Monday, November 11, 2013

ရန်ကုန်မြို့ရှိ လမ်းမကြီးများပေါ်တွင် အချိန်ကြာမြင့်စွာနှင့် ညအိပ်ရပ်နား ထားသော ကွန်တိန်နာ ယာဉ်ကြီးများကို ကရိန်းဖြင့် သယ်ယူရှင်းလင်းရန် စီစဉ်နေ

Posted by drmyochit Monday, November 11, 2013, under | No comments


ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိအတွင်း လမ်းမကြီးများပေါ်တွင် မောင်းနှင်သွားလာလျက်ရှိသည့် သစ်လုံးတင်ယာဉ်များ၊ ကုန်တင်ယာဉ်ကြီးများ၊ ကွန်တိန်နာ ယာဉ်ကြီးများ၊ အခြားယာဉ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအောက်ရှိ ရာပြတ်ဌာန၊ လမ်းတံတားဌာန၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနရှိ စည်ပင်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်းယာဉ် သုံးစီးဖြင့် စည်းကမ်းထိန်းသိမ်းလျက် ရှိကြောင်း၊ အဓိက လမ်းမကြီးများဖြစ်သော ပြည်လမ်း၊ ခရေပင်လမ်း၊ ဒညင်းကုန်းလမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်း၊ ညောင်တုန်းလမ်း၊ မင်းဓမ္မလမ်း၊ ပါရမီလမ်း၊ လေဆိပ်လမ်း၊ ဗဟိုလမ်း၊ ရွှေပြည်သာ တံတားလမ်း၊ လှိုင်မြစ်လမ်း၊ အမှတ် (၃) လမ်း၊ အမှတ် (၂) လမ်း၊ သံသုမာလမ်း၊ ယမုံနာလမ်း၊ ရှုခင်းသာလမ်း၊ ကမ်းနားလမ်း၊ ကွန်ကရစ် လမ်းသစ်တို့တွင် လှည့်ကင်းယာဉ်များဖြင့် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တစ်ကြိမ်၊ ည ၆ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ် ရှင်းလင်းခြင်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ပြုလုပ်နေကြောင်း သိရသည်။

၂၀၁၂ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၀၁၃ အောက်တိုဘာ ၁၈ ရက်အထိ ကွန်တိန်နာ အပါအ၀င် ယာဉ်အစီးရေ ၄၃၅၈ စီးအား မ၀င်ရလမ်းများ ၀င်ခြင်း၊ မရပ်ရ နေရာတွင် ရပ်တန့်ခြင်း၊ ကုန်စည်ပိုမို တင်ဆောင်ခြင်း၊ အချိန်ကြာမြင့်စွာ ရပ်တန့်မှုတို့အတွက် သက်ဆိုင်ရာ ယာဉ်ထိန်းတရားရုံးနှင့် စည်ပင်တရားရုံးတို့တွင် အရေးယူခဲ့ကြောင်း သိရသည်။

ထို့အပြင် အခွံမပါ၊ ကွန်တိန်နာ မပါဘဲ လမ်းမကြီးများပေါ်တွင် ညအိပ်ရပ်နားထားတဲ့ နောက်တွဲယာဉ်များကို မှတ်သားဖမ်းဆီး ပုံစံဖြင့် မှတ်တမ်းတင်ထားသော ယာဉ်အစီးရေထဲမှ အစီး ၃၃၀ ကို ယာဉ်ထိန်းတရားရုံးသို့ အရေးယူ ဆောင်ရွက်ရန် ပေးပို့ခဲ့ပြီး လက်ရှိအရေးယူမှုထက် ထိရောက်သော ကရိန်းဖြင့် ဆွဲမ၍ အရေးယူသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်