Friday, January 24, 2014

ရန်ကုန်လှိုင်မြစ်အတွင်းဖမ်းဆီးရမိခဲ့သည့် ငါးမျိုးစိတ်သစ်တစ်မျိုး

Posted by drmyochit Friday, January 24, 2014, under | No comments


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နဲ့မှော်ဘီမြို့နယ်ကြားရှိ လှိုင်မြစ်မှာ မြန်မာနိုင်ငံအတွင်း
တစ်ခါမှ ဖမ်းဆီး ရရှိမှုမရှိခဲ့တဲ့ နိုင်ငံခြားငါးမျိုးစိတ်တစ်မျိုးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဇန်န၀ါရီလ (၂၃) ရက်နေ့က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။အဆိုပါငါးကိုတော့ ဇန်န၀ါရီလ(၁၉)ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ငါးအမျိုးအစားဟာ ဆိုရင် Alligator gob-fish မိကျောင်းပါးစပ်နဲ့ ငါးကိုယ်မျိုးဖြစ်ကာ အရှည်(၁)မီတာခွဲခန့် ရှည်လျားတာဖြစ်ပါတယ်။

အဆိုပါငါးမျိုးဟာဆိုရင် ရေချိုငါးအမျိုးအစားဖြစ်ပြီး အများစုအနေနဲ့ တောင်အမေရိကနိုင်ငံအမေဇုန်မြစ်အတွင်း အများဆုံးတွေ့ရှိရပြီး အသားစားငါးမျိုးနွယ်စုဖြစ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့်အဆိုပါငါးဟာ မြန်မာ့ရေပိုင်နက်အတွင်း တစ်ခါမှတွေ့ရှိဖူးခြင်းမရှိသေးပဲ ပထမဆုံးအကြိမ်အနေနဲ့ ဖမ်းဆီးမိတာဖြစ်တဲ့အတွက် အဆိုပါ ငါးမျိုးစိတ်များ မြန်မာ့ရေပြင်အတွင်း ထပ်မံမျိုးပွားထားမှုရှိ၊ မရှိနဲ့အသားစားငါးဖြစ်တဲ့အတွက် အခြားငါးသယံဇာတများ ပြုန်းတီးမှုမရှိစေရေးများအတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင်အခုလိုဖမ်းမိခဲ့တဲ့ငါးမျိုးဟာ မျိုးစိတ်သစ်တစ်မျိုးဖြစ်တဲ့အတွက် ထိန်းသိမ်းထားရှိသွားမယ့် အပိုင်းကိုလည်း အခုလိုပြောကြားခဲ့ပါတယ်။လက်ရှိမှာမြန်မာ့ရေပိုင်နက်အတွင်း တွေ့ရှိရတဲ့ ငါးမျိုးစိတ်များအနေနဲ့ ရေချိုငါးမျိုးစိတ်ပေါင်း(၆၀၀)ခန့်နဲ့ ရေငန်ငါးမျိုးစိတ်ပေါင်း(၄၀၀)ကျော်ခန့်ရှိတာ ဖြစ်တယ်လို့သိရပါတယ်။

MRTV 4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်