Monday, November 11, 2013

အကျင့်ဆိုးမပြင်နိုင်တဲ့ SSA

Posted by drmyochit Monday, November 11, 2013, under | No comments

တိုင်းရင်းသားလက်နက်ကိုင်တွေက ပြောလိုက်ရင်တော့ လေကြီးမိုးကြီးပါဘဲ။ သူတို့ပြည်နယ် ကောင်းစားဖို့ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရဖို့၊ စစ်မှန်တဲ့ပြည်ထောင်စုကြီးဖြစ်ဖို့ဆိုပြီး သူတို့လောက် နိုင်ငံနဲ့ဒေသအပေါ်ချစ်တဲ့သူမရှိသလောက် ပြောတတ်ကြပါပေတယ်။ လက်တွေ့ မှာတော့ အရင်က လက်နက်ကိုင် ဗိုလ်ကျချင်တဲ့စိတ်ဓာတ်လေးတွေက ဖျောက်လို့မရနိုင်သေးဘူး။ လက်နက်အားကိုးနဲ့ ဒေသခံပြည်သူလူထုအပေါ် ဗိုလ်ကျအနိုင်ကျင့်ချင်တဲ့စိတ်ကို မစွန့်လွှတ်နိုင် သေးဘူး။ ပြည်သူလူထုကို လက်နက်ကိုင်အနိုင်ကျင့်တတ်တာကလွဲပြီး ဘာမှမလုပ်တတ်သေးဘူး။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးဆိုတာကို အမှန်တကယ်လိုလိုလားလား မရှိကြတာထင်ပါတယ်။

SSA(ရွက်ဆစ်အဖွဲ့)က ကျိုင်းတုံမှာ စစ်ကြောင်းမှူးအဆင့်ရှိတဲ့ စိုင်းခမ်းက စေခိုင်းလို့ မိုင်းတွမ်း၊ မိုင်းခုတ်၊ မိုင်းလုံဒေသမှာရှိတဲ့ တောင်ပေါ် ကျေးရွာတွေမှာ ဘိန်းစိုက်ပျိုးထားတဲ့ ရွာတွေကို တစ်ရွာလျှင် ဆန် ၁၂ ပုံး၊ ဘတ်ငွေ ၂၀၀၀၀ ဒါမှမဟုတ်ငွေဟောင်းပြား ၁၀၀ ကို SSA(ရွက်ဆစ်အဖွဲ့)သို့ ၂၀၁၃ခုနှစ် နိုဝင်ဘာလအပြီး ပေးသွင်းရမယ်လို့ ၄င်းတို့ရဲ့ အမာခံတွေကတစ်ဆင့် အကြောင်းကြားထားပြီး၊ ပေးသွင်းခြင်းမရှိတဲ့ရွာတွေကို ၄င်းတို့ရဲ့ အဖွဲ့ဝင်တွေကိုယ်တိုင် လာကောက်ခံမယ်လို့ ခြိမ်းခြောက် ထားကြောင်း ဒေသခံတွေဆီက သိရှိရပါတယ်။ SSA(ရွက်ဆစ်အဖွဲ့)ရဲ့ခြိမ်းခြောက်မှုကြောင့် ဒေသခံရွာသားတွေလည်း ထိတ်လန့်နေကြရတယ်လို့လည်း ကြားနေရပါတယ်။

တကယ်တော့ SSA(ရွက်ဆစ်အဖွဲ့)ဟာ ရှမ်းပြည်နယ်ကို ဒေသခံတိုင်းရင်းသားတွေကို ကိုယ်စားပြုသယောင်ယောင် အသံကောင်းလွှင့်နေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့သာဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးကို လုပ်ဆောင်နေတယ်လို့ သတင်းလွှင့်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ မြေပြင်မှာတော့ ၄င်းတို့ထိန်းသိမ်းထားတဲ့ ဒေသများနဲ့တောင်ပေါ်ဒေသတွေမှာ ဘိန်းစိုက်ပျိုးရေးကို ဦးစီးဆောင်ရွက်ပြီး ဘိန်းစိုက်ခင်းတွေကနေ ဆက်ကြေးကောက်ခံနေတဲ့ အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပါတယ်။ လက်နက်ကိုင်စရိုက်ဆိုးတွေအတိုင်း၊ ဒေသခံပြည်သူလူထုအပေါ် ဗိုလ်ကျအနိုင်ကျင့်၊ ဆက်ကြေးကောက်၊ လူသစ်စုတဲ့လုပ်ငန်းတွေကိုသာ အမြဲလုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒေသခံတိုင်းရင်းသားပြည်သူတွေအဖို့ အပစ်အခတ်ရပ်စဲသွားပါမှ မငြိမ်းချမ်းတဲ့အပြင် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နှိပ်စက်မှုကို ပိုပြီးခံနေကြရတာဖြစ်ပါတယ်။

ခုဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေစပြီး ပြုလုပ်နေပြီဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကိုအမှန်တကယ် လိုလားကြပါရဲ့လား။ တိုင်းရင်းသားပြည်နယ်ဒေသတွေမှာ ရိုးသားတဲ့ ဒေသခံတိုင်းရင်းသား ပြည်သူလူထုအပေါ် ဗိုလ်ကျအနိုင်ကျင့်ဖို့ ပြည်နယ်တစ်ခု၊ တပ်တစ်တပ်နဲ့ တစ်ဗိုလ်တစ်မင်းနေကြဖို့ဘဲ စိတ်အားထက်သန်နေကြမှာလားဆိုတာကို ဆင်ခြင်ဆုံးဖြတ်သင့်ကြပြီဖြစ်ပါတယ်။

ဲ့ မည်သည့်နေရာမဆို ငြိမ်းချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လိုကြတာက တိုင်းရင်းသားပြည်သူတွေရဲ့ အလိုလားဆုံးဆန္ဒဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ဆီ ချီတက်နေကြတဲ့ အချိန်မှာ ကိုယ့်တိုင်းရင်းသားအချင်းချင်း လက်နက်နဲ့ဗိုလ်ကျ အနိုင်ကျင့်ချင်တဲ့ အပြုအမူတွေကို ဘယ်ပြည်သူလူထုကမှ လက်မခံလိုကြပါဘူး။ နိုင်ငံတော်ကာကွယ်ရေးနဲ့ တိုင်းရင်းသားပြည်သူလူထု တွေ စိတ်အေးချမ်းသာ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ တပ်မတော်မှာလည်း တာဝန်ရှိပါတယ်။ တပ်မတော်ရဲ့သဘောထားကိုတော့ ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား နယ်စပ်ဒေသ ၀န်ကြီးက မြစ်ကြီးနားဆွေးနွေးပွဲမှာ ပြောပြထားပါတယ်။ ငြိမ်းချမ်းရေးရယူရန် အခြေခံမူ ၆ ချက် ချထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ငြိမ်းချမ်းရေးရယူရန် အမှန်တကယ်ဆန္ဒရှိရန် သဘောတူစာချုပ်များကို ကတိတည်ရန်၊ ငြိမ်းချမ်းရေးသဘောတူညီချက်များကို အမြတ်မထုတ်ရန်။ ဒေသခံများအပေါ်တွင် ၀န်ထုတ်ဝန်ပိုးမဖြစ်စေရန် နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်နဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ ဒီမိုကရေစီကျင့်စဉ်အရ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်ရန်တို့ဘဲဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကလည်း လက်နက်ကိုင်တပ်ဖွဲ့များနဲ့ ညှိနှိုင်းဆွေးနွေးရန် ရေးထိုးပြီးသည့်အပစ်အခတ်ရပ်စဲရေးကို ထပ်လောင်းအတည်ပြုရန်၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဆောင်ရန်နဲ့ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား ပေါင်းစုံနှင့် အဖွဲ့အစည်းအားလုံးတို့ စုပေါင်းလုပ်ဆောင်ရန်ဆိုတဲ့ အခြေခံမူကို ချမှတ်ပေးခဲ့ပါတယ်။
ပည်ထောင်စု
ရဲ



SSA(ရွက်ဆစ်အဖွဲ့) အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အားလုံး ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပြီး ကတိက၀တ်များတည်ခဲ့၊ စေတနာမှန်ခဲ့မယ်ဆိုရင် မကြာခင် ငြိမ်းချမ်း သာယာတဲ့ ပြည်ထောင်စုနိုင်ငံကြီး ဖြစ်လာမှာပါ။ ဒီလိုမဟုတ်ဘဲ ဒေသခံများအပေါ် ၀န်ထုတ် ၀န်ပိုးဖြစ်မယ်၊ ဗိုလ်ကျအနိုင်ကျင့်၊ ဆက်ကြေးကောက်၊ ဘိန်းစိုက်၊ လူသစ်စုစတဲ့အလုပ်တွေကို ဆက်လုပ်နေဦးမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဦးမှာပါ ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်