Monday, November 11, 2013

အမျိုးသမီးများ၏ အသံပါဝင်ခြင်းမရှိလျှင် နိုင်ငံတကာအသိအမှတ်ပြု ငြိမ်းချမ်းရေးမဖြစ်နိုင်

Posted by drmyochit Monday, November 11, 2013, under | No comments


ြ်မန်မာပြည် ငြိမ်းချမ်းရေး ဖော်ဆောင်နေသူများအနေဖြင့် ကျားနှင့် မ လူတန်းစားနှစ်ရပ်သာရှိရာ အမျိုးသမီးများ၏ စိုးရမ်ပူပန်မှုများ၊ အသံများပါဝင်ခွင့်မရှိဘဲ၊ ချန်ထားခဲ့ပါလျှင် နိုင်ငံတကာမှ အသိအမှတ်ပြု သောငြိမ်းချမ်းရေး ဖြစ်လာမည်မဟုတ်ကြောင်း ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် Leymah Gbowe e က နိုဝင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်သည့် နိုင်ငံလုံးဆိုင်ရာအမျိုးသမီးများ စကားဝိုင်း ပထမနေ့တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ တိုက်တွန်း ပြောဆိုသွားသည်။ 

ထိုစကားဝိုင်းကို ပြည်တွင်းမှ အမျိုးသမီးအဖွဲ့များ ကွန်ရက်(WON)၊ Gender And Equality Network၊ Civil Society Forum for Peace ၊ Women’s Refugee Commission နှင့် Columba University တို့ ကပူးပေါင်း၍ ရန်ကုန်မြို့ Sky Star Hotel တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ စကားဝိုင်းမစခင် နိုဝင်ဘာ ၉ ရက် ညနေ ၄ နာရီခွဲက လိုင်ဘေးရီးယား၏ အမျိုးသမီးများ ငြိမ်းချမ်းရေးလှုပ်ရှားမှု အဖွဲ့ခေါင်းဆောင်၊ နိုဗယ်ဆုရှင် LeymahGbowee ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှု အကျဉ်းချုပ်ကို ဖော်ပြထားသည့် “Pray the Devil Back to Hell” ရုပ်ရှင်ကို အဆိုပါ ဟိုတယ်တွင်ပင် ပြသခဲ့ပြီးဖြစ်သည်။ 

“ငြိမ်းချမ်းရေးဖြစ်လာဖို့ကို အမျိုးသမီးတွေအနေနဲ့ ထိုင်စောင့်မနေနဲ့၊ ကိုယ်တိုင်တောင်းဆိုရမယ်၊ ရှေ့ ထွက်ရမယ်၊ နိုးကြားတက်ကြွရမယ်၊ ငြိမ်းချမ်းရေးနဲ့ ကျွန်မတို့ကြားမှာတားထားတဲ့ စည်းတွေကို ကျွန်မ တို့ဘာသာ ဖြတ်ကျော်ရမယ်” ဟု နိုဗယ်ဆုရှင် Leymah Gbowee က တိုက်တွန်းပြောဆိုခဲ့သည်။ 

ဆက်လက်၍ ပဋိပက္ခများဖြစ်ခြင်းသည် နိုင်ငံတစ်ခုကိုပြောင်းလဲရန် အချိန်ကောင်းတစ်ခုဖြစ်ခြင်းကြောင့် အမျိုးသမီးများအနေနဲ့ ငြိမ်းချမ်ရေးဆွေးနွေးရာတွင် ပါဝင်ရန်လိုအပ်ကြောင်း၊ ထိုသို့ မပြုလုပ်ပါက ငြိမ်း ချမ်းရေးသဘောတူညီချက်များ လတ်မှတ်ထိုးပြီးပါက အမျိုးသမီးများ၏အခန်းကဏ္ဍများမှာ ပျောက်ဆုံး သွားနိုင်ကြောင်းနှင့် အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေးသည် အမျိုးသမီးများအတွက်လည်း ပါသည်ဆို လျှင်စာရွက်ထဲမှာသာ ပါရှိနေခြင်းမျိုးမဟုတ်ဘဲ၊ အမျိုးသမီးများကို ထိရောက်စွာကာကွယ်ပေးနိုင်သည့် ဥပဒေများ ချမှတ်ပေးရမည့်အပြင်၊ ဥပဒေရှိပြီးရုံဖြင့်လည်း အမျိုးသမီးများအနေဖြင့် အခွင့်အရေးရရှိပြီးဖြစ် သည်ဟု သတ်မှတ်ရန်မသင့်ဘဲ လတ်တွေ့ကျကျထည့်သွင်း စဉ်းစားပေးရမည်ဖြစ်ကြောင်း ဆိုသည်။ 

ထို့အပြင် နိုဗယ်ဆုရှင်က အမျိုးသမီးများအခွင့်အရေး လှုပ်ရှားနေသူများအနေဖြင့် ဆန္ဒထုတ်ဖော်ခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးရရှိနိုင်မည်ဟု ယုံကြည်မထားသင့်ကြောင်း သူမနိုင်ငံမှ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုများဖြင့် နှိုင်းယှဉ်ပြောဆိုသွားခဲ့သည်။ 

လိုင်ဘေးရီးယန်းနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့စဉ်ကအမျိုးသမီးများအနေဖြင့် ၎င်းတို့အား ပါဝင်ခွင့်ပြုမည်ဟု ယုံကြည်ထားခဲ့ကြကြောင်း၊ အမှန်တကယ် ငြိမ်းချမ်းရေးလတ်မှတ်ရေးထိုးခဲ့ရာတွင် အမျိုးသမီးများနှင့် ပတ်သက်သော စာတစ်ကြောင်းသာလျှင် ပါဝင်ခဲ့ပြီး၊ ထိုစကားမှာ အမျိုးသမီးများကို ကလေးငယ်များကဲ့သို့ ဆက်ဆံရမည်ဆိုသောအချက်သာဖြစ်ခဲ့ကြောင်း နိုဗယ်ဆုရှင်က ပြောခဲ့သည်။ 

အမျိုးသမီးများ၏ အခွင့်အရေးချိုးဖောက်ခံနေရမှုများ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုများနှင့် ပတ်သက်၍ နိုဗယ်ဆုရှင်က “ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာက လူမှုအဖွဲ့အစည်းအတွက်လုပ်နေတာ၊ ကိုယ်ရေးကိုယ် တာကိစ်္စတွေကို စကားထဲထည့်ပြောနေဖို့ မလိုပါဘူး။ ဒီဇာတ်လမ်းတွေက ကမ္ဘာအနှံ့မှာရှိနေတယ်။ အီ ရတ်၊ အာဖဂန်နစ္စတန်၊ လိုင်ဘေးရီးယန်း၊ အပါအ၀င် မြန်မာနိုင်ငံတွေမှာလည်း ရှိနေတယ်” ဟုဆိုသည်။ 

အမျိုးသမီးများနေဖြင့် ငြိမ်းချမ်းရေး နှင့်ပတ်သက်၍ လှုပ်ရှားမှုများပြုလုပ်ရာတွင် ရှေ့ထွက်ပြီး တောင်းဆို မှုများပြုလုပ်ရန်လိုအပ်ကြောင်း၊ ထိုကဲ့သို့ ပြုလုပ်ခြင်းမရှိပါက လက်ရှိလုပ်ဆောင်နေသော လုပ်ရပ်များ သည်အပျော်သဘောဖြင့်လုပ်သော ငြိမ်းချမ်းရေးသာဖြစ်နေနိုင်ကြောင်း၊ မိမိတို့အတွက် အမှန်တကယ် လိုအပ်သော ငြိမ်းချမ်းရေးဖြစ်ကြောင်းကို ရဲဝံ့စွာတောင်းဆိုကြပါဟု အားပေးစကားပြောခဲ့သည်။ 

စကားဝိုင်းတွင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးတို့၏ အခန်းကဏ္ဍမှ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း၊ နိုင်ငံရေးနှင့် အများပြည်သူများနှင့် ဆိုင် သောကဏ္ဍများတွင် အမျိုးသမီးများ၏ပါဝင်မှု၊ အမျိုးသမီးများ၏ လုံခြုံရေးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ခြင်းနှင့် ပဋိပက္ခများ ကာကွယ်တားဆီးခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး တွင်အမျိုးသမီးများ၏ အခန်းကဏ္ဍဆိုသောအချက်များကို အဓိကပြောဆို ဆွေးနွေးကြသည်။ 

ထို့ပြင်ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ်၊ လိင်မှုဆိုင်ရာကာ ကွယ်တာဆီးရေးရှေ့ဆောင်အဖွဲ့အား ပူးတွဲတည်ထောင်သူ၊ ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီကလည်း ယနေ့ပြုလုပ်သော နိုင်ငံလုံးဆိုင်ရာအမျိုးသမီးများ စကားဝိုင်းသို့ သ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ 

“အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းတွေကို မြှင့်တင်ဆောင်ရွက်ပေးခြင်း မရှိဘဲ၊ မည်သည့်အဖွဲ့အစည်းမှ တိုးတက်နိုင်စွမ်းရှိသလောက် အပြည့်အ၀တိုးတက်မှာ မဟုတ်ပါဘူး” ဟု အင်ဂျလီနာဂျိုလီ ကဆိုသည်။ 

ဆက်လက်၍ မြန်မာနိုင်ငံတွင်အမျိုးသမီးများကို ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးခြင်း၊ အုပ်ချုပ်ရေးကဏ္ဍနှင့်စီးပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများတွင် လှုပ်ရှားနေမှုတို့အားမြင်လိုကြောင်း၊ ၎င်းတို့၏ ပါဝင်မှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံတော် အနာဂတ်တည်ဆောက်ရေးနှင့် ပဋိပက္ခများဖြေရှင်းရာတွင် မရှိမဖြစ်လိုအပ်ကြောင်း အင်ဂျလီနာကသူမ၏သ၀ဏ်လွှာတွင်လည်း ထည့်သွင်းရေး သားခဲ့သည်။ 

Mizzima - News in Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်