Monday, November 11, 2013

ပွဲစားတို့၏ မာယာ

Posted by drmyochit Monday, November 11, 2013, under | No comments


ကမ္ဘာ့နိုင်ငံ များမှ ဖွံ့ဖြိုးစ နှင့် ဖွံ့ဖြိုးမှု နောက်ကျ နေသော နိုင်ငံများတွင် ရွှေ့ပြောင်း လုပ်သား ပြဿနာနှင့် လူကုန်ကူးမှု ပြဿနာ တို့ကို ဖြေရှင်း နေကြရသည်။ ပင်လယ်ရပ်ခြား နိုင်ငံများသို့ အစုအပြုံ လိုက် တရားမဝင် သွားရောက်ရန် ကြိုးစား ကြရာမှ အစု အပြုံလိုက် အသက် ဆုံးရှုံးမှုများ ၊ ရေမျောကမ်းတင် ဒုက္ခရောက် ကြရသူများ စသည့် သတင်းကို မကြာခဏ တွေ့နေ ရသည်။
မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သား များသည် အခြား နိုင်ငံများသို့ တရားဝင် သွားရောက် လုပ်ကိုင်သူများ ၊ တရားမဝင် သွားရောက် လုပ်ကိုင်သူများ ရှိကြသည်။ တရားမဝင် သွားရောက် လုပ်ကိုင်ကြ သူများမှ လူကုန်ကူး ခံရ သူများ ရှိကြောင်း တွေ့ရသည်။ လူကုန်ကူး ခံရသူများမှာ အိမ်နီးချင်း တရုတ်နိုင်ငံ သို့ မြန်မာ အမျိုးသမီးများ အား ရောင်းစားကာ တရုတ် အမျိုးသားများ နှင့် လက်ဆက်စေခြင်း ၊ ထိုင်းနိုင်ငံရှိ စက်ရုံ ၊ အလုပ်ရုံများ နှင့်ငါးဖမ်း စက်လှေများ သို့ ရောင်းစားခြင်း တို့မှာ အများဆုံး ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လူကုန်ကူးမှု အများဆုံး ဖြစ်ပွားသော မြောက် ဥက္ကလာပ ၊ ရွှေပြည်သာ ၊ မင်္ဂလာဒုံ ၊ အင်းစိန်နှင့် ကြည့်မြင်တိုင် မြို့နယ်တို့တွင် နိုဝင်ဘာမှ စတင်ကာ ရပ်ကွက် စောင့်ကြည့်ရေး အဖွဲ့များနှင့် လူမှုရေး အဖွဲ့အစည်း တို့ ပူးပေါင်း၍ စောင့်ကြည့် ရေးလုပ်ငန်းများ ဆောင်ရွက် သွားရန် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဗဟို(ရန်ကုန်) မှ စီစဉ်ထားပြီ ဖြစ်သည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ တာချီလိတ် - မယ်ဆိုင် အမှတ်(၁) ချစ်ကြည်ရေး တံတားတွင် မြန်မာ အလုပ်သမားများ လွှဲပြောင်း ပေးသည့် သတင်းများ မကြာခဏ တွေ့ရသည်။ ထိုင်းနိုင်ငံမှ လွှဲပြောင်း ပေးအပ်သည့် မြန်မာ အလုပ်သမား များအား စစ်ကြော မေးမြန်းချက် အရ ၄င်းတို့သည် ထိုင်းနိုင်ငံ အတွင်း နေထိုင်ခွင့် ကတ် မရှိသူများ၊ သတ်မှတ်ရက် ထက်ကျော်လွန် နေထိုင်သူများ စသည် တို့ကြောင့် ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးခြင်း ခံရခြင်း ဖြစ်သော်လည်း လူကုန်ကူး ခံရခြင်း မရှိသူများ ပါဝင်သကဲ့သို့ အချို့ လူကုန်ကူး ခံရသူများ လည်းပါ ဝင်ကြသည်။
မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမား များအရေးကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှ မတ် ၃ဝ ရက်အထိ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ပုံမှန် အစည်းအဝေး ၁၅ ရက်မြောက် နေ့တွင် ဆွေးနွေးခဲ့ ကြသည်။ နိုင်ငံတော် အစိုးရသည် ထိုအချိန်မှ စ၍ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများ အရေး လျင်မြန် ထိရောက်စွာ ဆောင်ရွက်ခဲ့ရာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများ အတွက် ထိုင်းနိုင်ငံ အတွင်း၌ အလုပ်စခန်း ၁၁ ခုဖွင့်လှစ်၍ မြန်မာနိုင်ငံမှ ဝန်ထမ်းများက အလှည့်ကျ သွားရောက် ဆောင်ရွက် ပေးခဲ့သည်။
မလေးရှားရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ တွေ့ကြုံရသော အခက်အခဲ များကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးတို့ ခေါင်းဆောင်သည့် အထူး ကိုယ်စားလှယ် အဖွဲ့သည် ၂ဝ၁၃ ခုနှစ် ဇွန် ၁၁ ရက်မှ ၁၄ ရက်အထိ မလေးရှား နိုင်ငံသို့ သွားရောက်၍ လိုအပ်သည် များကို သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ သည်။
အလားတူ ဂျော်ဒန်နိုင်ငံ နှင့် ဆော်ဒီ အာရေးဗီးယား နိုင်ငံတို့ရှိ မြန်မာ အလုပ်သမားများ ကာကွယ် စောင့်ရှောက် နိုင်ရေး ဆက်လက် ဆောင်ရွက် ပေးခဲ့သည်။ ယခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် မြန်မာ - ထိုင်း လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ နယ်စပ် ဆက်ဆံရေး စခန်းကို မြဝတီမြို့ နှင့် မဲဆောက်မြို့ တို့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သဖြင့် ထိုင်းနိုင်ငံသို့ လူကုန်ကူးမှု ပိုမို လျော့နည်း သွားမည် ဖြစ်သည်။ သို့သော် လူကုန်ကူး သူတို့ အများဆုံး သွားလာရာ အိမ်နီးချင်း နိုင်ငံ နယ်စပ် စခန်းများမှ တာဝန်ရှိ သူများ အနေဖြင့် မနုဿ ပွဲစားတို့၏ မာယာ တစ်သိန်း ကိုကား တရားဥပဒေ နှင့် အညီ ထိန်းချုပ် နိုင်စွမ်း မြင့်မား ကြရမည် ဖြစ်ပေသည်။ ။
 

By မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်