှစ်၊ (ဖခင်အမည်) ဦးဒေါ်လာ နတ်ချောင်းကျေးရွာ၊ ကလေးမြို့နယ်၌ နေထိုင်သူသည် ရဲတပ်ဖွဲ့ဝင် မဟုတ်သော်လည်း ရဲဝတ်စုံများအား ၀တ်ဆင်ထားသည်ကို စီစစ်တွေ့ရှိခဲ့ရ သည်ဟု ၎င်း၏မှတ်တမ်းများတွင် ဖော်ပြထားသည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ အတည်ပြုပြောကြားသည်။

ထို့ကြောင့် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ရဲတပ်ဖွဲ့၏ ၀တ်စုံအား ၀တ်ဆင်ထားရှိသူ ကိုမင်းဇော်နောင်အား ဥပဒေအရ အရေး ယူဆောင်ရွက်ပေးရန် ဒုရဲအုပ် ဌေးလွင် မှ ယခုလ ၈ ရက်နေ့ ည ၉ နာရီခွဲချိန်ခန့်က တရားလိုပြုလုပ်၍ ကလေးမြို့မရဲစခန်း၌ တိုင်တန်းခဲ့သဖြင့် ရဲစခန်းက(ပ) ၅၂၁/ ၂၀၁၃ ပြစ်မှုပုဒ်မ ၁၇၁ အရ အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယနေ့ကာလသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အသွင်သဏ္ဍန်နှင့် အနှစ်သာရများကိုပါ ပြုပြင်ပြောင်းလဲ၍ ပြည်သူကို ဗဟိုလ်ပြု သော ရဲလုပ်ငန်းများဖြစ်ပေါ်လာစေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့် အချိန်ကာလတွင် ယင်းကဲသို့သော ဖြစ်စဉ် တစ်ရပ် ပေါ်ပေါက်လာရခြင်းမှာ ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာအား ထိခိုက်နစ်နာစေနိုင်ကြောင်း မြို့မိ၊ မြို့ဖတစ်ဦးမှ ပြောကြားခဲ့ သည်။

စကားချပ် = နောက်နောင်တွင် ဤကဲသို့သော ဖြစ်စဉ်များ ဘက်စုံမှ ထပ်မံမပေါ်ပေါက်စေရန် သတင်းကျင့်ဝတ်များနှင့်အညီ သဘောရိုးဖြင့် ပညာပေးသတင်းရေသားထုတ်ပြန်လိုက်ရခြင်းဖြစ်ပါသည်။ 

ကိုတိုး(ချင်းတွင်း) - Facebook

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်