(၂၇)ကြိမ် မြောက် အရှေ့တောင်အာရှအ မျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (A)တွင် ဖိလစ်ပိုင်အသင်းပါဝင် ခြင်းမရှိသည့်အတွက်ကြောင့် ပွဲ စဉ်ဇယားပြောင်းလဲရေးဆွဲခြင်း ပြုလုပ်ခဲ့သည်။
ယခုပွဲချိန်ဇယားပြောင်းလဲ ရေးဆွဲရာတွင် အုပ်စုနှစ်ခုစလုံး အတွက် မူလကစီစဉ်ထားသည် ထက်များပြားစွာ ပြောင်းလဲခဲ့ သည်။ အုပ်စုပွဲစဉ်များရေးဆွဲပြီး ထုတ်ပြန်ရာတွင် ဒီဇင်ဘာ၂ရက် ၌ ပွဲစဉ်များစတင်ကစားမည်ဖြစ် ပြီး ယခုနောက်ဆုံးထုတ်ပြန်မှုတွင် အုပ်စုနှစ်ခုစလုံးမှ ပွဲစဉ်များမှာ ဒီဇင်ဘာရရက်မှစတင်ကာ ယှဉ် ပြိုင်ကစားကြမည်ဖြစ်သည်။
အုပ်စု(ဗ)မှပွဲစဉ်များကို ဖိလစ်ပိုင်အသင်းနှင့် ကစားမည့် အသင်းများ၏ ပွဲစဉ်များကို အ ပြောင်းအလဲလုပ်ခဲ့ခြင်းဖြစ်ပြီး ဆီးဂိမ်းအဖွင့်ပွဲစဉ်ကို အုပ်စု(B)မှပွဲစဉ်ဖြင့်စတင်ရန် ပြန်လည်စီ စဉ်ခဲ့သည်။ဆီးဂိမ်းအဖွင့်ပွဲစဉ်အဖြစ် အုပ်စု(B) မှ တီမောနှင့်ထိုင်းအ သင်းတို့ ညနေ၄နာရီတွင် သုဝဏ္ဏ အားကစားကွင်းကြီး၌ စတင်ယှဉ် ပြိုင်မည်ဖြစ်ကာ ဒုတိယပွဲစဉ်အ ဖြစ် အိမ်ရှင်မြန်မာအသင်းနှင့် ကမ္ဘောဒီးယားတို့က သုဝဏ္ဏကွင်း မှာပင် ည၆နာရီ ၄၅မိနစ်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ဆီးဂိမ်းဘောလုံးပြိုင်ပွဲအုပ် စုပွဲစဉ်များကို ဒီဇင်ဘာ ရရက် မှ ဒီဇင်ဘာ၁ရရက်အထိ ယှဉ် ပြိုင်စေမည်ဖြစ်ကာ ဆီမီးဖိုင်နယ် ကို ဒီဇင်ဘာ ၁၉ရက် ညနေ၄နာရီ နှင့် ည ရနာရီခွဲတွင် ဇေယျာ သီရိအားကစားကွင်း၌ယှဉ်ပြိုင် ကစားစေမည်ဖြစ်ပြီး တတိယလု ပွဲကို ဇေယျာသိရီအားကစားကွင်း မှာပင် ညနေ ၄ နာရီနှင့် ဗိုလ် လုပွဲကို ဇေယျာသီရိကွင်းမှာပင် ည ရနာရီခွဲတွင် ယှဉ်ပြိုင်ကစား စေမည်ဖြစ်သည်။
Yangon Media Group
Time in Rangoon


0 comments:
Post a Comment