Monday, November 11, 2013

ဖူးခက်မြို့အဝင်တွင် အဝေးပြေးယာဉ် တိမ်းမှောက်မှု မြန်မာကိုးဦး ဒဏ်ရာရ

Posted by drmyochit Monday, November 11, 2013, under | No comments


ြ်မန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံတကာ ကျောင်းသားများ စီးနင်း လိုက်ပါလာသော အဝေးပြေး ယာဉ်တစ်စင်းသည် နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဖူးခက်မြို့အဝင် ပတန် (Patong) တောင်ပေါ်၌ တိမ်းမှောက်သွားပြီး မြန်မာ ကျောင်းသားကိုးဦး အပါအဝင် နိုင်ငံတကာ ကျောင်းသား ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Phuket Wan ခရီးသွားဌာနတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Asian Institute of Technology (AIT) မှ ကျောင်းသား၊ ကျောင်းသူ နှစ်ရာ၏ လေ့လာရေး ခရီးစဉ်ကို အဝေးပြေးယာဉ် လေးစီးဖြင့် ဘန်ကောက်မြို့မှ ထွက်ခွာခဲ့ရာ ပတန် တောင်တက်ခရီးတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ကြောင်း၊ ယင်းတိမ်းမှောက်ခဲ့သော ယာဉ်သည် နောက်ဆုံးယာဉ် ဖြစ်ပြီး ခရီးသည် ၄၀ ကျော် လိုက်ပါလာခဲ့ကြောင်း အဆိုပါ သတင်းဌာနထံမှ သိရသည်။ 


အဆိုပါ ယာဉ်တိမ်းမှောက် မှုကြောင့် မြန်မာနိုင်ငံသား ကိုးဦး၊ သီရိလင်္ကာ နိုင်ငံသား ရှစ်ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လေးဦး၊ ပါကစ္စတန် နိုင်ငံသားနှစ်ဦး၊ ထိုင်းနိုင်ငံသား နှစ်ဦး၊ နိုက်ဂျီးရီးယား နိုင်ငံသား တစ်ဦးနှင့် နီပေါ နိုင်ငံသားတစ်ဦးတို့ ထိခိုက်ခဲ့ပြီး ဒဏ်ရာ အပြင်းအထန်ရရှိသူ ၁၀ ဦးကို ဖူးခက်မြို့ရှိ Bangkok Hospital Phuket သို့ လွှဲပြောင်းထားသည်။ 


ယင်းဒဏ်ရာ ရရှိသူများတွင် ဦးခေါင်း ထိခိုက်သူ သုံးဦး၊ အတွင်းဒဏ်ရာ ရရှိသူ သုံးဦး ပါဝင်ပြီး ကျန်လူနာများမှာ ခြေထောက် ထိခိုက်မိသူများ ဖြစ်ကြောင်း Phuket Wan သတင်းဌာန ဖော်ပြချက်အရ သိရသည်။
“ယာဉ်မောင်းကတော့ ကားကိုပဲ အပြစ်တင်ထားတယ်” ဟု ယင်းခရီးစဉ်တွင် လိုက်ပါလာသော ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။ 


ဖူးခက်ကမ်းခြေ လမ်းခရီးတွင် ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်မှုမျိုး မကြာခဏ ဆိုသလို ဖြစ်လေ့ရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
Phuket tour bus plunges off Patong hill, 44 students injured 

PHUKET: A tour bus carrying students on holiday from Bangkok plunged off Patong Hill this afternoon after failing to make it up the steep incline.

No deaths were reported in the incident, but 38 students were taken to Patong Hospital while six others were rushed to Bangkok Hospital Phuket in Phuket Town.

“One of the students, a Pakistani national, suffered serious head injuries,” said Capt Witaya Sinchumrern of the Patong Police.

More than 20 emergency rescue vehicles sped to the scene at about 2:30pm after receiving reports that the bus had rolled backwards and plunged into a ditch at the base of the east side of Patong Hill.

“There were four tour buses in total, all carrying students from the Asian Institute of Technology in Bangkok,” tour guide Tiwaporn Hongwongpaisarn, 50, told the Phuket Gazette.

“I was on the third bus, but the fourth bus – the one travelling behind us – did not make it up the hill,” she said.

Police have yet to question the driver of the bus, which is marked as belonging to "Tao and Friend Limited Partnership".

“We have yet to locate him and he has not yet presented himself to police,” said Capt Witaya.

Thawit Bilabdullar
Phuket,Thailand 
Credit>> MNN

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်